ဆောင်းတွင်းမှာ ပျိုမေတို့ အသားအရည်ထိန်းသိမ်းဖို့ သဘာဝနည်းလမ်းကောင်းလေးများ

 

ဆောင်းတွင်းမှာ ပျိုမေတို့ အသားအရည်ထိန်းသိမ်းဖို့ သဘာဝနည်းလမ်းကောင်းလေးများ



အေးမြတဲ့ဆောင်းရက်တွေကို ရောက်ရှိလာပါပြီနော်။ အသားအရည်က အေးမြမှုတွေ၊ ခြောက်သွေ့ခြင်းတွေနှင့် လေတွေကြောင့် ပျက်စီးခြင်းတွေမဖြစ်ရလေအောင်၊ နုနယ် စိုပြည်ပြီး လန်းလန်းဆန်းဆန်းဖြစ်နေအောင် နေ့စဉ်သိထားရမယ့် အချက်လေးတွေရှိပါတယ်နော်။ 

အဲတာတွေကတော့…….

ရေဓာတ်ပြည့်ဝအောင်နေပါ - ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝအောင် ထားခြင်းက အသားအရည်ကို သဘာဝအတိုင်း တည်ရှိနေစေဖို့ ထိန်းသိမ်းပေးထားပါတယ်။

Moisturizerကို အမြဲသတိရပါ - ဆောင်းတွင်းချိန်ခါ လတွေမှာ ဆီကိုအခြေခံထားတဲ့ Moisturizerကိုရွေးပေးပါ။ ဒီလို Moisturizerကို သုံးပေးတာကြောင့် အသားအရည်ကို အစိုဓာတ်ပြည့်ဝနေစေပြီး ရေဓာတ်ကို အခြေခံထားတဲ့ လိုးရှင်းတွေထက် ပိုပြီး အစွမ်းထက်တာကို တွေ့ရမှာပါ။

ဟင်းသီးဟင်းရွက်များများစားပါ - သခွားသီးနဲ့ ကြက်သွန်မြိတ်တို့မှာ ရေဓာတ်တွေ အများကြီးပါဝင်ပါတယ်။ သူ့ချည်းပဲ မစားနိုင်ဘူးဆိုရင်တော့ သခွားသီး၊ ကြက်သွန်မြိတ်တို့ပါတဲ့ မုန့်တွေ၊ ဟင်းတွေကို စားပေးပြီးအသားအရည်နှင့် မိမိကိုယ်ကို ရေဓာတ်ပြည့်အောင်နေပါ။ ကန်စွန်းဥ၊ မုန်လာဥ၊ အနီရောင်ပန်းငရုတ်ပွနှင့် ရွှေဖရုံသီးလိုမျိုး လိမ္မော်ရောင်နှင့် အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက အင်တီအောက်စီဒင့်ဓာတ်နှင့် ကယ်ရိုတင်းပါဝင်တာကြောင့် အသားအရည်အတွက် အလွန်ကောင်းမွန်လှတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ ဟင်းနုနယ်နှင့် အစိမ်းရင့်ရောင် အရွက်ဖားဖားရှိတဲ့ ဟင်းရွက်များကို ထပ်ပေါင်းပြီးစားပေးတာကြောင့် သံဓာတ်နှင့် အိုမီဂါ-၃ တွေလိုမျိုး ဗီတာမင် A,B, Eတို့ကိုပါ ရရှိပြီး အသားအရည်ကို သဘာဝအတိုင်းရှိနေအောင် မြင့်တင်လိုက်ပါ။

အိုမီဂါ-၃-အဆီ -သင့်လက်ချောင်းလေးတွေက ချောမွေ့နူးညံ့မှုမရှိဘူးဆိုရင် အိုမီဂါ-၃-အဆီ လိုအပ်နေတာဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်နေတဲ့ အိုမီဂါ-၃-အဆီကို ဆော်လမွန်ငါး၊ သံလွင်ဆီနှင့် သစ်ကြားတို့မှ ရရှိနိုင်ပါတယ်။

ဓာတုတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာတွေကို ရှောင်ပါ - သင်အရေပြား၊ အသားအရည်ပေါ်မှာ တင်သမျှကိုကောင်းကောင်းစိမ့်ဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် သွေးကြောတွေထိ ရောက်အောင်ပို့ပေးနိုင်ပါတယ်။ ဘတ်တီးရီးယားပိုးသတ်ပေးတဲ့ ဆပ်ပြာတွေ အပါအဝင်  အယ်ကိုဟောနှင့် အမွှေးအနံ့တွေ ဖြည့်ထားတဲ့ ဆပ်ပြာတွေက အသားအရည်မှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ထုတ်ပစ်နိုင်ပါတယ်။ ဒါ့ကြောင့် သဘာဝ၊ အနံ့တွေမဖြည့်ထားတဲ့ Organic ဆပ်ပြာတွေကို ရွေးပါနော်။

အုန်းဆီသုံးပါ - သန့်စင်ထားတဲ့ အုန်းဆီတွေက အသားအရည်အတွက် ကောင်းကျိုးအပေးနိုင်ဆုံး အဆီတစ်မျိုးပါ။ ဒါ့ကြောင့် ဘိုးဘိုးဘွားဘွားတွေ ငယ်ငယ်က အုန်းဆီပဲသုံးခဲ့ကြတာပေါ့နော်။ အုန်းဆီက Free Radicalကြောင့်ဖြစ်တဲ့ ပျက်စီးမှုများကို တိုက်ထုတ်ပေးပြီး သဘာဝအတိုင်း အင်တီအောက်စီဒင့်များတာကြောင့် သင့်အသားအရည်ကို ငယ်ရွယ်နုပျိုနေအောင် စွမ်းဆောင်ပေးနို်င်ပါတယ်။

သလဲသီးဖျော်ရည်သောက်ပါ - အနီရင့်ရောင် အသီးတွေက ပိုလီဖီနောအင်တီအောက်စီဒင့်တွေနဲ့ ပြည့်နှက်နေတာကြောင့် ဆဲလ်များအိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တာကြောင့် ငယ်ရွယ်နုပျိုတဲ့  အသားအရည်ကို ပေးစွမ်းနို်င်ပါတယ်။

Hsu Myat Oo

 

Comments