ခြောက်သွေ့တဲ့ လက်နှင့် ခြေထောက်အတွက် ထိန်းသိမ်းခြင်းနည်းလမ်းလေးများ




















ပင်ပန်းတဲ့ရက်တွေ ကျော်လွန်ပြီး ခြေ၊ လက်တွေကို မထိန်းသိမ်းပဲ ပစ်ထားတယ်လို့ ခံစားနေရပြီလား။ အိမ်မှာပဲ လွယ်လွယ်ကူကူူလုပ်လို့ရတဲ့ နည်းလေးတွေကို ရှာနေပြီလား ပျိုမေတို့ရေ။ ကဲဘာတွေ လုပ်လို့ရလဲ ကြည့်ကြည့်ကြရအောင်။
လက်တွေကို ထိန်းသိမ်းခြင်း












အလွန်ခြောက်သွေ့နေတဲ့ အသားအရည်တွေအတွက် ဆီသုံးပြီး အစိုဓာတ်ရအောင်ပြန်လုပ်ကြရအောင်။ ဟင်းရွက်ဟင်းရွက်ဆီနဲ့ Essencial 0ilအနည်းငယ်ကို ရောပြီးအသုံးပြုနိုင််ပါတယ်။ Patchouli oilကလည်း အသားအရည်အတွက် အကောင်းဆုံးEssential oilတစ်မျိုးဖြစ်ပါတယ်။ ဒီဆီက တင်းနေတဲ့ကြွက်သားများကို ဖြေလျော့စေပါတယ်။ Patchouli oilကို နေကြာဆီနဲ့ ရောပြီးသုံးပေးပါ။ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ တွေလိုမျိုးကို သုံးရတာ အရမ်းချွဲနေတယ်ဆိုရင် ခရင် (သိုု့) လိုးရှင်းကို အစားထိုးသုံးပေးနိုင်ပါတယ်။
ဆီတွေကို ရောပြီးပြီဆိုရင် လက်နဲ့လက်သဲတွေကို မလိမ်းခင်မှာ နွေးနွေးလေးဖြစ်အောင် အပူပေးထားပါ။ အသားအရည်နဲ့ လက်သဲတွေကို လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ လက်တွေကိုပလစ်စတစ်ဖလင်နဲ့ ပတ်ပေးပြီး ဖြစ်နိုင်ရန် ချည်လက်အိတ်လေးတွေ ဝတ်ပေးထားပါ။ Essential oilမရှိဘူးဆိုရင်တော့ သံလွင်ဆီ၊ နေကြာဆီ (သို့) ဗာဒံဆီတို့ကို သုံးပေးနိုင််ပါတယ်။ ပလစ်စတစ်ဖလင်အစား တဘက်နွေးနွေးလေးကို သုံးပေးနိုင်ပါတယ်။
လက်သည်းထိန်းသိမ်းခြင်း












လာဗန်ဒါEssential oilက ပျက်စီးနေတဲ့ လက်သဲတွေနဲ့ အားနည်းနေတဲ့ လက်သဲများကို သန်မာလာစေဖို့ အကောင်းဆုံးပါပဲ။ လက်သဲလေးတွေကိ ၁စက် (သို့) ၂စက်လောက် သုုတ်လိမ်းပေးပြီး လက်သဲပန်းကုံးများကိုလဲ သေချာသုတ်လိမ်းပေးပါ။ ၂လ၊ ၃လလောက် သေချာလေး ထိန်းသိမ်းထားပြီပြီဆိုရင်တော့ လက်သဲလေးတွေ ကောင်းမွန်ပြီးပြောင်းလဲလာတာကို တွေ့ရမှာပါ။ Jojoba oilက လက်သဲပိုးဝင်ခြင်းနှင့် လက်သဲကွဲခြင်းတွေအတွက် အလွန်ကောင်းမွန်ပါတယ်။
ပါဝင်ပစ္စည်းများ
ရေနွေး၊ လာဗင်ဒါ essential oil
ဘယ်လိုသုံးကြမလဲ : လက်သဲမှ ပန်းကုံးကို Cuticle stickဖြင့် မသန့်ရှင်းခင် လက်သဲများရဲ့ လက်ချောင်းထိပ်လေးများကို ရေနွေးထဲမှာ စိမ်ထားပါ။ လက်သဲပန်းကုံးတစ်ခုစီကို ဂွမ်းနားကျပ်တံလေးနဲ့ လာဗင်ဒါEssential oil ကိုတို့ပြီး သန်မာလာအောင် သုတ်ပေးပါ။
တရုတ်ဆီးသီးလက်ပေါင်းတင်ဆေး











အလုပ်အလွန်အကျွံလုပ်ထားပြီး ကြမ်းတမ်းနေတဲ့ လက်လေးတွေကို ပြန်လည်ပေါင်းတင်ပေးနိုင်တဲ့ အနံ့မွှေးမွှေးလေးရှိတဲ့ ပေါင်းတင်ဆေးဖြစ်ပါတယ်။ တရုတ်ဆီးသီးမှာ ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေတဲ့ ဗီတာမင် A ပါဝင်ပါတယ်။ ဒိန်ချဉ်နဲ့ ပျားရည်က နူးညံ့စေပြီး အစိုဓာတ်ကို ထိန်းပေးစေပါတယ်။ ဒီပေါင်းတင်ဆေးလေးကို ဖန်ခွက် (သို့) ပလစ်စတစ်ခွက်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
ပါဝင်ပစ္စည်းများ








တရုတ်ဆီးသီး၊ ဒိန်ချဉ်၊ ပျားရည်
ဘယ်လိုသုံးကြမလဲ : ပါဝင်ပစ္စည်းများ အားလုံးကို ချောမွေ့သွားအောင် အသီးကြိတ်စက်နဲ့ ကြိတ်ပေးပါ။ လက်များကို သုတ်လိမ်းပေးပြီး မိနစ်၂ဝလောက်ထားပေးပါ။ ချည်လက်အိတ် (သို့) ပလစ်စတစ်ဖလင်ကို သုံးပေးထားလို့ရပါတယ်။
Hsu Myat Oo
Comments
Post a Comment