၀ိတ်ကျစေတဲ့ အသီးအနှံများ

 ၀ိတ်ကျစေတဲ့ အသီးအနှံများ

သဘာဝအတိုင်း ဘေးထွက်ဆိုးကျိုးမရှိပဲ အမျှင်ဓာတ်ပြည့်တဲ့ အစားအသောက်များ စားရင်းဝိတ်ချတာကြောင့် ကျန်းမာရေးကောင်းကျိုးတွေလဲ အများကြီးရနိုင်မှာပါ။ ၀ိတ်ချတော့မယ်ဆိုရင် စားနေကျပန်းကန်ရဲ့ တစ်ဝက်လောက်ကို အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဖြည့်ထားသင့်ပါတယ်။ အသီးအနှံတွေကို ၀ိတ်ချတဲ့အစီအစဉ်ထဲမှာ ထည့်မယ်ဆိုရင် အမျှင်ဓာတ်များပြီး ဗိုက်ပြည့်လွယ်တာကြောင့် တခြားအရာတွေ မစားအောင်ထိန်းပေးထားပါတယ်။

ပန်းသီး🍎🍏 - ပန်းသီးကအမျှင်ဓာတ်များပြီး ကယ်လိုရီနည်းတာကြောင့် ၀ိတ်ချရင်စားဖို့ အသင့်တော်ဆုံးပါပဲ။ အမျှင်ဓာတ်များတဲ့ အသီးတွေက အစာကိုဖြေးဖြေးချင်းချေဖျက်စေနိုင်အောင် ကူပေးပြီး အချိန်အကြာကြီး အစာစားချင်စိတ်ကို ထိန်းပေးထားပါတယ်။ အလတ်ဆိုဒ်ပန်းသီးတစ်လုံးမှာ အမျှင်ဓာတ် ၄.၃ရဂရမ်ပါဝင်ပြီး တနေ့တာလိုအပ်တဲ့ အမျှင်ဓာတ်၁၆%လောက်ထိ ပေးစွမ်းနိုင်ပါတယ်။ ကယ်လိုရီ၉၆.၄ ပါဝင်ပါတယ်။


လိမ္မော်သီး🍊🍊- အလတ်ဆိုဒ်လိမ္မော်သီးတစ်လုံးမှာ အမျှင်ဓာတ် ၃.၁၄ဂရမ်ပါဝင်ပြီး တနေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၁%လောက်ထိ ပေးစွမ်းနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်C အပြည့်ပါဝင်တာကြောင့် ရောဂါခုခံစွမ်းအားကို တိုးစေခြင်း၊ ခန္ဓာကိုယ်တွင်း ကိုလက်ဂျင်ထုတ်ပေးခြင်း၊ သံဓာတ်ကို ခန္ဓာကိုယ်ကကောင်းကောင်းစုပ်ယူပေးနိုင်ခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးတွေကို အများကြီးပေးစွမ်းနိုင်ပါတယ်။ အလတ်ဆိုဒ်လိမ္မော်သီးတစ်လုံးမှာ ဗီတာမင် C ၆၉.ရမီလီဂရမ် ပါဝင်ပြီး တနေ့တာလိုအပ်တဲ့ ဗီတာမင် Cရဲ့ရ၇%လောက်ထိကို ပေးစွမ်းနိုင်ပါတယ်။ ၀ိတ်ကျချင်သူများ နေ့စဉ်စားတဲ့အစာထဲမှာ လိမ္မော်သီးထည့်စားပါနော်။

သရက်သီး🥭🥭 - သရက်သီးကို ခန္ဓာကိုယ်တွင်းဓာတ်ပြောင်းလဲမှုတွေအတွက် ကူညီပေးပါတယ်။ သရက်သီးက အချိုဓာတ်အပြည့်ပါတာကြောင့် ၀ိတ်လျော့နေချိန်မှာ သကြားလျော့နေတဲ့သူတွေအတွက် ကွက်တိပါပဲ။ ရောင်ရမ်းခြင်းကို လျော့ချပေးပြီး သွေးတွင်းဖိအားကိုလျော့ကျစေကာ သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ သရက်သီးတစ်လုံးမှာ အမျှင်ဓာတ် ၃.၃၁ဂရမ်ပါဝင်တာကြောင့် တရက်တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့၁၂%လောက်ကထိ ပေးနိုင်ပါတယ်။


ထောပတ်သီး🥑🥑 - ထောပတ်သီးမှာ ကောင်းတဲ့အဆီတွေပါဝင်တာကြောင့် ဗိုက်မြန်မြန်ပြည့်စေပါတယ်။ ထောပတ်သီးက ၀ိတ်ချချင်သူများစားသင့်တဲ့ ထိပ်ဆုံးက အသီးတစ်မျိုးဖြစ်ပြီး အသီးတွေထဲမှာ အဆီအများဆုံးလို့ ပြောရမှာပါပဲ။ ထောပတ်သီးရဲ့ ကယ်လိုရီရ၇%လောက်က ထောပတ်သီးရဲ့ကောင်းတဲ့အဆီတွေကနေ ရလာတာဖြစ်ပါတယ်။ ထောပတ်သီးမှာပါတဲ့ Monounsaturated, Polyunsaturated Fatty Acidတွေက နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ ထောပတ်သီး တစ်ခြမ်းမှာတင် အမျှင်ဓာတ် ၄.၅၅ဂရမ်ပါဝင်ပြီး တစ်ရက်တာလိုအပ်တဲ့ အမျှင်ဓာတ်၁၆%လောက်ထိ ပေးစွမ်းနိုင်ပါတယ်။ စမ်းသပ်ချက်တွေအရ ထောပတ်သီးကို ထမင်းအစားထိုးပေးပေးရင် ၆နာရီလောက်ထိကို အဆာခံနိုင်ပါတယ်။

ငှက်ပျော်သီ🍌🍌း - ငှက်ပျော်သီးက အချိန်အကြာကြီးအဆာခံစေပါတယ်။ ငှက်ပျော်သီးမှာ ကာဘိုဟိုဒရိတ်တွေ အများကြီးပါတာကြောင့် Ketoစားတဲ့သူတွေဆို ရှောင်ကြပေမယ့် အဆာခံနိုင်တာကြောင့် ငှက်ပျော်သီးစားပြီး ၀ိတ်ချတဲ့သူတွေလဲ ရှိပါတယ်။ ငှက်ပျော်သီးက သွေးတွင်းသကြားဓာတ်ကို ညှိပေးပြီးအားအင်တိုးစေပါတယ်။

နာနတ်သီး🍍🍍 - နာနတ်သီးက ရေဓာတ်ဖြည့်ပေးပြီး အဆာခံပါတယ်။ နာနတ်သီးက ဗီတာမင် C အများကြီးပါဝင်ပြီး တစ်ခွက်မှာဆိုရင် ၇၈.၉မီလီဂရမ်တောင် ပါဝင်ပါတယ်။ တရက်တာလိုအပါတဲ့ ဗီတာမင် C ၈၈%လောက်ထိကို ပေးစွမ်းနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှု များတာကြောင့် ၀ိတ်ချတဲ့လူတွေအတွက် အရေးကြီးပါတယ်။

အောက်မှာရှိတဲ့ ဆုမြတ်ရဲ့social mediaလေးတွေကိုလည်း Subscibeလုပ်ပေးပါအုန်းနော်.............

Comments