မာလာရှမ်းကော

 မာလာရှမ်းကော

(Ma La Xiang Guo)

............................


ပါဝင်ပစ္စည်းများ မာလာရှမ်းကောအနှစ်ထုပ် မုန်ညင်းစိမ်း – ၂၀ ဂရမ် ဂေါ်ဖီစိမ်း – ၂၀ ဂရမ် ကြာစွယ် – ၁ဝဝ ဂရမ် ကြက်အူချောင်း – ၁ဝဝ ဂရမ် ကြက်သား – ၂ဝဝ ဂရမ် ပြောင်းဖူးအသေး – ၆ ခု မျှော့ချောင်း – အနည်းငယ် ကြွက်နားရွက်မှို – ၂၀ ဂရမ် အပ်မှို – ၁ ထုပ် (၂၀ ဂရမ်) ဆား – အနည်းငယ် ကြက်သားမှုန့် – အနည်းငယ် မြေပဲလှော် – အနည်းငယ် (၁၀ ဂရမ်) နှမ်းလှော် – အနည်းငယ် (၁၀ ဂရမ်) နံနံပင် – ၃/၄ ပင်


ပြုလုပ်နည်း ၁။ မျှော့ချောင်းများကို ရေနွေးစိမ်ထားပါ။ ကြာစွယ်ကို အနေတော်ပါးပါးလှီးပြီး ဂေါ်ဖီစိမ်းနှင့် ပြောင်းဖူးအသေးတို့ကို အနေတော်အတုံးလေးများတုံး၍ ရေနွေးနဲ့ အနည်းငယ်ဖျောပြီး ရေအေးပြန်စိမ်ထားပါ။ ကြွက်နားရွက်မှိုကို ရေစိမ်ပြီး မာနေတဲ့ အပိုင်းလေးများကို လှီးထုတ်ပါ။ မုန်ညင်းစိမ်းကို ရေဆေးထားပါ။ မလှီးပါနဲ့။ ၂။ အပ်မှိုများကို အောက်ပိုင်း လှီးဖြတ်ထားပြီး ရေစိမ်ထားပါ။ ကြက်အူချောင်းကို အတုံးလေးတွေ လှီးထားပါ။ ကြက်သားကို အတုံးလေးတွေ တုံး၍ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နယ်ထားပြီး ဒယ်အိုးအကြီးထဲမှာ ဆီထည့်ကာ ကျက်သည်အထိ ချက်ပါ။ အရောင် ရလာပြီဆိုလျှင် အနှစ်တစ်ဝက်လောက် ထည့်ပါ။ ကြက်အူချောင်းများ ထည့်ပါ။ မျှော့ချောင်းများ၊ ကြွက်နားရွက်မှိုများ ထည့်ပါ။ ၃။ ရေနွေးဖျောထားတဲ့ အသီးအနှံများထည့်ပါ။ နောက်ဆုံးမှာ မုန်ညင်းစိမ်း၊ အပ်မှို ထည့်ပြီး ကျန်မာလာရှမ်းကောအနှစ်များ ထပ်ထည့်ပါ။ အရသာမြည်းပြီး ဆား၊ ကြက်သားမှုန့်များ ထည့်ပါ။ အရသာမြည်းပြီး ပန်းကန်ထဲမှာ တည်ခင်းပါ။ နံနံပင်၊ မြေပဲလှော်နှင့် နှမ်းလှော်တို့ကို ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။




by Hsu Myat Oo for Food Magazine

Comments