အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ

အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ



--လက်ဆေးပါ။
 အစားအသောက်များကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ဆေးပါ။
 သွေး (သို့) တိရိစ္ဆာန်အရည်များကို ထိတွေ့ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးပါ။
 အိမ်သာကထွက်လာပြီး မချက်ပြုတ်ခင်လက်ဆေးပါ။
 ချက်ပြုတ်နေစဉ်အတွင်း နှာချေ၊ ချောင်းဆိုးပြီးတာနဲ့ လက်ဆေးပါ။
 အစာမစားခင် လက်ဆေးပါ။
 ချက်ပြုတ်မယ့် အစားအသောက်ကုန်ကြမ်းတွေကို မကိုင်ခင်လက်ဆေးပါ။
လက်ဆေးတဲ့အချိန်မှာ…..
 ရေများများနဲ့ဆေးပါ။
 ဆပ်ပြာနဲ့သေချာဆေးပါ။ (အရည်ဖြစ်ရင်ပိုကောင်းပါတယ်။)
 လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းနှင့် လက်ခုံများကို သေချာပွတ်တိုက်ဆေးပါ။
 ၇၀% အယ်ကိုဟော အခြေခံတဲ့လက်ဆေးဆပ်ပြာနဲ့ဆေးပါ။

Hsu Myat Oo

Comments