ဗိုက်သားအလှကို ပျောက်သွားစေမယ့် အစားအစာများ

ဗိုက်သားအလှကို ပျောက်သွားစေမယ့် အစားအစာများ

--------------------------------------------------------------

ဝမ်းဗိုက်ဆိုတာကတော့ မီးဖိုချောင်နဲ့ ဆက်စပ်နေပါတယ်။ လေ့ကျင့်ခန်းတစ်ခုမှ လုပ်တာမရှိဘူးဆိုရင်တော့ ဗိုက်ခေါက်ထူထူချည်းကိုပဲ ရလာမှာပါ။ အစားအသောက်တွေကို အာဟာရပြည့်ပြည့်၊ ကျန်းမာရေးနှင့်ညီအောင် စားနေတယ်။ နေ့စဉ်လေ့ကျင့်လေးတွေကိုလည်း မှန်မှန်လုပ်နေတယ်ဆိုရင်တော့ ပုံမှန်လေ့ကျင့်ခန်းထဲမှာ ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းသင့်ပါတယ်။

ဝမ်းဗိုက်ကြွက်သားတွေကို လှပစေနိုင်မယ့် ခန္ဓာကိုယ်အလှကို ပုံဖော်ပေးနိုင်မယ့် ရွေးချယ်သင့်တဲ့ ကောင်းတဲ့ အစားအစာတွေက များပြားပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ကြွက်သားတွေကို လှပစေနိုင်ဖို့ ရှောင်ကို ရှောင်ရှားရမယ့် အစားအစာတွေ ရှိနေပါသေးတယ်။ ဒီအစားအစာ ၄ မျိုးက ဝမ်းဗိုက်အတွက် လေ့ကျင့်ခန်းရလဒ်တွေကို ဖျက်ဆီးလိုက်နိုင်ရုံသာမက ခန္ဓာကိုယ် လေးလံလာခြင်းနှင့် အစားအသောက်ပျက်ခြင်းတွေကိုပါ ခံစားရလာနိုင်ပါတယ်။


◘ သန့်စင်ထားတဲ့ သကြားများ


သန့်စင်ထားတဲ့ (သို့) ပြုပြင်ထားတဲ့ သကြားတွေက တစ်နေ့တာစားသောက်နေတဲ့ အစားအစာတွေထဲမှာ ရှောင်သင့်တဲ့ အဆိုးဝါးဆုံး အစားအစာထဲက တစ်ခုဖြစ်ပါတယ်။ ဒီလို သကြားတွေက ခန္ဓာကိုယ်တွင်းက အင်ဆူ လင်အဆင့်ကို မြင့်တက်စေပြီး ခန္ဓာကိုယ်တွင်းမှာ ကျိုးပဲ့ ပျက်စီးသွားပြီးတဲ့နောက် လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်မှ အဆီအဖြစ် သိုလှောင်ထားပါတယ်။ ဒီသကြားတွေကို ဆက်ပြီး စားနေဦးမယ်ဆိုရင် ခန္ဓာကိုယ်မှ အဆီသိုလှောင်မှုကလည်း များလာမှာဖြစ်ပြီး နောင်တစ်ချိန်မှာ ဒီအဆီ တွေကို ပြန်ဖြိုခွဲပြီး စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် လွယ်လွယ်တက် လာမှာဖြစ်ပြီး နှလုံးရောဂါ၊ ဆီးချိုနှင့် ကင်ဆာရောဂါ စတဲ့ ကျန်းမာရေးပြဿနာများလည်း အလွယ်တကူ ဝင်ရောက်ပြီး ပိုမိုဖြစ်လာစေနိုင်ပါတယ်။


◘ ကာဗွန်ဒိုင်အောက်ဆိုဒ် ထပ်ဖြည့်ထားတဲ့ အဖျော်ယမကာများ

                                                 

ကာဗွန်ဒိုင်အောက်ဆိုဒ် ထပ်ဖြည့်ထားတဲ့ အဖျော်ယမကာများ
(သို့) ဆိုဒါများက ဓာတ်ငွေ့တွေ ထပ်ဖြည့်ထားတဲ့ အအေးတွေဖြစ်တာကြောင့် ဝမ်းဗိုက်ကို ပွစေပြီး သကြားအများအပြား ပါဝင်ပါတယ်။ ဒီလိုအအေးတွေကို သောက်နေမယ်ဆိုရင်တော့ အာဟာရဓာတ် ဘာမှမရတဲ့အပြင် ကယ်လိုရီတွေကိုပဲ ရရှိလာမှာဖြစ်ပါတယ်။ အပန်းတကြီး ဆော့ထားတဲ့ ဝမ်းဗိုက်ကြွက်သားတွေက ပျောက်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အလယ်တစ်ဝိုက်မှာ အဆီတွေပဲ စုလာမှာဖြစ်ကာ နှလုံးရောဂါတွေ၊ သွေးချို၊ ဆီးချို အပြင် တခြားရောဂါပြဿနာများကိုပါ ခံစားလာမှာဖြစ်ပါတယ်။ ဒီလိုလူတွေလုပ်ထားတဲ့ အချိုတွေကို မဖြတ်ဘူး ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပျက်မှုတွေနှင့် ခန္ဓာကိုယ် အတွင်းမသိနိုင်တဲ့ ဓာတ်ပေါင်းတွေနဲ့ အဆီတွေကို ဘယ်လို လောင်ကျွမ်းရမလဲဆိုတာကို မသိသလိုမျိုး ဆိုးကျိုးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

◘ GI မြင့်သော အစားအစာများနှင့် ပြုပြင်ထားသော ကောက်ပဲသီးနှံများ


အစားအစာအားလုံးက စားသုံးပြီးရင် သွေးတွင်း သကြားအဆင့်ကို ပြောင်းလဲစေပါတယ်။ အစာခြေဖျက်လိုက်တာက အစားအစာတွေထဲမှာရှိတဲ့ သကြားကို ထွက်လာစေပါတယ်။ GI ဆိုတာကတော့ မတူညီတဲ့ အစားအစာတစ်ခုထဲမှာ ပါဝင်တဲ့ သွေးတွင်းသကြားအဆင့်ကြောင့်ဖြစ်တဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။ GI မြင့်တဲ့ အာလူးထုတ်ကုန်များနှင့် ပြန်လည်ပြုလုပ်ထားတဲ့ ကောက်ပဲသီးနှံများကို ရှောင်ရှားသင့်ပါတယ်။ ပေါင်မုန့်ဖြူများ၊ ပါစတာနှင့် ဖြူထားပြီးသား ဆန်တွေက ဝမ်းဗိုက်ကို ပွစေပြီး အင်ဆူလင်အဆင့်ကို မြင့်တက်စေကာ အဆီတွေကို သိုလှောင်ထားစေပါတယ်။ အုတ်ဂျုံ၊ ဆန်လုံးညိုလိုမျိုး ကောက်ပဲသီးနှံများနှင့် နေကြာစေ့လိုမျိုး အစေ့တွေကို စားပေးသင့်ပါတယ်။ အာလူးလေးတွေကို မုန့်ဖုတ်စက်မှာ ကင်စားမယ်ဆိုရင်တော့ အာလူးအစား ကန်စွန်းဥလိုမျိုးကို ပြောင်းလုပ်ပေးပါ။ အရမ်းကို အရသာရှိပါတယ်။

◘ ဆား



ဆားအစားများပြီဆိုရင်တော့ ခြေ၊ လက်များ ဖောရောင်လာခြင်းနှင့် ဝမ်းဗိုက်ဖောလာခြင်းတို့ ဖြစ်တတ်ပါတယ်။ အရသာပိုကောင်းလာအောင် တခြားဖြည့်စွက်ပစ္စည်းများလို ဆားတွေ အများအပြားသုံးပြီး ပြုပြင်ထားတဲ့ အစားအသောက်များနှင့် ထုပ်ပိုးထားတဲ့ အစားအသောက်များကို ဖြတ်ပစ်လိုက်ပါ။ လိုအပ်မယ်ဆိုရင်တော့ ဆား ပါဝင်မှု လျှော့ချထားတဲ့ စားသောက်ကုန်များကို ဝယ်ပါ (သို့) ဆား မပါဖို့အတွက် သေချာအောင် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး ပြင်ဆင်ပါ။

www.emilyskye.com

ဆုမြတ်ဦး

For Sports and Fitness magazine




Comments