အစားအသောက်ဘေးအန္တရာယ် ကျရောက်ခြင်းအနည်းဆုံးဖြစ်ဖို့ ဘာတွေလုပ်သင့်သလဲ။

 အစားအသောက်ဘေးအန္တရာယ် ကျရောက်ခြင်းအနည်းဆုံးဖြစ်ဖို့ ဘာတွေလုပ်သင့်သလဲ။



    ဘေးဖြစ်စေတဲ့ဘတ်တီးရီးယားတွေက အစားအသောက်ကုန်ကြမ်းတွေကနေ ချက်ထားတဲ့အစားအသောက် (သို့) အသင့်စားအစားအသောက်ထဲကို ဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့်မချက်ရသေးတဲ့ ကုန်ကြမ်းတွေကို တခြားချက်ထားတဲ့အစားအသောက်တွေနဲ့ သပ်သပ်စီခွဲထားပါ။

    နှာချေ၊ ချောင်းဆိုးတာတွေကို အစားအသောက်နဲ့ဝေးတဲ့နေရာမှာ ချေပြီးလက်ပြန်ဆေးပါ။ ချက်ထားတဲ့အစားအသောက်တွေကို သိမ်းတဲ့အခါမှာလဲ သင့်တော်ပြီးသေချာသတ်မှတ်ပေးထားတဲ့ ဘူးထဲမှာထည့်သိမ်းပါ။ တစ်ချို့ဘူးတွေက အစားအသောက်နဲ့ထိပြီးရင် ဓာတ်ပြောင်းတတ်ပါတယ်။ ဇွန်းတစ်ချောင်းတည်းကို ဟင်းမြည်းဖို့အတွက် မဆေးပဲထပ်ခါထပ်ခါမသုံးပါနဲ့။ လက်ကိုဟင်းမြည်းဖို့အတွက် မသုံးပါနဲ့။

    အစားအသောက်ချက်ပြုတ်နေစဉ်မှာ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ််သောက်ပြီးရင်လဲ လက်သေချာဆေးပါ။ ဓာတုပစ္စည်းတွေပါတဲ့ဘူးခွက်တွေကို အစားအသောက်ချက်ပြုတ်သိမ်းဆည်းတဲ့နေရာနားမှာ မထားပါနဲ့။ ဓာတုပစ္စည်းထည့်ထားတဲ့ ဘူးခွက်တွေကိုလည်း သေချာတံဆိပ်ကပ်ထားပေးပါ။ မူရင်းဘူးခွံကနေတခြားပြောင်း မထည့်ပါနဲ့။
အစားအသောက်ကိုင်တွယ်တဲ့လက်ကို သေချာဆေးပါ။ မီးဖိုချောင်သုံးအဝတ်များကို သေချာလျော်ပါ။ မချက်ပြုတ်ခင်နဲ့ ချက်ပြုတ်ပြီးအစားအသောက်များကို ခုတ်ထစ်ဖို့စဉ်းတီတုံးကို ခွဲထားတာပိုကောင်းပါတယ်။ ရေခဲသေတ္တာထဲမှာ အစားအသောက်အစိမ်းတွေနဲ့ ချက်ပြီးသားအစားအသောက်များကို တစ်ကန့်ထဲမှာတူတူမထည့်ပါနဲ့။

    အစားအသောက်များကို သေချာကျက်အောင်ချက်ပါ။ ရေခဲသေတ္တာအပူချိန်ကို အမြဲစစ်ပါ။

    ရေခဲသေတ္တာထဲထည့်သိမ်းမယ့် ချက်ပြီးသားအစားအသောက်တွေကို လုံးဝအေးသွားပြီးမှထည့်ပါ။ ကြာကြာသိမ်းချင်တဲ့ အစားအသောက်တွေကို ရက်စွဲသေချာတပ်ပြီးမှသိမ်းပါ။

Hsu Myat Oo

Comments