ကြက်သွန်ဖြူပေါင်မုန့်

ကြက်သွန်ဖြူပေါင်မုန့်



မဂ်လာပါရှင့် ဆုမြတ်ရဲ့Kitchen Jungleလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ဆုမြတ်အဖိုးနဲ့ အမေအတွက်လုပ်ပေးထားတဲ့ ကြက်သွန်ဖြူပေါင်မုန့်လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။ ဒီကြက်သွန်ဖြူပေါင်မုန့်လေးက လုပ်ရတာလဲလွယ်တယ်၊ အရမ်းလဲအရသာရှိတာဆိုတော့ လိုက်လုပ်စားကြည့်ဖို့ မမေ့ပါနဲ့နော်။ ငရုတ်သီးကြက်သွန်ဖြူပေါင်မုန့်လေးကတော့ အရသာရှိသလို နည်းနည်းလေးတော့ အစပ်လေးပါပါတယ်ရှင့်။ ငရုတ်သီးပဲမဟုတ်ဘူးနော် ကြက်သွန်မြိတ်တို့ ချိစ်မျိုးစုံကိုလည်း ထည့်လို့ရသေးတယ်။ ဆုမြတ်က ဆန်းဒွစ်ပေါင်မုန့်လေးကို သုံးထားပေမယ့် ပြင်သစ်ပေါင်မုန့်ချောင်း၊ Ciabattaပေါင်မုန့်တို့ကို သုံးလို့ရသေးတယ်နော်။ လုပ်နည်းထဲမှာ လိုသလောက်လို့ပဲ ရေးပေးထားတာကတော့ အိမ်မှာလူများများရှိရင် ပေါင်မုန့်များများလုပ်နိုင်သလို၊ ထောပတ်၊ ကြက်သွန်ဖြူကလည်း ပေါင်မုန့်ပေါ်ကို သုတ်သလောက်ကုန်မှာမို့လို့ လိုသလောက်လို့ ရေးထားတာပါရှင့်။ ဒီကြက်သွန်ဖြူပေါင်မုန့်လေးလုပ်စားဖြစ်ရင်လဲ ဆုမြတ်social mediaဘယ်ကနေမဆို commentလေး လာပို့ပေးဖို့ မမေ့နဲ့နော်………..





ပါဝင်ပစ္စည်းများ

ပေါင်မု့န် လိုသလောက်

ထောပတ် လိုသလောက်

ကြိတ်ထားတဲ့ ကြက်သွန်ဖြူ လိုသလောက်

ငရုတ်ကောင်းမှုန့် အနည်းငယ်

ငရုတ်သီးတောင့် ၃၊ ၄တောင့်


ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပန်းကန်တစ်လုံးထဲမှာ ထောပတ်၊ ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်ဖြူကြိတ်ထားတာတွေကို သမအောင်ရောထားပါ။ ပေါင်မုန့်ပေါ်ကို ထောပတ်ရောထားတာတွေကို နှံ့အောင်သုတ်ပေးပါ။ 

၂။ သုတ်ထားတဲ့ပေါင်မုန့်လေးတွေကို တကိုက်စာထောင်လိုက်လေးတွေ ဖြတ်ထားပါ။ ငရုတ်သီးတောင့်လေးတွေကို သေးသေးလေးတွေညှပ်ပြီး တင်ပါ။ ချိစ်ကြိုက်တတ်ရင် တစ်ခါတည်းတင်ပါ။ 

၃။ ပေါင်မုန့်လေးတွေကို မုန့်ဖုတ်မီးဖိုထဲမှာ ၁၆ဝံC၊ ၁ရဝံCလောက်နဲ့ ပေါင်မုန့်လေးတွေ ရွှေညိုအောင်ပြောင်းလာတဲ့ထိ ဖုတ်ပေးပါ။ တကယ်လို့ မုန့်ဖုတ်မီးဖိုမရှိဘူးဆိုရင်တော့ ဒယ်အိုးလေးနဲ့ကင်ပေးလဲ ရပါတယ်နော်။ မကပ်တဲ့အိုးဆို ပိုကောင်းပါတယ်။ 

၄။ ပေါင်မုန့်လေးတွေက ကျက်သွားတာနဲ့ ချက်ချင်းစားတာပိုကောင်းပါတယ်နော်။ နွားနို့၊ ကော်ဖီလေးနဲ့သောက်သောက်၊ ခရမ်းချဉ်သီးစွပ်ပြုတ်၊ ဆန်ပြုတ်လေးနဲ့သောက်သောက် အရမ်းကောင်းတဲ့မနက်စာလေးပါနော်………




 အောက်မှာရှိတဲ့ ဆုမြတ်ရဲ့social mediaလေးတွေကိုလည်း Subscibeလုပ်ပေးပါအုန်းနော်.............

Comments