ကောင်းကျိုးတွေတပုံကြီးရစေမယ့် ကော်ဖီEye mask

 ကောင်းကျိုးတွေတပုံကြီးရစေမယ့် ကော်ဖီEye mask



သင်က ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ ကော်ဖီနဲဲ့ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေကိုလဲ ကြိုက်နှစ်သက်မှာ သေချာပါတယ်။ ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်တဲ့ ဓာတ်ပစ္စည်းတွေ အပြည့်ပါဝင်ပြီးတော့ မျက်လုံးမို့တာတွေ၊ အမဲစက်တွေ၊ မျက်အိတ်တွေကဲ့သို့သော ပြဿနာတွေအတွက် ကော်ဖီရဲ့ကဖင်းက အကျိုးသက်ရောက် အများကြီးပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီက အစွန်းထက်လှတဲ့ အလှအပဆိုင်ရာ အထောက်အပံ့တွေ ပေးစွမ်းနိုင်ပါတယ်။
အကျိုးကျေးဇူးများ
............................
ကော်ဖီမှာ UVကြောင့် ဆဲလ်များပျက်ဆီးခြင်းကို ကာကွယ်ပေးပြီး စောစောစီးစီး မျက်စိနားတစ်ဝိုက်တွင် အရေးအကြောင်းများပေါ်ခြင်းလိုမျိုး အသားအရည်ပျက်စီးခြင်းများကို နှေးကွေးစေပါတယ်။
ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က အသားအရည်ကို ဝင်းပစေတယ်၊ မျက်လုံးတွေကို ပြည့်အစ်နေခြင်း မရှိဘဲ ချောမွေ့နေစေပါတယ်၊ Free radicalsများကို တိုက်ခိုက်စေနိုင်တယ်၊ မျက်ကွင်းညိုခြင်းတွေနဲ့ မျက်လုံးအနားတစ်ဝိုက် ဖြစ်ပေါ်ခြင်းတို့ကို လျော့ကျစေနိုင်ပါတယ်။
ကြိတ်ထားတဲ့ကော်ဖီက အသားအရည်ကို တောက်ပစေပြီး အနီစက်များဖြစ်ပေါ်ခြင်း စတဲ့ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။
ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က သွေးလည်ပတ်မှုကို ကောင်းစေပြီး မျက်အိတ်အောက်နဲ့ မျက်ကွင်းတွေကို ဖြစ်စေတဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။
အုန်းဆီကို မျက်ဝန်းအောက်ပိုင်းတစ်ဝိုက်ကို အစိုဓာတ်ရအောင် သုတ်လိမ်းပြီး နူးညံ့ပြီး ချောမွေ့အောင် ထားထားပါ။ အုန်းဆီက မျက်ဝန်းအောက်ပိုင်းတစ်ဝိုက်ကို ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးတာကြောင့် အရေးအကြောင်းများ၊ မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။ ခြောက်သွေ့တာအသားအရည်က အရေးအကြောင်းတွေကို စောစောဖြစ်စေပြီး အုန်းဆီက ကာကွယ်ပေးနိုင်ပါတယ်။
မျက်ဝန်းအောက်ခြေတစ်ဝိုက် နူးညံ့ပြီး အားဖြည့်စေရန်၊ မျက်အိတ်တွေနဲ့ ရောင်ရမ်းခြင်းတွေကနေ လျော့ကျစေဖို့၊ မျက်ကွင်းညိုတာတွေကို လျော့ကျစေဖို့၊ အရေးအကြောင်းတွေကို သက်သာစေဖို့ အစိုဓာတ်ပေးနိုင်တဲ့ Eye Maskတွေက အမြဲလိုအပ်လို့ နေပါတယ်။
ဒီလိုEye maskလေးကို အိမ်တွင်းမှာ ရှိတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ တကယ့်ကိုလွယ်လွယ်ကူကူလေး လုပ်ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ
.................................
ကော်ဖီမှုန့် စားပွဲဇွန်း၂ဇွန်း
အုန်းဆီ စားပွဲဇွန်း၂ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
.......................................
၁။ပန်းကန်လုံးထဲကို ကော်ဖီမှုန့်တွေကို ထည့်ပါ။
၂။ အုန်းဆီကို ထပ်ရောထည့်ပါ။
၃။တသားတည်းဖြစ်သွားအောင် သေချာရောမွှေပေးပါ။
၄။ကဲ မျက်ဝန်းလေးများ Eye Maskကို လိမ်းပေးဖို့အတွက် အရင်ဆုံးမျက်နှာသစ်ပါ။ မျက်နှာမှာ တခြားလိမ်းထားတာတွေ မရှိမှEye Maskကကောင်းကောင်းစိမ့်ဝင်နို်င်မှာ ဖြစ်ပါတယ်။
၅။ ကော်ဖီနဲ့အုန်းဆီ ပြုလုပ်ထားတာလေးကို မျက်ဝန်းတစ်ဝိုက်မှာ သုတ်လိိမ်းပြီး ၁၅မိနစ်လောက်ထားပေးပါ။
၆။၃(သို့)၄မိနစ်လောက် ညင်သာစွာ လက်ချောင်းလေးတွေနဲ့ နှိိပ်နယ်ပေးပါ။
၇။ ညဘက်သုံးတာဆိုရင်တော့ ကော်ဖီမှုန့်လေးတွေကို ဖယ်ပစ်ပြီး အိပ်လို့ရပါတယ်။
တစ်ပတ်ကို ၃(သို့) ၄ကြိမ်လောက် သုံးပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ရလဒ်တွေကို မြန်မြန်ဆန်ဆန် ရရှိစေမှာပါ။


Author-- Admin(Hsu Myat)
First Class

Comments