တရုတ်ဟင်းလျာ မာဖိုတိုဖူး

 တရုတ်ဟင်းလျာ မာဖိုတိုဖူး





ဆုမြတ်ရဲ့ မီးဖိုချောင်တောအုပ်လေးရဲ့ စာဖတ်ပရိသတ်ကြီးပါးလုံးပဲ မဂ်လာပါရှင့်.....

ဒီနေ့မှာတော့ တရုတ်ဟင်းလျာတစ်မျိုးဖြစ်တဲ့ မာဖိုတိုဟူးလေး ချက်ကြည့်ရအောင်နော်။ မာဖိုတိုဟူးဆိုတာကတော့ တရုတ်နိုင်ငံ၊ စီချွမ်ဒေသကနေ စတင်လာပြီး တမ္ဘာလုံးမှာ နာမည်ကြီးလာတဲ့ ဟင်းလျာတစ်မျိူးဖြစ်ပါတယ်။ အငန်အရသာလေးနည်းနည်း၊ စီချွမ်ငရုတ်ဆီလေးရွဲရွဲနဲ့ အစပ်အရသာလေးနဲ့ မာဖိုတိုဟူးဟင်းလျာက ဆုမြတ်တို့စားသောက်ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာတွေထဲကတမျိူးပါပဲ။

မာဖိုတိုဟူးရဲ့သမိုင်းကြောင်း

တရုတ်ဘာသာစကားအရမာဆိုတာကတော့ မျက်နှာအမာရွတ်၊ ကျောက်ပေါက်မာဖြစ်ပြီး ဖိုဆိုတာကတော့ အဖွား၊ တိုဟူး Dou Fu” ကတော့ တရုတ်နိုင်ငံမှာဆိုရင် ပဲပြားကိုဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ မာဖိုတိုဟူး Mapo Tofuကို အဓီပ္ပါယ်ပြန်ရမယ်ဆိုရင် ကျောက်ပေါက်မာအမာရွတ်ရှိတဲ့ အဖွားချက်တဲ့ ပဲပြားဟင်းဖြစ်ပါတယ်။

  ဆုမြတ် Google မှာ ဖတ်ရသလောက်ကတော့ ဒီဟင်းက ၈၆၂ ကနေ ၁၉၇၄ခုနှစ်အတွင်း Chengduမြို့အတွင်းက စားသောက်ဆိုင်ကနေ စတင်လာတာလို့သိရပါတယ်။ ဟင်းကိုစတီထွင်တဲ့ ချန်(Chen)ဆိုတဲ့လူကို အစွဲပြုပြီး ာမည်ပေးထားတဲ့ ချန်မာဖိုဟင်းမှာတော့ပဲပြား(တိုဟူး) ငရုတ်အနှစ်အဆီ၊ ၀က်သား၊ စီချွမ်ငရုပ်ကောင်းတို့ ပါ၀င်ပါတယ်။ နှစ်အနည်းငယ်အကြာမှာတော့  ချန်(Chen)အမျိုးသားက ဒီဟင်းကို အမဲသားနုပ်နုပ်စင်း၊ အချဥ်ဖောက်ထားတဲ့ ပဲတို့နဲ့ အဆင့်မြှင့်လိုက်ပါတယ်။

နှစ်ပေါင်းအနည်းငယ်အကြာ စာရေးဆရာ Chiangရဲ့ စီချွမ်ဟင်းချက်စာအုပ်မှာ သူငယ်စဥ်ကကျောက်ပေါက်အမာရွတ်ရှိတဲ့ အဘွားချက်တဲ့ ပဲပြား(တိုဟူး)ဟင်းကို အမြဲစားခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဆုမြတ်အထင်တော့ ဒီစာအုပ်ကရေးသားချက်ကြောင့် စီချွမ်ပဲပြား(တိုဟူး)ဟင်းကို မာဖိုတိုဟူးလို့ နာမည်ကျော်ကြားလာတယ်လို့တော့ ထင်ပါတယ်။

ဒီဆိုရင် တရုတ်ဟင်းချက်လက်ရာေတွ ကျွမ်းကျင်တဲ့သီရိလက်ာစာဖိုမှူး Chamila D. Gunathunga ဆီကနေစင်ယူလိုက်ရအောင်…..


MAPO TOFU

Ingredients

·        တိုဖူး(ပဲပြား)                                           200ဂရမ်

·        နုပ်နုပ်စင်း ကြက်သွန်ဖြူ                 စားပွဲဇွန်းတစ်၀က်

·        ဟင်းခတ်( ဆား / အချိုမှုန့် / သကြား/ ကြက်သားမှုန့် )  စားပွဲဇွန်းတစ်ဇွန်း

·        ကြက်ပြုတ်ရည်                  ယောက်ချိုဇွန်းတဇွန်း (200ဂရမ်)

·        ပဲငံပြာရည် အကြည်၊အနောက်  စားပွဲဇွန်းတစ်ဇွန်း

·        စီချွမ်အမှုန့်           လိုသလောက်

·        ပါးပါးလှီး ကြက်သွန်မြိတ်         လိုသလောက်

·        ပါးပါးလှီး ငရုတ်သီးနီ          စားပွဲဇွန်းတစ်၀က်

·        မာလာအနှစ်                             စားပွဲဇွန်းတစ်၀က် တရုတ်ငရုတ်အနှစ်       စားပွဲဇွန်းတစ်၀က်

·        အမဲသားနုပ်နုပ်စင်း                  100ဂရမ်

·        နုပ်နုပ်စင်းမုန်ညင်းချဥ်        25ဂရမ်

·        စီချွမ်ဆီ                                  လိုသလောက်

·        အာလူးမှုန့်(သို့) ပြောင်းဖူးမှုန့်         လိုသလောက်


ပြုလုပ်နည်း

၁။ ပထမဦးစွာ ပဲပြား(တိုဖူး)ကို အတုံးလေးတွေတုံးပြီး သကြား၊ ပဲငံပြာရည်တို့နဲ့ ၂မိနစ်လောက်ပြုတ်ပြီး ဘေးဖယ်ထားပါ။

၂။ ဒယ်အိုးကို ဆီထည့်အပူပေးပြီး နုပ်နုပ်စင်းအမဲသား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ဆီ (မြန်မာငရုတ်ဆီနီထည့်လဲရပါတယ်။)တို့ကိုထည့်ပါ။ အနံ့မွှေးလာရင် မာလာအနှစ်၊ ငရုတ်နှစ်၊ ငရုတ်သီးတို့ကိုထည့်ပြီး နှံ့အောင်မွှေပါ။

၃။ ကြက်ပြုတ်ရည်၊ မုန်ညင်းချဥ်နှင့် ကြက်သွန်မြိတ် ထည့်ပြီး သေချာထပ်မွှေပါ။ တိုဖူး (ရေများကိုဖယ်လိုက်ပါ။) နှင့် ဟင်းခတ်ပစ္စည်းများထည့်ပါ။

၄။ နောက်ဆုံးမှာ စီချွမ်ဆီနီနှင့် အာလူးအမှုန့်(ရေရောပြီး) ပျစ်အောင်ထည့်ပါ။ ဒယ်အိုးထဲမှာ အားလုံးကို သိမအောင်သေချာသတိထားပြီးမွှေပါ။ (တိုထူးများမကြေအောင်မွှေပါ။)

၅။ တည်ခင်းမည့် ပန်းကန်ထဲထည့်ပြီး စီချွမ်ငရုပ်ကောင်းမှုန့် ၊ ပါးပါးလှီးကြက်သွန်မြိတ်တို့ဖြင့် အလှဆင်ပါ။

၆။ အမဲသားအစား ကြက်သား၊ ၀က်သားတို့ဖြင့် အစားထိုးနိုင်ပါတယ်။ တကယ်လို့ သက်သတ်လွတ်မာဖိုတိုဖူးချက်ချင်ရင်တော့ အသားနဲ့ မာလာအနှစ် မထည့်ပါနဲ့။ မာလာအနှစ်ကို များသောအားဖြင့် အမဲဆီနဲ့ချက်ထားတာကြောင့်ပါ။

ဟင်းချက်နည်းလေးနဲ့ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ တကယ်လိုချက်စားဖြစ်ရင်လဲ commentမှာလာ ပြောပြပေးပါအုန်းနော်.......



Chef: Chamila D. Gunathunga

Editor: Hsu Myat Oo

Comments