ဒီနေ့ကတော့ ဝိတ်ချချင်သူတွေအတွက် စားပြီးဝိတ်ချနိုင်အောင် စားသုံးပေးသင့်တဲ့ အစားအစာလေးတွေကိုတင်ဆက်ပေးလာတာ နောက်ဆုံးနေ့ရောက်လာ‌ပါပြီနော်။

 ဒီနေ့ကတော့ ဝိတ်ချချင်သူတွေအတွက် စားပြီးဝိတ်ချနိုင်အောင် စားသုံးပေးသင့်တဲ့ အစားအစာလေးတွေကိုတင်ဆက်ပေးလာတာ နောက်ဆုံးနေ့ရောက်လာ‌ပါပြီနော်။



ဘာတွေစားပေးသင့်တာလဲ ဆက်လက်ဖတ်ရှုလိုက်ရအောင်နော်

အစေ့အဆန်များ
အစေ့အဆန်များက အဆီပါဝင်မှုများပြီး ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုများပါတယ်။ အစေ့အဆန်တွေကို စားပေးတာကြောင့် နှလုံးရောဂါ၊ ကင်ဆာ၊ စိတ်ကျရောဂါများနဲ့ နာတာရှည်ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ကျန်းကျန်းမာမာနဲ့ အသက်ကြီးသွားချင်ရင်တော့ အစေ့အဆန်စားပါ။အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ဗိုက်မြန်မြန်ပြည့်စေပြီး တစ်ချို့သာအစေ့အဆန်များမှာ ၂၈ဂရမ်စားရင်တောင် ကာဗွန်ဟိုဒရိတ်၁အောင်စပဲ ပါဝင်ပါတယ်။
Almond ၂၈ဂရမ်မှာ ကာဗွန်ဟိုက်ဒရိတ်၃ဂရမ်၊ Brazil Nutမှာ ၁ဂရမ်၊ သီဟိုဠ်စေ့မှာ ၈ဂရမ်၊ Macadamia Nutမှာ ၂ဂရမ်၊ Pecansမှာ ၁ဂရမ်၊ Pistachiosမှာ ၅ဂရမ်၊ သစ်ကြားစေ့မှာ ၂ဂရမ်၊ Chia Seedမှာ ၁ဂရမ်၊ Flaxseedsမှာ ဝဂရမ်၊ ဖရုံစေ့မှာ ၄ဂရမ်နှင့် နှမ်းစေ့မှာ ၃ဂရမ် ပါဝင်ပါတယ်။ ဒီလောက်သိပြီဆိုရင် ချင့်ချိန်စားလို့ရပြီနော်။

Shirataki Noodles
Shirataki ခေါက်ဆွဲတွေကို City Martလိုနေရာတွေမှာ အလွယ်လေးဝယ်လို့ရနေပါပြီ။ တစ်ယောက်စာပမာဏမှာ ကာဗွန်ဟိုက်ဒရိတ်၁ဂရမ်၊ ကယ်လိုရီ၅ဂရမ်ပဲပါဝင်ပြီး ရေဓာတ်ပါဝင်မှုများပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးနဲ့ ပြုလုပ််ထားတာကြောင့် အစာချေဖျက်မှုကို ကောင်းစေပါတယ်။ ဆာလောင်မှု၊ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် ၀ိတ်ကျစေပါတယ်။ Shirataki ခေါက်ဆွဲတွေကို ပုံစံအမျိုးမျိုးနဲ့ဝယ်လို့ရနေတာကြောင့် မတူတဲ့ဟင်းပွဲလေးတွေထွက်စေမှာပါ။ လုပ်စားကြည့်နော်။

အချိုမပါတဲ့ကော်ဖီနဲ့လက်ဖက်ရည်
ကော်ဖီနဲ့လက်ဖက်ရည်တွေက ကာဗွန်ဟိုက်ဒရိတ်မပါတဲ့ သောက်စရာတွေပါ။ ကဖင်းပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို တိုးစေတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို ကောင်းကောင်းလုပ်နိုင်လာတယ်၊ နိုးနိုးကြားကြားဖြစ်စေပြီး စိတ်ကိုကြည်လင်စေပါတယ်။ ဆီးချို၊ သွေးချိုဖြစ်နိုင်ချေကို လျော့ကျစေတယ်။ Heavy Creamကအစ ကော်ဖီနဲ့လက်ဖက်ရည်အဆုံး အားလုံးကသောက်သုံးလို့ အဆင်ပြေစေပါတယ်။

ချောကလက်အမဲရောင်နှင့် ကိုကိုးအမှုန့်
ချောကလက်အမဲရောင်နှင့် ကိုကိုးအမှုန့်တွေက အရသာရှိစေတဲ့ အင်တီအောက်စီဒင့်အရင်းအမြစ်တွေပါ။ ကိုကိုးမှာက Blueberries, Acai Berriesတို့မှာပါတဲ့ အင်တီအောက်စီဒင့်ဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။ ချောကလက်မှာက ကိုကိုးရ၀%လောက် အနည်းဆုံးပါဝင်ပါတယ်။ မချိုတဲ့ချောကလက်(၁၀၀%ကိုကိုး) ၂၈ဂရမ်မှာ ကာဗွန်ဟိုက်ဒရိတ် ၃ဂရမ်၊ ချောကလက်အမဲ ၇၀-၈၅%မှာ ကာဗွန်ဟိုက်ဒရိတ် ၃-၁ဝဂရမ်ပါဝင်ပါတယ်။

အောက်မှာရှိတဲ့ ဆုမြတ်ရဲ့social mediaလေးတွေကိုလည်း Subscibeလုပ်ပေးပါအုန်းနော်.............

Comments