အမဲအူစွပ်ပြုတ်

 အမဲအူစွပ်ပြုတ်



အခုအချိန်လေးက ကိုဗစ်ကာလလေးလဲဖြစ်၊ အပြင်လဲမထွက်ချင်ကြဘူး၊ မိုးရာသီလဲဖြစ်တာကြောင့် မိုးအေးအေးလေးမှာ ပူပူစပ်စပ်လေးတွေကို တောင့်တတတ်ကြတယ်မဟုတ်လား။ ရာသီလေးနဲ့လဲလိုက်ဖက်သွားအောင် ဒီနေ့Recipeလေးဖြစ်တဲ့ အမဲအူပြုတ်လေးလုပ်စားကြရအောင်။ ဆုုမြတ်လုပ်ပြထားတဲ့နည်းလေးကတော့ အိမ်မှာလုပ်စားနေကြ ရိုးရှင်းတဲ့နည်းလေးဖြစ်ပါတယ်။ တကယ်လို့များ ဆုမြတ်နည်းနဲ့မတူညီတဲ့ ပြုလုပ်နည်းလေးတွေရှိရင် Commentမှာ ပြန်လည်ဝေမျှသွားလို့ရပါတယ်နော်……………………………..
ပါဝင်ပစ္စည်းများ
အမဲအူ ၅ဝဝဂရမျ
ဂျင်း ၃-၄ဂရမ်
ကြက်သွန်ဖြူ ၅မြွှာ
စပါးလင် ၁ပင်
ကြက်သွန်နီ ၂ဥ
နနွင်း အနည်းငယ်
ငရုတ်သီးမှုန့်(အရောင်တင်မှုန့်) အနည်းငယ်
ဆား အနည်းငယ်
ဆီ အနည်းငယ်
Dashiရေညှိအမှုန့် အနည်းငယ်
ရေ ၁လီတာ
ရှောက်ရွက် ၃ရွက်
ငရုတ်သီးတောင့် ၃တောင့်
သံပရာသီး ၁လုံး
ကြက်သွန်မြိတ် အနည်းငယ်
နံနံပင် အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ စပါးလင်ကို နုပ်နုပ်စင်းပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် နုပ်နုပ်စင်းထားတဲ့ စပါးလင်ကို ကြိတ်စက်ထဲထည့်ပြီး အနှစ်ရလာအောင်ကြိတ်ပါ။ အမဲအူနှင့် အူကြမ်းများကို အညှိအချွဲများ ကုန်သွားတဲ့ထိ သေချာဆေးကြောပေးပါ။
၂။ အမဲအူနှင့်အူကြမ်း၊ ဆား၊ ငရုတ်သီးအစိမ်းမှုန့်(အရောင်တင်မှုန့်)၊ နနွင်း၊ Dashiရေညှိအမှုန့်နှင့် ခနကကြိတ်ထားတဲ့စပါးလင်၊ ကြက်သွန်အနှစ်တို့ကိုနယ််ပြီး မိနစ်၃ဝလောက်နှပ်ထားပေးပါ။ ချက်မယ့်အိုးထဲကို ဆီထည့်ပြီး ဆီကျက်ပြီဆိုရင်တော့ အမဲအူများကိုထည့်ပြီး ၁၅မိနစ်လောက်ချက်ပေးပါ။ ရေ၁လီတာထည့်ပြီး နောက်ထပ်၁နာရီလောက်ထပ်ချက်ပေးပါ။ ၁နာရီပြည့်ပြီဆိုရင်တော့ အမဲအူကျက်ပြီလားဆိုတာကို မြည်းကြည့်ပါ။အမဲအူနူးညံ့သွားတဲ့အထိချက်ပေးပါ။
၃။ အမဲအူနှင့် အရည်ကိုပန်းကန်ထဲမှာထည့်ပြီး ရှောက်ရွက်၊ နံနံပင်၊ ငရုတ်သီးကို ပါးပါးလေးတွေလှီး၊ ကြက်သွန်မြိတ်ပါးပါးလှီးနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး အရသာမြည်းပြီးသုံးဆောင်နိုင်ပါပြီ။ (ဆားလိုပါက မိမိကြိုက်နှစ်သက်သလို ထည့်နိုင်ပါတယ်)
,....,.............................................................................................
Myanmar people eat beef intestine and tripe soup as a main dish and also eat as a snack. A lot of street food seller sell beef intestine and tripe soup and salad. Beef intestine and trip soup is most suitable for winter and rainy season.

Beef intestine and tripe soup
Ingredients
Beef Intestine and Tripe 500 G
Ginger 3-4 G
Garlic 5 Glove
Lemongrass 1
Onion 2 Pcs
Turmeric Little
Chilli powder Little
Salt Little
Oil Little
Dashi Powder Little
Water 1L
Lime leave 3 Leaves
Pepper Little
Green Chilli 3 Pcs
Lime 1 Pcs
Spring Onion Little
Coriander Leave Little
Instructions
1. Minced lemongrass and put garlic, ginger, minced lemongrass in motor and made paste. Wash beef intestine and tripe with water.
2. Mix beef, turmeric, salt, chilli powder, dashi powder with ginger paste and marinade 30min. Put beef mix in a pot and add oil. Put a pot over stove and cook for 15min. Add water and cook for 1hr. Taste and chew. If beef isn’t soft , cook more.
3. Put beef soup in bowl and serve with slice lime leaves, coriander leave, green chilli, spring onion and pepper. ( Add you desire and eat)
ဆုမြတ်ဦး

Comments