အလွန်အကျွံစားမိခြင်းကို ဘယ်လိုလျော့ချမလဲ

How to reduce over eating?
----------------------------------------------------

အနီးနားမှာ အစားအသောက်တွေရှိမယ်ဆိုရင် အနံ့ရပြီး အစားအသောက်တွေပေါ်ကို စိတ်ပါသွားနိုင်ရုံတင် မကပါဘူး၊ ထပ်ပြီးစားဖို့ အခွင့်အလမ်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စားသောက်တဲ့နေရာမှာ စိတ်ကိုဘယ်လို ထိန်းချုပ်မလဲဆိုတာလေးကို ပြောပြမှာဖြစ်ပါတယ်။ အစားအသောက်ကို အငမ်းမရစားသောက်ခြင်း (Zoombie eating) အလေ့အထက ခန္ဓာကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။
အစားအသောက်ကို အငမ်းမရ စားသောက်ခြင်း (Zoombie eating) ကို ရှောင်ကြဉ်ပါ

Facebook စာမျက်နှာကို ကြည့်နေရင်ပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြား ကြည့်နေရင်ပဲဖြစ်ဖြစ် အစားအသောက်ကို ပိုစားမိပါ လိမ့်မယ်။ အစားအသောက်တွေက မိမိရှေ့မှာအဆင်သင့်ရှိနေခဲ့ရင် စိတ်လက်လွတ်ပြီး စားသောက်မိနိုင်တာ၊ ဗိုက်မဆာဘဲ မိမိတို့ခန္ဓာကိုယ်က လိုအပ်တာထက် ပိုစားမိတာတွေကြောင့် ခန္ဓာကိုယ်အလေး ချိန်ကို ပိုတက်လာစေနိုင်ပါတယ်။ ဒါကို တော့ အစားအသောက် ကိုအငမ်းမရစားခြင်း၊ အလွန်အကျွံစားမိခြင်းလို့ခေါ်ပါတယ်။ မိမိတို့သတ်မှတ် ထားတဲ့ ပမာဏထည့် ထားတဲ့ ပန်းကန်က အစားအသောက်ကိုပဲ အာရုံထားစားတာကြောင့် ဝိတ်တက်မှာမစိုးရိမ်ရတော့သလို ဆီးချိုရောဂါတွေနဲ့ နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေဖြစ်မှာ မစိုးရိမ်ရတော့ပါဘူး။
ရုပ်မြင်သံကြားကြည့်ချိန်နှင့် ထမင်းစားချိန် ရောထားခြင်း

ရုပ်မြင်သံကြားကြည့်ရင်း အစာစားတာကြောင့် မိမိဘာသာတောင်မသိလိုက်ဘဲ အစား အသောက်အလွန်အကျွံ စားမိခြင်းကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် ရုပ်မြင်သံကြားကို တစ်ရက်သုံးနာရီအထက် ကြည့်ကြပြီးတော့ (Screen Time) ဖုန်းကြည့်ချိန်၊ ရုပ်မြင်သံကြား ကြည့်ချိန်များတာကြောင့် ကယ်လိုရီများတဲ့ အဆာပြေအစားအစာတွေ ပိုစားနိုင်ချေ ပိုများပြီးတော့ အရသာကိုလည်း မခံစားတော့ဘူး။ ကြိုက်လား မကြိုက်ဘူးလားဆိုတာကို မခံစားတော့သလို မိမိတို့ဗိုက်က စားလို့ဝသွားပြီလား ဆိုတာကိုလည်း သတိထားမိတော့မှာ မဟုတ်ပါဘူး။ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းကတော့ စားသောက်နေတဲ့အချိန်မှာ ရုပ်မြင်သံကြားကို ပိတ်ထားတာပဲဖြစ်ဖြစ်၊ ထမင်းစားတဲ့နေရာကို မီဒီယာနဲ့ဖျော်ဖြေမှုတွေရဲ့ ဝေးရာမှာ ထားသင့်ပါတယ်။
စာကြည့်စားပွဲပေါ်မှာ အဆာပြေ အစားအသောက်တွေထားခြင်း

အလုပ်လုပ်ရင်း အစာစားတာကြောင့် မိမိတို့သတိမထားမိတဲ့ အချိန်အတွင်းမှာပဲ ကယ်လိုရီ များစွာတက်သွားစေပါ တယ်။ လေ့လာချက်တွေအရ ရုံးအလုပ်သမားတွေကို တစ်လစာလောက်စားရတဲ့ ချောကလက်တွေဝေပြီးတော့ စမ်းသပ်ပါ တယ်။ ချောကလက်တောင့်တွေကို ရုံးအလုပ်သမားတွေရဲ့စားပွဲပေါ်မှာ တင်ပေးထား တဲ့အချိန်မှာတော့ တစ်ရက်အတွင်းမှာ ကို ၁၂၅ ကယ်လိုရီလောက် တက်လာတာကိုတွေ့ရ ပါတယ်။ ဒါ့ကြောင့် ရုံးတွင်းမှာပဲဖြစ်ဖြစ်၊ စာကြည့် စားပွဲမှာပဲဖြစ်ဖြစ် အစားအသောက်တွေကို မိမိနဲ့ ၆ ပေလောက်အကွာမှာ ထားပေးတာကြောင့် အစားအသောက်အကြောင်းစဉ်းစားတာ အခွင့် အလမ်းနည်းသွားမှာဖြစ်ပြီး မိမိလက်က သရေစာတွေနားကို ရောက်ရာကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ခန္ဓာကိုယ်ကိုအလေးချိန်(ကယ်လိုရီ)မတက်အောင် ၆ဝ%လောက်လျော့ချပြီးသား ဖြစ်သွားပါတယ်။
အလုပ်များနေရင်တောင် အစာစားချိန်လေး သတ်မှတ်ပေးပါ
------------------------------------------------------
သင်သာ ကြွက်တစ်ကောင်ဖြစ်ခဲ့မယ်ဆို ရင်တော့အစာစားမယ်။ ၁၅ မိနစ်လောက် ဝါးလိုက်ပြီး ဗိုက်ပြည့်သွား ကြောင်း ဦးနှောက်ကို အချက်ပေးလိုက်တာကြောင့် အစာဆက်စားတာကို ရပ်လိုက်မှာဖြစ်ပါတယ်။ သင်ကတော့ မဟုတ်ပါ ဘူး၊ အစားအသောက်ကို အလျင်အမြန် စားမိတာကြောင့် ဦးနှောက်ကို ဗိုက်ပြည့်ကြောင်း သတင်းမပို့နိုင်တာကြောင့် ဗိုက်ပြည့်တာထက်ကို အစားအသောက်ကို ပိုစားမိနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေရင်း အစားအသောက် စားတာ ကြောင့် ခါးဆိုဒ်ကိုပိုတိုးလာစေပါတယ်။ အပြင်ထွက်ပြီးတော့ ဆိုင်တွေမှာသွားစားဖို့ အချိန်မရှိဘူးဆိုရင် အလုပ်လုပ်တဲ့နေရာနဲ့ ဝေးတဲ့နေရာမှာစားပါ။ စားပွဲကိုရွေးပြီးလို့ ထိုင်ခုံကို ကွန်ပျူတာဖန်သားပြင်နဲ့ ကျောခိုင်းရာကို ရွေး လိုက်တာကြောင့် အလုပ်တွေကိုမေ့ထားပြီး အစားအသောက်ကို အေးအေးဆေးဆေး စားနိုင်မှာဖြစ်ပါတယ်။ အစားအသောက်မှာယူဖို့အတွက် ရွေးချယ်ရာမှာ ၁ မိနစ်၊ ၂ မိနစ်လောက် အချိန်ပေးပါ။ အလုပ်ပိုများလေလေ အစာစားချိန် လေးတော့ ပိုသတ်မှတ်ပေးပါ။
ကားမောင်းရင်းနဲ့ တစ်ခုခုသောက်ခြင်း

ကားမောင်းတဲ့လူတွေအများစုက ကားမောင်းရင်းနဲ့ သကြားနဲ့ခရင်မ်ပါတဲ့ ကော်ဖီ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့ အဖျော်ယမကာတွေ ကို ဘယ်လိုလုပ်ထားတာလဲ၊ ဘာတွေပါဝင်တာ လဲဆိုတာကိုတောင် မကြည့်နိုင်ဘဲ သောက် တတ်ကြ ပါတယ်။ ဒီလိုမျိုးစားသောက်မှုတွေကြောင့် ခန္ဓာကိုယ်ကို ဝိတ်တက်စေပါတယ်။ လူတိုင်းက နေ့စဉ်ဘာစားခဲ့လဲဆိုတာကိုပဲ သတိရတတ်ကြပြီး ဘာသောက်ခဲ့လဲဆိုတာကို သတိမရတတ်တာကြောင့် မိမိကိုယ်ကို ဘယ်လိုဝိတ် တက်လာတာလဲဆိုတာကို သတိမထားမိအောင် ဖြစ်နေပါတယ်။ ဒါကြောင့် သကြားအများကြီးပါတဲ့ အဖျော်ယမကာတွေကို သောက်မယ့် အစား ရေ၊ အချိုမပါဝင်တဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အချိုလုံးဝမပါတဲ့ကော်ဖီ (Black Coffee) လိုမျိုးတွေကို ရွေးသင့်ပါတယ်။
ဆုမြတ်ဦး
For Sports and Fitness Magazineအလွန်အကျွံစားမိခြင်းကို ဘယ်လိုလျော့ချမလဲ
😳😳😳😳😳😳😳😳😳😳😳

For Sports and Fitness Magazine

Comments