"အညာသီးစုံဟင်း"

 "အညာသီးစုံဟင်း"


ပါဝင်ပစ္စည်း..

ခရမ်းသီးအနေတော် တစ်လုံး
အာလူး အကြီး တစ်လုံး
ခဝဲသီးအနေတော် တစ်တောင့်
ပဲတောင့်ရှည် ငါးတောင့်
ရုံးပတီသီး ငါးတောင့်
ပုဇွန်ခြောက် ထမင်းစားဇွန်းသုံးဇွန်း
စိမ်းစားငပိ ထမင်းစားဇွန်းတစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်းတဇွန်း
ခရမ်းချဉ်သီးအကြီး တစ်လုံး
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဝက်
ငရုတ်သီးစိမ်း ဆယ်တောင့်
ဂျင်းထောင်း တစ်လက်မ (ထောင်းထား)
ကြက်သွန်ဖြူ သုံးမွှာ (ထောင်းထားပါ)
ဆီ သုံးဇွန်း
ပင်စိမ်း တစ်ခက်
တို့ဖြစ်ပါတယ်...

ချက်ပြုတ်နည်း..


၁။ ခရမ်းသီး၊အာလူး၊ပဲသီး၊ခဝဲသီးတို့ကို တစ်လက်မအရွယ် ညီတူ လှီးဖြတ်ပြီးရေဆေးကာ ချက်မည့်ဒယ်ထဲသို့ထည့်ထားပါ။ ရုံးပတီသီးကို အတောင့်လိုက်ရေဆေးသန့်စင်ထားပါ။ အသီးနှံထည့်ထားတာတွေထဲကို ဆား၊ ငပိ၊ နနွင်း၊ဆီ၊ ဟင်းခတ်မှုန့်၊ ခရမ်းချဉ်သီးကို နုပ်နုပ်စဉ်းထားတဲ့ထည့်ပါ။ ဆီနှင့် အားလုံးရောထည့်ပြီး အရသာဝင်အောင် ခပ်ဖွဖွလေးဆုပ်နယ်ပါ၊

၂။ အားလုံးနှံစပ်သွားလျှင် ရေလေးနည်းနည်းထည့်ပြီး မီးဖိုပေါ်တည်ပါ။ အဖုံးလေးအုပ်ပီးအလယ်မီးနဲ့ချက်ပါ။ ထည့်ထားတဲ့ရေလေးခမ်းသွားပြီဆိုရင် အသီးနှံတွေနပ်မနပ်ကြည့်ုပီး ရေအနဲငယ်ထပ်ထည့်ပါ၊ရေဆူလာလို့ အသီးနှံနပ်ခါနီးမှ ရုံးပတီသီးတို့ကို တလက်မအရွယ်လှီးဖြတ်ထည့် ခဏအဖုံးအုပ်ချက်၊ ရုံးပတီသီးလဲနပ်အရသာမြည်းကြည့်လို့ စိတ်ကြိုက်အရသာရလျှင် ဆီကျန်ရေကျန်အနေထားလေးမှာ ငရုတ်သီးစိမ်း၊ ပင်စိမ်းလေးတွေထညိ့ အဖုံးအုပ်ပြီး မီးပိတ်လိုက်ပါ။ နှစ်မိနစ်လောက်နေမှ ပုဂံထဲပြောင်းထညိ့သုံးဆောင်နိုင်ပါပြီ..

ပင်စိမ်းနံ ငရုတ်သီးစိမ်းနံ့မွှေမွှေးလေးနဲ့ အညာသီးစုံဟင်းကို ချဉ်ရည်ဟင်း၊ တို့ဟူးသုပ်လေးနဲ့ဖြစ်ဖြစ် မိမိကြိုက်ရာနဲ့တွဲဖက် ထမင်းမြိ််န်မြိန်ကြီး စားနိူင်ပါပြီနော်...
အားလုံးပဲ အဆင်ပြေကြပါစေဗျ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်………………………………………

စိုးနိုင်ထွန်း
##အညာသီးစုံဟင်


Comments