ပိုတက်စီယမ် ကြွယ်ဝတဲ့အစားအသောက်များ
ခန္ဓာကိုယ်က ပိုတက်စီယမ် လုံလုံလောက်လောက်မရရင် အားနည်းလာနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လာနိုင်တာကြောင့် ပိုတက်စယမ်များတဲ့ အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။
ပိုတက်စီယမ်ချို့တဲ့ခြင်းက တော်ရုံအခြေအနေမှာ မဖြစ်နိုင်ပါဘူး။ မစားမရွေးဘူးဆိုရင်ပေါ့။ အရင်တခေါက်ကလဲ ပိုတက်စီယမ်ချို့တဲ့ရင်ဖြစ်တတ်တာကို ရေးပေးထားပြီသားဖြစ်တာကြောင့် ဘာတွေစားရမလဲ ကြည့်လိုက်ရအောင်။
၁။ ဖရုံသီး - ဖရုံသီးတစ်ခွက်မှာ ပိုတက်စီယမ်၉ဝဝမီလီဂရမ် ပါဝင်ပြီး တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်၂၆%ထိ ပေးစွမ်းနိုင်ပါတယ်။ ရွှေဖရုံသီးအပါအဝင် သူ့အမျိုးနွယ်ဝင်တွေမှာ ပိုတက်စီယမ်၊ ဗီတာမင် B နှင့် C ကြွယ်ဝစွာပါဝင်ပြီး စွပ်ပြုတ်၊ ကင်စားခြင်း၊ အရံဟင်းအနေနဲ့ချက်စားကြပါတယ်။
၂။ ဟင်းနုနယ် 

- ဟင်းနုနယ်တစ်ခွက်မှာ ပိုတက်စီယမ်၈၃၆မီလီဂရမ် ပါပြီးတစ်နေ့တာလိုအပ်ချက်ရဲ့ ၂၄%ထိ ပေးနိုင်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များက Stir-fries, အသီးအရွက်များဆီပူထိုးခြင်းနှင့် အာရှဟင်းလျာများမှာ အများဆုံးသုံးကြပါတယ်။



၃။ ထောပတ်သီး 

- ကြိတ်ထားတဲ့ထောပတ်သီးတစ်ခွက်မှာ ပိုတက်စီယမ်၈၀၉ဂရမ်ပါပြီး တစ်နေ့တာလိုအပ်တဲ့၂၂%ထိကို ပေးစွမ်းနိုင်ပါတယ်။ ပိုတက်စီယမ်အပြင် အမျှင်ဓာတ်များနှင့် ဗီတာမင် B ဓာတ်များအပြည့်ပါဝင်ပါတယ်။ ထောပတ်သီးစားပေးတာကြောင့် ရောဂါတွေကာကွယ်ပြီးသားလည်းဖြစ် ၀ိတ်လဲကျ။ ဖျော်ရည်အပြင် ဘာဂါနဲ့ ဆန်းဒွစ်တွေမှာ ထည့်စားလို့ရတယ်နော်။



Comments
Post a Comment