အခုတလော ကိုဗစ်ကာလလဲဖြစ်၊ အလုပ်လဲသိပ်မလုပ်ရ၊ လှုပ်လှုပ်ရှားရှားလဲသိပ်မလုပ်ရတာကြောင့် ၀ိတ်ချတဲ့သူတွေများလာပါတယ်။ ၀ိတ်ကျချင်ရင်ဘာတွေလုပ်သင့်လဲဆိုတာကို သိသလောက်လေး ဝေမျှပေးမယ်နော်။












အသားဖြစ်တဲ့ ပရိုတင်းများများစားပါနော်။ ပရိုတင်းစားပေးတာကြောင့် အစာစားချင်စိတ်ခနခနဖြစ်တာကို နည်းစေပါတယ်။ ပရိုတင်းက ဇိဝဖြစ်စဉ်ကိုမြန်စေပြီး အစာစားချင်စိတ်ကိုလျော့စေတာကြောင့် ၀ိတ်ကျစေပါတယ်။ 













သကြားပါတဲ့ အချိုရည်တွေ၊ ဆိုဒါနှင့် အသီးဖျော်ရည်တွေကို ရှောင်ပါ။ ဒီထဲမှာပါတဲ့ သကြားရည်တွေက ၀ိတ်တက်စေတယ်လို့ အနောက်နိုင်ငံများရဲ့ဝိတ်ချနည်းမှာ လက်ခံထားကြပါတယ်။ ကိုယ်တွေနိုင်ငံမှာလဲ ၀ိတ်ချချင်ရင် သကြားပါတဲ့အအေးတွေ မသောက်ကြဘူးလေနော်။ 













ရေများများသောက်ပါ။ ရေများများသောက်တာက ဇီဝကမ္မဖြစ်စဉ်တွေကို မြန်စေပါတယ်။ ထမင်းမစားခင် နာရီဝက်လောက်မှာ ရေသောက်ပေးတာကြောင့် အစားအသောက်တွေကနေ ကယ်လိုရီစားတာနည်းအောင် ကူညီပေးပါတယ်။













ကိုယ်အလေးချိန်ကျချင်ရင်၊ မလိုချင်တဲ့အဆီတွေ လောင်ကျွမ်းသွားစေချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ၀ိတ်ကျသွားခဲ့ရင်တောင် ကြွက်သားတွေဆုံးရှုံးတတ်တာကြောင့် လေ့ကျင့်ခန်းနည်းနည်းလုပ်ပေးပါ။ GYMမသွားဖြစ်ရင်တောင် အိမ်မှာပဲပေါ့ပေါ့ပါးပါးလေးတွေလုပ်ပါ။















ကာဗွန်ဟိုဒရိတ်ကိုလျော့စားပါ။ ၀ိတ်ကျချင်တယ်ဆိုရင်တော့ အထိရောက်ဆုံးနည်းက ကာဗွန်ဟိုဒရိတ်ကို လျော့စားတာဖြစ်ပါတယ်။ ဒီလိုလျော့လိုက်တာက ကျန်းမာရေးအတွက်လဲ အများကြီးပိုကောင်းလာစေပါတယ်။ ကယ်လိုရီတွေအများကြီးလဲ မစားဖြစ်တော့ပါဘူး




Comments
Post a Comment