ဒီနေ့တော့ ပျားရည်အကြောင်းလေး ပြောရအောင်..















......................................................................
ပျားရည်ကတော့ နေ့စဉ်စားတဲ့အစားအသောက်ထဲမှာတော့ မပါပေမယ့် ဘယ်သူနဲ့မှမစိမ်းတဲ့ အရာလို့ပြောရမှာပဲနော်။ ပျားရည်မှာက အာဟာရဓာတ်၊ သဘာဝအလျောက်ဖြစ်နေတဲ့ အချို၊ စွမ်းအင််အရင်းအမြစ်တွေနဲ့ ရှေးအရင်ခေတ်တည်းက အနာကျက်ဆေးအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။ ပျားရည်မှာအလှအပနဲ့ အသားအရည်အတွက် ထုတ်လုပ်တဲ့အလှကုန်များအတွက် ပါဝင်ပစ္စည်းအဖြစ်နှင့် ဆေးဝါးများထုတ်လုပ်တဲ့နေရာမှာလည်း အသုံးပြုကြပါတယ်။ 







ပျားရည်တွေက ဝတ်ရည်ယူလာတဲ့ပန်းအရောင်၊ မတူညီတဲသဘာဝပတ်ဝန်းကျင်က ရာသီဥတုတွေအပေါ်မူတည်ပြီး အရောင်ကွာခြားတတ်ပါတယ်။ အရသာကလည်း ပန်းပေါ်မူတည်ပြီးကွာခြားတတ်ပါတယ်။ ဟင်းချက်တာပဲဖြစ်ဖြစ်၊ ဖျော်ရည်ဖျော်သောက်တာပဲဖြစ်ဖြစ် ချွတ်ဆေးသုံးထားပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့သကြားတွေထက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ပျားရည်ကို အစားထိုးသုံးလို့ ရပါတယ်။ သကြား ၂၂၅ဂရမ်သုံးဖို့ လိုတဲ့နေရာမျိုးမှာဆို ပျားရည် ၁ရဝဂရမ်ကို အစားထိုးသုံးပေးလို့ရပါတယ်။ 









ပျားရည်ကသကြားထက်စာရင် ပိုပြီးချိုတယ်၊ ကယ်လိုရီများပြီး ကာဘိုဟိုက်ဒရိတ်လည်း ပိုမြင့်ပါတယ်။ ပျားရည်တစ်ဇွန်းမှာဆိုရင် ၂၁ဂရမ်ရှိပြီး ကယ်လိုရီ ၆၉၊ ကာဘိုဟိုက်ဒရိတ် ၁ရဂရမ်ပါဝင်ပါတယ်။ ပျားရည်မှာက သဘာဝအလျောက်ပိုးသတ်နိုင်စွမ်းရှိပြီး ဒဏ်ရာတွေကို အမြန်ဆုံးသက်သာနိုင်ရုံသာမက အမာရွတ်တွေကိုလည်း မြန်မြန်ပျောက်စေပါတယ်။ ဆေးပညာဘက်ကကြည့်မယ်ဆိုရင် ပျားရည်က အသက်ရှုကျပ်တာ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးချို၊ မှိုစွဲခြင်း၊ ရောင်ရမ်းခြင်းကနေ ကင်ဆာရောဂါများအထိ တခြားရောဂါအများကြီးကို ကုသပေးနိုင်ပါတယ်။ သံပရာရည်၂ဇွန်းနဲ့ ပျားရည်၁ဇွန်း၊ ဂျင်းရည်နည်းနည်း ရောပြီးသောက်ပေးမယ်ဆိုရင် ချောင်းဆိုးခြင်းကို သက်သာစေပြီး လည်ချောင်းကို ရှင်းစေပါတယ်။




ဒဏ်ရာကုနိုင်စွမ်းကောင်းတဲ့ ပျားရည်ကို အသားအရည်အတွက် အလှကုန်ပစ္စည်းများနှင့် ဆံသားအတွက် အလှကုန်ပစ္စည်းများမှာ နူးညံ့ပျော့ပျောင်းအောင်၊ အစိုဓာတ်ရစေဖို့အတွက် အသုံးပြုကြပါတယ်။ နှုတ်ခမ်းအဆီ၊ လိုရှင်းကနေပြီး ခေါင်းလျှော်ရည်၊ Facial Scrubအထိ ထုတ်လုပ်မှုတွေမှာ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုလျက်ရှိပါတယ်။ 

Author _ Hsu Myat Oo
Comments
Post a Comment