အွန်လိုင်းသီးသန့် စားသောက်ဆိုင် အလုပ်ဖြစ်နိုင်မလား

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်အတွင်း စားသောက်ဆိုင်လုပ်ငန်းဟာ သိသိ သာသာကို ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ သို့ပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် ဈေးကွက်အနေအထားက လိုအပ်နေပါသေးတယ်။ ဒါဟာလည်း နိုင်ငံစီးပွားရေး၊ တစ်ဦးချင်း ဝင်ငွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အကောင်းဘက်ကို မျှော်ကြည့်မယ် ဆိုရင်တော့ စားသောက်ဆိုင်လုပ်ငန်းတွေက ဒီထက်ပိုပြီး အားကောင်းလာဖို့ မျှော်လင့်ရ ပါတယ်။

ဒါဆိုရင် အွန်လိုင်းသီးသန့်စားသောက်ဆိုင်တွေရော အလုပ်ဖြစ်လာနိုင်မလား။ ဒီခေတ်လို လူတော်တော်များများက ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်းဝန်ဆောင်မှုတွေနဲ့ ရင်းနှီးလာကြတဲ့ခေတ်ကြီးထဲမှာ စဉ်းစားစရာပါ။ 

၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း မွေးဖွားတဲ့ ၂၁ ရာစုမှာရှိတဲ့ ဆယ်ကျော်သက်လူငယ်မျိုးဆက်တွေက အွန်လိုင်းနဲ့ ပိုမိုရင်းနှီးလာ ကြတယ်။ အွန်လိုင်းကနေ သူငယ်ချင်းတွေ ရှာလာကြတယ်။ အပန်းဖြေရာနေရာတွေ ရှာလာကြတယ်။ ပစ္စည်းတစ်ခုခုလိုအပ်ရင်တောင် အွန်လိုင်းကနေ ဝယ်လာကြတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးတွေကိုလည်း အွန်လိုင်းပေါ်ကနေ အလုပ်လုပ်လာတဲ့အထိ ငယ်ရွယ်သူ ၂၁ ရာစုဖွားတွေရဲ့ အကျွမ်းတဝင်ရင်းနှီးလာတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ သူတို့တစ်တွေဟာ မကြာခင်မှာ ဝင်ငွေရပြီး ပိုက်ဆံသုံးမယ့်သူတွေ ဖြစ်လာကြတော့မှာပါ။ ၂၁ ရာစုမှာ မွေးဖွားလာတဲ့ ဆယ်ကျော်သက်လူငယ်မျိုးဆက်တွေအတွက်ကတော့ Uber Eats (အမေရိကန် အွန်လိုင်းအစားအသောက် မှာယူပို့ဆောင်ခြင်းလုပ်ငန်းကို လုပ်ဆောင် နေတဲ့ ဆန်ဖရန်စစ္စကို အခြေစိုက် လုပ်ငန်းတစ်ခု) လိုမျိုး အချိန်အများကြီးမသုံးရတဲ့ ဝန်ဆောင်မှုမျိုးကို ပိုပြီး ကြိုက်နှစ်သက်လာကြတယ်လို့ Eater Magazine (၂ဝဝ၅ ခုနှစ်က စတင်ခဲ့ပြီး Vox Media ရဲ့ အစားအသောက်နှင့် စားသောက်ဆိုင်များအကြောင်းကို ရေးသားတဲ့ Network တစ်ခုဖြစ်ပါတယ်။) ရဲ့ စီနီယာအယ်ဒီတာ Daniela Galarza က ပြောထားတာကို အွန်လိုင်းမှာ တွေ့မိပါတယ်။

မြန်မာနိုင်ငံမှာလည်း စားသောက်ဆိုင်တော်တော်များများက ဆိုင်ဝန်ဆောင်မှုများ အပြင် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုကုမ္ပဏီများနဲ့ တွဲဖက်ပြီး အစားအသောက် ဝန်ဆောင်မှုများကို ပြုလုပ်လာကြပြီဖြစ်ပါတယ်။ ဒီလို အွန်လိုင်းကနေ အစားအသောက် များကို မှာယူလာနိုင်တာကြောင့် စားချင်တဲ့ အစားအသောက်တစ်ခုကို အဝေးကြီး သွားရှာစရာ မလိုတော့ပါဘူး။ အပြင်မထွက်ချင်တဲ့ စားသုံးသူတွေ၊ အလုပ်များပြီး အချိန်မပေးနိုင်တဲ့ စားသုံးသူတွေအတွက်ကတော့ တော်တော်လေး အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း ဆိုင်တွင်းမှာပဲပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် တွေ့ဆုံခြင်း၊ မိသားစုလိုက် အပြင်ထွက်စားခြင်း စတဲ့အချက် တွေကြောင့် စားသောက်ဆိုင်များကတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး Yangon door2door မှ (Operations Director) မဇံဇံက

'စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်ဆိုတာက အစားအသောက်စားတယ်ဆိုတာ ထက်ကို ပိုတယ်။ အဓိကက သူ့မှာ အတွေ့အကြုံကောင်းကောင်းရှိရတယ်။ ဥပမာ- စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်ဆိုပါတော့။ အဲဒီတော့ စားသုံးသူက အစားအစာ ကိုကြိုက်လို့ လာစားကြတယ်။ မှာစားကြတယ်။ အစားအသောက်စားတာအပြင် တခြား ဘာတွေရဦးမလဲပေါ့။ ဒီအပိုင်းကိုကျတော့ သူတို့ရဲ့ အတွေ့အကြုံပိုင်းလို့ ခေါ်တယ်။ တချို့ဆိုင်တွေ ဘာတွေလုပ်လာကြလဲဆိုတော့ ပီဇာဆိုင်ဆိုရင် စားသုံးသူတွေက ကိုယ်တိုင်လုပ်လို့ရတဲ့နေရာလေး ထားပေးတယ်။ ကလေးတွေကို ဆော့ဖို့နေရာလေးတွေ ထားပေးတာ၊ ဓာတ်ပုံရိုက်ဖို့နေရာလေးတွေ ထားပေးတာ စသဖြင့်ပေါ့။ စားသောက်ဆိုင် သွားရင် ခံစားချက်ကတော့ မတူဘူး။ အွန်လိုင်းကကျတော့ အစားအသောက်စားဖို့ သတ်သတ်ပဲ။ စားသောက်ဆိုင်ကကျတော့ အစားအသောက်စားတာချည်းပဲ မဟုတ် တော့ဘူး။ တီးဝိုင်းလေးထားထားတာကအစ စားသုံးသူတွေ ကိုယ့်ဆိုင်ကိုလာပြီး အတွေ့အကြုံလေးကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေက ပါလာတာဖြစ်ပါ တယ်။ အစားအသောက်စားတာချင်းမှာတောင် ဘာကွာသွားလဲဆိုရင်တော့ ခံစားတဲ့ အတွေ့အကြုံက ကွာသွားမှာပါပဲ' လို့ ပြောပါတယ်။

အွန်လိုင်းစားသောက်ဆိုင်ဆိုပြီး သတ်သတ်ဖွင့်လှစ်ထားတာမရှိသေးပေမယ့် ဆိုရှယ်မီဒီယာများကနေပြီး အစားအသောက်ရောင်းချမှုတွေကတော့ ၂၀၁၇၊ ၂၀၁၈ အတွင်းမှာ ပိုမိုများပြားလာတယ်လို့ မြင်မိပါတယ်။ အစားအသောက်အချက်အပြုတ်၊ မုန့်ဖုတ်သင်တန်းကျောင်းတစ်ခုမှ သင်တန်းဆရာတစ်ယောက်က စားသောက်ဆိုင် ဖွင့်တာထက် အွန်လိုင်းကနေ ရောင်းချတာက ပိုပြီးတွက်ခြေကိုက်တယ်လို့ သင်တန်း ပေးလိုက်တဲ့ တပည့်တွေက ပြန်လည်ပြောကြားသံတွေကို ကြားသိရကြောင်း ပြောပြပါ တယ်။ ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီများကလည်း အခုဆိုရင် အဝတ်အစား၊ ကုန်ပစ္စည်း များသာမက အစားအသောက်တွေပါ ထပ်ပြီးပို့ဆောင်နေကြရပြီဖြစ်ပါတယ်။

အွန်လိုင်းစားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့ဆိုတာကလည်း ထင်သလောက်တော့ လွယ်ကူတာမျိုးမဟုတ်ပါဘူး။ စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖွင့်လှစ်လိုက်တာမျိုး မဟုတ် ပေမယ့် အွန်လိုင်းစားသောက်ဆိုင် ဖွင့်လှစ်ချင်တယ်ဆိုရင်တော့ စားသုံးသူတွေဘက်ကို တွေးပေးပြီး သေချာတဲ့ ကတိကဝတ်လေးတွေ ပေးနိုင်ခြင်း၊ အစားအသောက် သန့်ရှင်း သပ်ရပ်ခြင်း၊ စေတနာပါခြင်း စတဲ့အချက်လေးတွေ ရှိနေရမှာဖြစ်ပါတယ်။

'အွန်လိုင်းသီးသန့်စားသောက်ဆိုင်က မရှိတာတော့ မဟုတ်ဘူး။ မှတ်ပုံတင်ထား တာ မရှိသေးတာပါ။ ဥပမာ- အွန်လိုင်းကနေ ဟင်းတွေချက်ပြီး ရောင်းနေကြတာလေ။ ဟင်းစာရင်းထုတ်ပြီး စားသောက်ဆိုင်အနေနဲ့ ဖွင့်နေတဲ့ စားသောက်ဆိုင်ကတော့ မရှိသေးဘူး။လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းကတော့ Catering ဆိုတာမျိုးတော့ ရှိတယ်။ သူတို့ အချိန်ဇယားလေးလုပ်ပြီး မှာရတယ်။ ဒီလအတွက် ဟင်းလျာစာရင်း ထုတ်လိုက်တယ်။ ဒီလအတွက် ဒီစာရင်းပြီးရင် အော်ဒါမှာပေါ့။ ပြီးတော့ သူတို့က Set menu လိုမျိုး ဟင်းလျာတွေသွားတယ်။ အွန်လိုင်းသီးသန့်စားသောက်ဆိုင်ကျတော့

ဒီစားသောက်ဆိုင်သီးသန့်တွေနဲ့ အွန်လိုင်းအစားအသောက်ဝန်ဆောင်မှုတွေ ကြား

ထဲမှာ ရှိနေတာပေါ့နော်။ အွန်လိုင်းသီးသန့်စားသောက်ဆိုင်တွေကလည်း သေချာတဲ့ ကတိကဝတ်လေးတော့ ရှိရတာပေါ့နော်။ ရောင်းချင်တဲ့အချိန် ရောင်းလိုက်၊ မရောင်းချင်ရင် ရပ်ထား လိုက်တော့ ဖြစ်လို့မရဘူး။

အခုအွန်လိုင်းက အစားအသောက် ဝန်ဆောင်မှုတွေကျတော့ အိမ်တွေကနေချက်ပြီး ရောင်းကြတာတွေဆိုတော့ ကတိကဝတ်မပေးနိုင်ဘူး။ အစ်မတို့ Yangon door2door ဆိုရင်လည်း Uber Eats လိုမျိုး ဟင်းလျာစာရင်းတွေရှိတယ်။ ပြီးတော့ ဒီအစားအသောက်၊ ဒီဟင်းလျာက အချိန်ပြည့်ရှိနေရမယ်။ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်တွေကလည်း မှန်နေရမယ်။ ဒီလိုကတိကဝတ်လေးတွေ ပေးနိုင်ရင်ရတယ်။ ဒါကြောင့် အွန်လိုင်းသီးသန့် စားသောက် ဆိုင်လေးတွေကတော့ ရှိလာနိုင်ပါတယ်။ အွန်လိုင်းကနေ အစားအသောက် ရောင်းဝယ် တွေက အစပါပဲ။ ဒါပေမဲ့ ဟင်းလျာစာရင်းကို သတ်သတ်ကြီးလုပ်ထားတာ မဟုတ်ဘူး။ လုပ်ကြည့်ကြတယ်။ စမ်းကြည့်ကြတယ်။ မရတော့လည်း ပြီးသွားကြတယ်။

 နောက်တစ်ခု က ဈေးနှုန်းကို ထားတဲ့နေရာမှာလည်း ရေရှည်တည်တံ့နေတဲ့ အနေအထားမှာ ဖြစ်ရမယ်။ စားသောက်ဆိုင်တစ်ဆိုင်အနေနဲ့ သူများက စားကောင်းတယ်နော်။ ရောင်းကြည့်ပါ လားဆိုပြီး ပြောလို့ ရောင်းမယ်ဆိုရင်၊ ကိုယ့်ရဲ့ရေရှည်ကို သေချာမတွက်ထားဘူးဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဆိုင်တွေမှာ သွားစားရင် ၃ဝဝဝ လောက် ကျမယ်။ ကျွန်တော့်ဆီမှာစားရင် ၁၅ဝဝ လောက်ကျမယ်ဆိုပြီး ဈေးလျှော့ရောင်းရင်တောင် ဈေးက ၁၅ဝဝ လောက် ကွာနေတာကြောင့် ဈေးနှုန်းက ရေရှည်အတွက်ဆိုရင် ဘယ်လိုမှ တည်တံ့ နေနိုင်စေမှာမဟုတ်ဘူး။ စားသောက်ဆိုင်ကြီးဖွင့်မှာတော့မဟုတ်ပေမယ့် သေချာလေး ပြင်ဆင်ထားရမယ်။ ဒီလိုပြင်ဆင်ပြီး အွန်လိုင်းမှာတင်ပြီး ရောင်းမယ်ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့။ တစ်ချက်လေးရလိုက်တဲ့ ဆုံးဖြတ်ချက်လေးပေါ်မှာ ဖွင့်လိုက်၊ ပျောက်သွား လိုက် ဒါမျိုးဆိုရင်တော့ မဖြစ်ဘူးပေါ့' ဆိုပြီ းYangon door2door မှ (Operations Director) မဇံဇံက ပြောပါတယ်။

စားသောက်ဆိုင်ဝန်ဆောင်မှုတွေထဲမှာ ပို့ဆောင်ရေးအလုပ်ကလည်း အမြဲ ခေါင်းကိုက်စရာအလုပ်တစ်ခုပါပဲ။ ပျက်စီးဆုံးရှုံးမှုတွေ မရှိချင်ဘူးဆိုရင်တော့ သူတို့ တွေက နောက်အခြားတစ်ယောက်ကို ပိုက်ဆံပေးပြီး ငှားရမယ်။ သေချာလေး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပို့ပေးရမယ့်နေရာအကွာအဝေးတွေကအစ တွက်ချက်ရမှာ ဖြစ်ပါတယ်။ ဒီလိုပို့ဆောင်မယ်ဆိုရင် ကားတွေ၊ ဆိုင်ကယ်တွေ စသည်တို့ကိုလည်း ငှားရမ်းရမှာဖြစ် ပါတယ်။ Uber ကတော့ ဒီလိုစီးပွားရေးလမ်းကြောင်းကို တည်ဆောက်ပြီး ဖြစ်နေပါပြီ။

အပြိုင်အဆိုင်တွေများလာတဲ့ခေတ်ထဲမှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်တယ် ဆိုတာကလည်း စွန့်စားရခြင်းတစ်မျိုးပါပဲ။ ဘေးနားပတ်ဝန်းကျင်မှာ ပုံစံတူ စားသောက်ဆိုင် ရှိနေမယ်ဆိုရင် ဆိုင်ရဲ့စီးပွားရေးက အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ အွန်လိုင်းစားသောက် ဆိုင်က စီးပွားရေးတူနေမှာ စိတ်မပူရခြင်း၊ ဆိုင်အပြင်အဆင်အတွက် စိတ်မပူရခြင်း စတဲ့ အချက်တွေမှာ အားသာချက်တွေ ရှိနေပါတယ်။

Booklyn မုန့်ဖုတ်ဆိုင်လေးရဲ့ ဆိုင်ရှင်ဖြစ်တဲ့ Betsy Leyva က ဟန်ဘာကာဆိုင်ကို ရိုးရာလက်တင် အမေရိကန်မုန့်တွေ၊ ကပ်ကိတ်တွေနဲ့ ကိတ်မုန့်များကို ရောင်းချလာတာ မျိုးဆက် ၃ ဆက်တောင် ရောက်ရှိနေပြီဖြစ်တဲ့ La Gran Via Bakery ဆိုင်ဘေးမှာ ဖွင့်ဖို့ စိတ်ကူးရသွားပြီး ဖွင့်ခဲ့တဲ့အချိန်မှာ ဒီလိုဘေးမှာ ဆိုင်ရှိနေတဲ့ အချက်ကြောင့်ပဲ သူမ ရဲ့မှန်းချက်က တွက်ခြေမကိုက်ဘဲ ဖြစ်ခဲ့ရပါတယ်။ Uber (အငှားကားဝန်ဆောင်မှု ကုမ္ပဏီ) က သူမကို အွန်လိုင်းကနေသာရောင်းချမယ့် စားသောက်ဆိုင်လိုမျိုးကို အကြံပေးခဲ့ပြီး အစားအသောက်တွေကိုလည်း Uber Eats ဆိုတဲ့ App ကနေ အစားအသောက်များကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒီလို အကြံပေးတဲ့အချိန်တုန်းက ]ရူးနေတာလား၊ ဘာကိုဆိုလိုချင်တာလဲ၊ ဘာပြောချင်တာလဲ' ဆိုပြီး သူမက မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။

ဒါနဲ့ပဲ Brooklyn Burger House က အွန်လိုင်းစားသောက်ဆိုင်အနေနဲ့ မွေးဖွား လာခဲ့ပါတယ်။ သူတို့ရဲ့ အွန်လိုင်းစားသောက်ဆိုင်လေးရဲ့ မီနူးထဲမှာ သွားရည်ကျစရာ အစားအသောက်တွေ အများကြီးပါပဲ။ Brooklyn Burger စပြီးဖွင့်တဲ့အချိန်တုန်းက ရူးနေတယ်လို့တောင် ထင်မိတယ်လို့ Leyva က ဆိုပါတယ်။ နောက်ပိုင်းမှာ အမှာစာတွေက အရမ်းများ လာပြီး ပစ္စည်းတွေတောင် ပြတ်လပ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဝန်ထမ်းတွေ တောင် ထပ်ခန့်ထားခဲ့ရပါတယ်။ စားသောက်ဆိုင်လေးက အမြင်အားဖြင့် ဘာမှမဖြစ် လောက်ဘူး ထင်ရသော်လည်းပဲ အမြတ်အစွန်းကတော့ အမှန်တကယ်ရရှိတာဖြစ်ပါတယ်။ 'ကျွန်မတို့ရဲ့ ရောင်းအားက ၃၀ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။ ဒါဟာ စိတ်လှုပ်ရှား စရာပါပဲ} လို့ Leyva က ပြောပါတယ်။

အခုဆိုရင် အမေရိကားမှာ အွန်လိုင်းစားသောက်ဆိုင်ပေါင်း ၈ဝဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ စားသုံးသူတွေက သူတို့ရဲ့ပတ်ဝန်းကျင်မှာမရှိတဲ့ အစားအသောက်တွေ၊ စားချင်တဲ့အစားအသောက်တွေကို မတွေ့နိုင်တဲ့အချိန်မျိုးမှာ သုံးနိုင်အောင် Uber Eats App ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေက စားသောက်ဆိုင်တွေဆီကို ချဉ်းကပ်လာကြပြီး စားချင်ပေမယ့် စားသုံးသူတွေ မရနိုင်တဲ့ အစားအသောက်တွေကို ရောင်းဖို့အတွက် အွန်လိုင်းစားသောက်ဆိုင်တွေ ဖွင့်လှစ်ဖို့ အကြံÓဏ်ပေးလာကြတယ်။ Uber ရဲ့ ပြောပြချက်အရ ဒီလိုမျိုးစားသောက်ဆိုင်တွေကို ကူညီလိုက်ခြင်းက စီးပွားရေးကို ပိုမိုတိုးတက်လာစေနိုင်ပြီး စားသုံးသူတွေကိုလည်း ပိုပြီးများများရရှိလာနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီလိုအွန်လိုင်းစားသောက်ဆိုင်တွေ ဖွင့်လှစ်လိုက်ခြင်းက ကောင်းတဲ့အရာလားဆိုတာနဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေကြတုန်းပါပဲ။ သူတို့ရဲ့ စီးပွားရေးကို အဆင့်မြှင့်တင်နိုင်တဲ့အချိန်မှာတော့ Uber က အမြတ်အစွန်းတွေကို ဖြတ်ယူလာပါတယ်။ ထပ်ပေါင်းပြီး စားသုံးသူတွေဆီကနေ ပို့ဆောင်ခတွေကို တိုးမြှင့်ပြီး ကောက်လာပါတယ်။ Texas က ပီဇာစားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Jay Jerrier ကတော့ စားသောက်ဆိုင်လုပ်ငန်းစုမှာ ကုမ္ပဏီဝင်ငွေနဲ့ပတ်သက်ပြီး အမြင်မကြည် လှပါဘူး။

'Uber Eats က စားသုံးသူတွေဆီကနေ အမြတ်အစွန်းအကြီးကြီးရရှိနေပေမယ့် စားသောက်ဆိုင်တွေကတော့ အမြတ်အစွန်းက အရမ်းကို နည်းလွန်းပါတယ်။ ဘေလ်က ဘယ်လောက်ပဲဖြစ်ဖြစ် သူတို့က ၃၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက်အထိ စားသောက်ဆိုင်တွေကနေ ကောက်ခံနေပါတယ်။ ပြီးတော့ စားသုံးသူတွေကလည်း ဘယ်နေရာကနေ မှာတာပဲဖြစ်ဖြစ် ဝန်ဆောင်မှုခ၊ ခရက်ဒစ်ကတ်ခအပြင် ပို့ဆောင်ရေး အတွက် ၂ ဒေါ်လာကနေ ၆ ဒေါ်လာအထိ ပေးဆောင်နေပါတယ်။ ဒါက ရူးမိုက်တာပါ' လို့ သူက ပြောပါတယ်။

Uber Eats က စားသောက်ဆိုင်များကနေ ဘယ်လောက်ပေးရမယ်ဆိုပြီးတော့လည်း သီးခြားသတ်မှတ်ထားတာမရှိဘူး။ စားသုံးသူတွေ ဘယ်လောက်များများ ထိရောက် သွားတယ်ဆိုတဲ့အပေါ် မူတည်နေပါတယ်။ သူတို့ကိုပေးရတဲ့ ပို့ဆောင်ခတွေကြောင့် တစ်စုံတစ်ယောက် ဆိုင်ထဲဝင်လာပြီး ဝိုင်တစ်ခွက်နဲ့ အချိုပွဲမှာတာလောက်က အကျိုး အမြတ်မရှိနိုင်ပါဘူး။ ပိုက်ဆံကြောင့်မို့ မဟုတ်ပေမယ့် Jerrier လိုမျိုး ဒီစားသောက်ဆိုင် လုပ်ငန်းထဲက လူတွေကတော့ ဆိုင်မှာလာစားတဲ့ အတွေ့အကြုံကို ပိုပြီး ကြိုက်နှစ်သက် ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်နဲ့ပတ်သက်ရင် အတွေ့အကြုံကောင်းတွေ ပေးနိုင်တဲ့ စားသောက်ဆိုင်တွေက ဆက်လက်တည်ရှိနေမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လွယ်ကူမြန်ဆန်ပြီး စားချင်တဲ့အစားအသောက်တွေကို ဝန်ဆောင်မှုပေးနိုင်တဲ့ Leyva ရဲ့ Brooklyn Burger House လိုမျိုး အွန်လိုင်းစားသောက်ဆိုင်တွေက အောင်မြင်လာနိုင် မလား၊ အလုပ်ဖြစ်လာနိုင်မလားဆိုတာကတော့ အချိန်ကပဲ ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။

................

Author- ဆုမြတ်ဦး

Source - Taste Window Food Magazineအွန်လိုင်းသီးသန့် စားသောက်ဆိုင် အလုပ်ဖြစ်နိုင်မလား

.......................................................................................................

Source - Taste Window Food Magazine

Comments