ဂျင်း(ချင်း)

 ဂျင်း(ချင်း)



ပန်းပွင့်တဲ့အပင်ဖြစ်တဲ့ Rhizomeရဲ့အမြစ်ဖြစ်တဲ့ဂျင်းကတော့ အာရှမီးဖိုချောင်တွေမှာ မရှိမဖြစ်ပါပဲ။ အရှေ့တောင်အာရှမှာ မူရင်းထွက်ရှိရာဒေသဖြစ်ပေမယ့် ခုဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးရရှိနေပြီဖြစ်ပါတယ်။ ဂျင်းက အစားအသောက်တွေကို အရသာရှိစေရုံသာမက အာဟာရဓာတ်များနဲ့လည်း ပြည့်စုံတဲ့ဟင်းခတ်တစ်မျိုးဖြစ်ပါတယ်။

ဟင်းချက်ရာတင်မကပဲ ဒဏ်ရာအနာတရများအတွက်ပါ နှစ်ပေါင်းများစွာတည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။ ရောဂါများနှင့် ထိခိုက်ဒဏ်ရာများအတွက် အိမ်တွင်းကုထုံးအဖြစ်အသုံးပြုကြပြီး မိန်းကလေးတွေဓမ္မတာလာချိန်နှင့် ကိုယ်ဝန်ဆောင်သည်များ ပျို့အန်ခြင်းတွေအတွက် ဆေးတစ်ခွက်ဖြစ်လာပါတယ်။

ရှေးဟောင်းရောမ၊ ဂရိ၊ တရုတ်နှင့် အာရပ်ဒေသများမှာ ရိုးရာဆေးဝါးအဖြစ်အသုံးပြုကြပြီး အာရှနိုင်ငံများမှာ ခေါင်းမူး၊ အော့အန်ခြင်းကအစပြုလို့ အစာအိမ်ရောဂါများအထိကို ကုသဖို့အတွက် ဆေးဘက်ဝင်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။




ဒါတင်မကသေးပါဘူး ကြွက်သားများကို ပြန်လည်ကုသခြင်း၊ အရိုးများပြန်ဆက်ရာမှာ ကူညီပေးနိုင်ခြင်း၊ အအေးမိ၊ ဖျားနာခြင်း၊ အစာအိမ်နာခြင်း၊ ရာသီလာချိန်ကိုက်ခဲခြင်းနှင့် အရေပြားလာင်နာများအတွက် အသုံးပြုကြပါတယ်။

ဂျင်း(ချင်း) စားပွဲဇွန်းတစ်ဇွန်းမှာဆိုရင် ကယ်လိုရီ ၄.၈၊ ကာဘိုဟိုက်ဒရိတ် ၁.ဝရဂရမ်၊ အမျှင်ဓာတ် ၀.၁၂ဂရမ်၊ ပရိုတင်း ၀.၁၁ဂရမ်၊ အဆီ ၀.၀၅ဂရမ်၊ သကြား ၀.၁ဂရမ်တို့ပါဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓာတ်များအနေနဲ့ ဗီတာမင် B3, B6, C, သံဓာတ်၊ ပိုတက်စီယမ်၊ မက်ဂ္ဂနီစီယမ်၊ ဖော့စဖော်ရပ်၊ ဇင့်၊ ဖောလိတ်၊ Riboflavin, Niacinတို့ ပါဝင်ပါတယ်။

##ginger
##healthbenefits
##HsuMyatOo


Comments