ပိုတက်စီယမ်ရဲ့ ကောင်းကျိုးများ

ပိုတက်စီယမ်ရဲ့ ကောင်းကျိုးများ


ခန္ဓာကိုယ်ရဲ့၆၀%ကျော်က အရည်တွေဖြစ်ပြီး ပိုတက်စီယမ်ကခန္ဓာကိုယ်တွင်းအရည်များရဲ့ ဖိအား၊ အက်စစ်၊ ဘေ့စ်ညီမျှမှု စတာတွေကို ကောင်းကောင်းလည်ပတ်အောင် ကူညီပေးပါတယ်။ ဒါမှကြွက်သားတင်းအားများ၊ ကြွက်သားကျုံ့နိုင်၊ ဆန့်နိုင်အားများ၊ ကျောက်ကပ်မှာကျောက်တည်ခြင်းစတဲ့ ပြဿနာများဖြစ်မလာနိုင်ပါဘူး။
အရိုးတွေကိုသန်မာစေတာကြောင့် အရိုးနဲ့ပတ်သက်တဲ့ရောဂါများ၊ ပြဿနာများဖြစ်နိုင်ချေ လျော့ကျစေပါတယ်။ နှလုံးရောဂါနှင့် နှလုံးနဲပတ်သက်တဲ့ရောဂါများ ဖြစ်နိုင်ချေကို လျော့ချပေးပြီး နှလုံးပုံမှန်အလုပ်လုပ်နိုင်အောင် ထိန်းသိမ်းရာမှာအရေးပါပါတယ်။
ပိုတက်စီယမ်ချို့တဲ့ခြင်း လက္ခဏာများကို Kwashiorkor ရောဂါ၊ အစာငတ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ဆိုးဝါးသော မီးလောင်ဒဏ်ရာများ၊ အရာဝတ္ထုပိပြီးဖြစ်တဲ့ ဒဏ်ရာများမှာတွေ့ရတတ်ပါတယ်။

Comments