Food Posioning (အစာအဆိပ်သင့်ခြင်း)

အစာအဆိပ်သင့်ခြင်း
ဒီနေ့တော့ အပြောင်းအလဲလေးဖြစ်အောင် အစားအသောက်အဆိပ်သင့်ခြင်းအကြောင်းလေး ပြောင်းပြီးပြောမယ်နော်။ အခုခေတ်က ပြည်သူပြည်သားတွေကလဲ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးအကြောင်းကိုလဲ သိလာကြပြီ သေချာလဲသတိထားပြီးစားသောက်လာကြတယ်။ ရှောင်သင့်တာတွေလဲ ရှောင်ပြီးစားတတ်နေကြပြီဆိုတော့ နည်းနည်းလောက်ဆွေးနွေးတဲ့ပုံစံလေး ရေးမယ်နော်။ 👨👨👩👩
အစာအဆိပ်သင့်ခြင်းဆိုတာကတော့ အစားအသောက်ထဲမှာ ဓာတုပစ္စည်းတစ်ခုခု (သို့) ဇီဝပိုးမွှားများ ပါဝင်ပြီး လူသားများကိုအန္တရာယ်ဖြစ်စေပြီး ဖျားနာခြင်း🤒🤒🤒၊ ဝမ်းပျက်ဝမ်းလျောခြင်း😥😥😥နှင့် အော့အန်ခြင်း😵😵😵များ ဖြစ်ခြင်းကိုဆိုလိုပါတယ်။ ဒီလိုအစာအဆိပ်သင့်ခြင်းက စိုက်ပျိုးနေတဲ့အချိန်ကစပြီး စားသုံးတဲ့ပန်းကန်ကို ရောက်တဲ့ထိအဆင့်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ စိုက်ပျိုးချိန်အတွင်းဖြစ်စဉ်တွေမှာတော့ ဥပမာ- စို်က်ပျိုးနေချိန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အရွက်ဖြန်းဆေးနှင့် အားဆေးများကြောင့် ဖြစ်နိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကနေ အစားအသောက်ဘေးအန္တရာယ်ဖြစ်စေတဲ့ အချက်တွေမှာတော့ စိုက်ပျိုးစဉ်၊ ရိတ်သိမ်းစဉ်၊ တင်ပို့စဉ်၊ သိုလှောင်စဉ်၊ ထုပ်ပိုးစဉ်၊ ရောင်းချနေတဲ့အချိန်မှ စားသုံးတဲ့အချိန်ထိ ဘေးပတ်ဝန်းကျင်မှ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ (ဥပမာ - လေ၊ရေ၊မြေကြီး၊ထုပ်ပိုးပစ္စည်းများ၊အစားအသောက်တစ်ခု ထုတ်လုပ်စဉ်၊ ချက်ပြုတ်စဉ်သုံးစွဲတဲ့ပစ္စည်းများနှင့် သဘာဝအလျောက်တွေ့ရတဲ့ အရာတွေကြောင့် အန္တရာယ်ဝင်လာတတ်ပါတယ်။

အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ



လက်ဆေးပါ။
 အစားအသောက်များကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ဆေးပါ။
 သွေး (သို့) တိရိစ္ဆာန်အရည်များကို ထိတွေ့ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးပါ။
 အိမ်သာကထွက်လာပြီး မချက်ပြုတ်ခင်လက်ဆေးပါ။
 ချက်ပြုတ်နေစဉ်အတွင်း နှာချေ၊ ချောင်းဆိုးပြီးတာနဲ့ လက်ဆေးပါ။
 အစာမစားခင် လက်ဆေးပါ။
 ချက်ပြုတ်မယ့် အစားအသောက်ကုန်ကြမ်းတွေကို မကိုင်ခင်လက်ဆေးပါ။
လက်ဆေးတဲ့အချိန်မှာ…..
 ရေများများနဲ့ဆေးပါ။
 ဆပ်ပြာနဲ့သေချာဆေးပါ။ (အရည်ဖြစ်ရင်ပိုကောင်းပါတယ်။)
 လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းနှင့် လက်ခုံများကို သေချာပွတ်တိုက်ဆေးပါ။
 ၇၀% အယ်ကိုဟော အခြေခံတဲ့လက်ဆေးဆပ်ပြာနဲ့ဆေးပါ။

အစားအသောက်ဘေးအန္တရာယ် ကျရောက်ခြင်းအနည်းဆုံးဖြစ်ဖို့ ဘာတွေလုပ်သင့်သလဲ။


ဘေးဖြစ်စေတဲ့ဘတ်တီးရီးယားတွေက အစားအသောက်ကုန်ကြမ်းတွေကနေ ချက်ထားတဲ့အစားအသောက် (သို့) အသင့်စားအစားအသောက်ထဲကို ဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့်မချက်ရသေးတဲ့ ကုန်ကြမ်းတွေကို တခြားချက်ထားတဲ့အစားအသောက်တွေနဲ့ သပ်သပ်စီခွဲထားပါ။
နှာချေ၊ ချောင်းဆိုးတာတွေကို အစားအသောက်နဲ့ဝေးတဲ့နေရာမှာ ချေပြီးလက်ပြန်ဆေးပါ။ ချက်ထားတဲ့အစားအသောက်တွေကို သိမ်းတဲ့အခါမှာလဲ သင့်တော်ပြီးသေချာသတ်မှတ်ပေးထားတဲ့ ဘူးထဲမှာထည့်သိမ်းပါ။ တစ်ချို့ဘူးတွေက အစားအသောက်နဲ့ထိပြီးရင် ဓာတ်ပြောင်းတတ်ပါတယ်။ ဇွန်းတစ်ချောင်းတည်းကို ဟင်းမြည်းဖို့အတွက် မဆေးပဲထပ်ခါထပ်ခါမသုံးပါနဲ့။ လက်ကိုဟင်းမြည်းဖို့အတွက် မသုံးပါနဲ့။
အစားအသောက်ချက်ပြုတ်နေစဉ်မှာ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ််သောက်ပြီးရင်လဲ လက်သေချာဆေးပါ။ ဓာတုပစ္စည်းတွေပါတဲ့ဘူးခွက်တွေကို အစားအသောက်ချက်ပြုတ်သိမ်းဆည်းတဲ့နေရာနားမှာ မထားပါနဲ့။ ဓာတုပစ္စည်းထည့်ထားတဲ့ ဘူးခွက်တွေကိုလည်း သေချာတံဆိပ်ကပ်ထားပေးပါ။ မူရင်းဘူးခွံကနေတခြားပြောင်း မထည့်ပါနဲ့။
အစားအသောက်ကိုင်တွယ်တဲ့လက်ကို သေချာဆေးပါ။ မီးဖိုချောင်သုံးအဝတ်များကို သေချာလျော်ပါ။ မချက်ပြုတ်ခင်နဲ့ ချက်ပြုတ်ပြီးအစားအသောက်များကို ခုတ်ထစ်ဖို့စဉ်းတီတုံးကို ခွဲထားတာပိုကောင်းပါတယ်။ ရေခဲသေတ္တာထဲမှာ အစားအသောက်အစိမ်းတွေနဲ့ ချက်ပြီးသားအစားအသောက်များကို တစ်ကန့်ထဲမှာတူတူမထည့်ပါနဲ့။ အစားအသောက်များကို သေချာကျက်အောင်ချက်ပါ။ ရေခဲသေတ္တာအပူချိန်ကို အမြဲစစ်ပါ။
ရေခဲသေတ္တာထဲထည့်သိမ်းမယ့် ချက်ပြီးသားအစားအသောက်တွေကို လုံးဝအေးသွားပြီးမှထည့်ပါ။ ကြာကြာသိမ်းချင်တဲ့ အစားအသောက်တွေကို ရက်စွဲသေချာတပ်ပြီးမှသိမ်းပါ။

Hsu Myat Oo
##FoodPosioning

Comments