ကျန်းမာရေးအတွက် ကောင်းတဲ့အဆီများ

ကျန်းမာရေးအတွက် ကောင်းတဲ့အဆီများ


ကျန်းမာရေးအတွက် ဂရုစိုက်ဖို့လိုအပ်လာပြီဆိုရင် အဆီဆိုတဲ့အရာက ကောင်းတဲ့အဆီတွေရှိသလို တစ်ခါတစ်လေမှာ မကောင်းတဲ့အရာလည်း ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ကအဆီကို လိုအပ်တဲ့အချိန်မှာ အားအင်တွေတိုးလာဖို့၊ ဆဲလ်တွေကောင်းကောင်း အလုပ်လုပ်ဖို့၊ ခန္ဓာကိုယ်ရှိ အင်္ဂါတွေကို ကာကွယ်ပေးဖို့၊ ခန္ဓာကိုယ်နွေးနေအောင် ထိန်းထားဖို့နဲ့ စားလိုက်တဲ့အစားအစာတွေကနေ အာဟာရဓာတ်တွေကို စုပ်ယူနိုင်အောင်နှင့် ဟော်မုန်းတွေထုတ်လုပ်ဖို့အတွက် ကောင်းတဲ့အဆီစားပေးဖို့ လိုအပ်ပါတယ်။

သံလွင်ဆီ - ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီအဖြစ် နာမည်ကြီးပါတယ်။ သံလွင်သီးအမှည့်ကနေ ထုတ်ထားတဲ့ဆီဖြစ်ပြီး ပါစတာ၊ ပေါင်မုန့်နှင့် အသုပ်တွေမှာ အများဆုံးသုံးကြပါတယ်။


ကာနိုလာဆီ - ကာနိုလာဆီက ပြည့်ဝဆီနည်းတာကြောင့် တစ်ရက်ကို စားပွဲဇွန်း၁ဇွန်းခွဲစားပေးမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းတာ လျော့ကျစေပါတယ်။ အပူချိန်ပြင်းပြင်းမှာ ကြော်တာ၊ လှော်တာတွေအတွက် အသုံးပြုလို့ ရပါတယ်။ တခြားဟင်းရွက်ဆီများနှင့် အစေ့ဆီများလို အနံ့မရှိတာကြောင့် အသုပ်လိုမျိုးမှာ တခြားဆီကို သုံးသင့်ပါတယ်။


Flaxseed Oil - Flaxseed Oilမှာက Alpha-linoleic Acid နှင့် သံလွင်ဆီနဲ့ ကာနိုလာဆီတွေမှာသာပါဝင်တဲ့ အိုမီဂါ-၃-ဖက်တီးအက်စစ် ၃မျိုးထဲက တစ်မျိုးပါဝင်ပါတယ်။ ခန္ဓာကိုယ်က အိုမီဂါ-၃ကို သူ့ဘာသာမထုတ်နိုင်တာကြောင့် နေ့စဉ်စားသောက်မှုတွေမှာ ပါဝင်နေဖို့ လိုအပ်ပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းက စပြီး ကင်ဆာရောဂါအထိ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဆီကအပူပေးလိုက်ရင် မကောင်းတာကြောင့် အသုပ်တွေနဲ့ အအေးစာတွေမှာ အသုံးပြုတာအကောင်းဆုံးပါပဲ။


နှမ်းဆီ - အာရှအစားအစာများနှင့် အိန္ဒိယအစားအများအတွက် မရှိမဖြစ်လိုအပ်တဲ့ဆီတစ်မျိုးပါပဲ။ နှမ်းဆီကို မွှေကြော်တွေအတွက် ပါးပါးလေး သုံးပေးခြင်းနှင့် အသုပ်တွေ၊ ဆော့စ်တွေအတွက် နှမ်းနက်ဆီကို အသုံးပြုနိုင်ပါတယ်။


သစ်ကြားစေ့ဆီ - စျေးလဲကြီးသလို နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့အိုမီဂါ-၃ အပြင်တခြားသတ္ထုဓာတ်များ ပါဝင်ပါတယ်။ အချိုပွဲများနှင့် အစေ့အဆန်အနံ့၊ အရသာလိုချင်တဲ့ ပွဲမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။


ထောပတ်သီးဆီ - ထောပတ်သီးဆီမှာ Monounsaturated Fatty Acidမြင့်မားစွာပါပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုလက်စရောအဆင့် မြင့်မားစွာပါဝင်ပါတယ်။ ထောပတ်သီးဆီက စားလိုက်တဲ့အစာအာဟာရဓာတ်တွေကို ခန္ဓာကိုယ်တွင်းထိ မြန်မြန်စုပ်ယူပေးနိုင်ပါတယ်။ Smoke Pointမြင့်တာကြောင့် အပူချိန်မြင့်မြင့်မှာ ကြော်လှော်တာတွေအတွက် အကောင်းဆုံးဆီလို့ ပြောရမှာပဲ။


စပျစ်သီးဆီ - စပျစ်သီးဆီက ပြည့်ဝဆီပါဝင်မှုနည်းပြီး Smoke Pointမြင့်တာကြောင့် ကြော်လှော်တာ၊ ကင်တာတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အကောင်းဆုံးရွေးချယ်ဆီတစ်မျိုးပါပဲ။ အစေ့အဆန်အနံ့အရသာလေးတွေ ရတတ်ပြီး အနံ့မပြင်းတာကြောင့် အသုပ်တွေ၊ ဟင်းသီးဟင်းရွက်တွေကို ကင်စားတဲ့အချိန်မျိုးမှာ အကောင်းဆုံးအဆီပါပဲ။


Author- Hsu Myat Oo

Comments