ကျောက်စိမ်းထမင်းကြော်

 ကျောက်စိမ်းထမင်းကြော်


သဘာဝကပေးတဲ့အလှတရား
သဘာဝကပေးတဲ့အား
သဘာဝကပေးတဲ့ အသီးအရွက် 
အစားသောက်များကိုအခြေခံတဲ့ သဘာဝရဲ့ စုံစီနဖာကဏ္ဍကနေကြိုဆိုလိုက်ပါတယ်နော်..



စိမ်းဆိုနေတဲ့သစ်ပင်တွေဟာလူသားတွေအသက်ရှင်သန်ဖို့ အထောက်ကူပြုသလို မျက်စိပသာဒလဲဖြစ် အလှတရားလဲဖြစ် စေတယ်လေ။

သဘာဝတွင်းထွက်ဖြစ်ကျောက်စိမ်းဟာ လူတိုင်းကြိုက်ကြသလို အဖိုးလဲထိုက်ပါပေတယ် ဆင်မြန်းသူကိုအလှတရားနဲ့ပြည့်စုံစေပါတယ်..ကဲ ဒီနေ့တော့ အဲလိုအလှတရားနဲ့လဲပြည့်စုံ အရသာလေးလဲရှိမဲ့ အစိမ်းရောင် menu လေးတစ်ခုမျှဝေပေးမယ်ဗျာ..ကျောက်စိမ်းကိုအရမ်းကြိုက်နှစ်သက်လို့ ထမင်းကြော်နာမည်လေးကိုလဲ ကျောက်စိမ်းထမင်းကြော် လို့အမည်ပေးထားပါတယ်နော်..မြည်းစမ်းကြည့်မယ်ဆို ကျနော်နဲ့အတူလိုက်ချက်ကြရအောင်လေ😁

"ကျောက်စိမ်းထမင်းကြော်"

Ingredients..


ကြက်သား - 50 g (နုတ်နုတ်စဉ်းထား)
ပန်းဂေါ်ဖီအစိမ်း နုတ်နုတ်စဉ်း - 1/3 cup
ထိုင်ဝမ်မုံညှင်း နုတ်နုတ်စဉ်း - 1/4 cup
တရုတ်နံနံ (chinese celery) နုတ်နုတ်စဉ်း - 1/3 cup
ငရုတ်သီးစိမ်း အစေ့ထုတ်ရေဆေး နုတ်နုတ်စဉ်း (ဆယ်တောင့်)
တရုတ်နံနံ အသေး နုတ်နုတ်စဉ်း - 1 tbsp
ကြက်သွန်နီနီတစ်လုံး နုတ်နုတ်စဉ်းထား
ပဲငံပြာရည်အကြည် - 1 tbsp
ခရုဆီ - 1/2 tbsp
ကြက်သားမှုန့် - 1 tsp
ဆား - 1 tsp
Seasoning sauce - 1 tbsp
ဆီ - 2 tbsp
ငရုတ်ကောင်းမှုန့်အနဲငယ်
ကြက်ဥတစ်လုံး ကြော်ထားပါ..

Method..

ကြက်သားစဉ်းထားတာကိုခရုဆီ ပဲငံပြာရည်နဲ့ရောနယ်ပြီး ငါးမိနစ်နှပ်ထားပါ..

ဒယ်တည် ဆီထညိ့ ဆီပူလာလျှင် ကြက်သွန်နီထည့်ကြော် အနံမွှေးလာရင် ကြက်သားထည့်ကြော်ပါ..ကြက်သားအရောင်ပြောင်းလာရင် ထမင်းထည့်ကြော်ပါ အရသာမှုန့် ဆား seasoning sauce တို့ထည့်ပီး မီးပြင်းပြင်းနဲ့နှစ်မိနစ်လောက်ကြော်ပီး အရသာမြည်းပါ

အရသာစိတ်ကြိုက်ရရင် မီးလျှော့ပီး လှီးထားတဲ့ အရွက်များအားလုံးထည့်ပြီး မီးလေးနဲနဲတင်ပြီး တမိနစ်လောက်မွှေကြော် အသီးရွက်အစိမ်းရောင်တောက်လာလျှင် ငရုတ်ကောင်းဖြူး ပုဂံထဲပြောင်းထည့် ကြက်ဥကြော်နဲ့အတူ အချဉ်စသည်ဖြင့်မိမိကြိုက်ရာနဲတွဲဖက်သုံးဆောင်နိုင်ပါပြီဗျ.

ကျနော်ကတော့ ထိုင်း ice green tea လေးနဲ့ တွဲဖက်သုံးဆောင်လိုက်တယ်.ကဲဗျာ..

ကျောက်စိမ်းရောင် ခပ်စိမ်းစိမ်းကာလာလေးနဲ့ တရုတ်နံနံ ရဲ့အနံ့ပြင်းပြင်းလေးနဲ့ ပူရှိန်းရှိန်းအရသာလေးကို ခုပဲခံစားကြည့်လိုက်ပါ😁....

👨‍🍳 - စိုးနိုင်ထွန်း
##ကျောက်စိမ်းထမင်းကြော်

Comments