Chicken coconut and vegetables

ပါဝင်ပစ္စည်းများ
………………….
ကြက်ရင်ပုံ တစ်ခြမ်း
ကြက်သွန်နီဥကြီး တစ်လုံး (ရှစ်စိတ်စိတ်)
ကြက်သွန်ဖြူ နှစ်မြွှာ (နုပ်နုပ်စဉ်း)
ဂျင်း တစ်လက်မခန့် (နုပ်နုပ်စဉ်း)
စပါးလင် နှစ်ချောင်း (တစ်လက်မခန့် စောင်းလှီးထားပါ။)
အာလူး တစ်လုံး (ရှစ်စိတ်စိတ်စိတ်ထားပါ။)
မုံလာဥနီ အသေးတစ်လုံး (ဆယ်စိတ်စိတ်ထားပါ။)
ခရမ်းချဉ်သီး တစ်လုံး (ရှစ်စိတ်စိတ်ထားပါ။)
သခွားသီး အသေးလေးတစ်လုံး (ဆယ်စိတ်ခန့်စိတ်ထားပါ။)
India curry powder (မဆလာ) ထမင်းစားဇွန်းတစ်ဇွန်း
အုန်းနို့ လက်ဖက်ရည်ပန်းကန်တစ်လုံးခန့်
ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်တစ်ဇွန်းဝက်
သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
နေကြာဆီ ထမင်းစားဇွန်း သုံးဇွန်း
ရေ လက်ဖက်ရည်ပန်းကန်၃လုံး
တို့ဖြစ်ပါတယ်..
ချက်ပြုတ်နည်း
………………..
၁။ ဒယ်ပူလာလျှင် ဆီထည့်ကာ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း တို့ကို ဆီသတ်ပြီး အနံ့မွှေးလာရင် ကြက်သားထည့်ပါ။ ကြက်သားအရောင်ပြောင်းလားလျှင် မုန်လာဥနီ နဲ့ အာလူးထည့်ပါ။ ငံပြာရည်၊ ကြက်သားမှုန့်ထည့်ပြီး နှစ်မိနစ်ခန့်ဆက်ကြော်ပါ။ ရေလက်ဖက်ရည်ပုဂံသုံးလုံးစာခန့်ထည့်ပါ။ အုန်းနို့ထည့်ပြီး အဖုံးအုပ်ကာ ဆယ်မိနစ်ခန့်ဆက်ချက်ပါ။ သခွားသီးထည့်၊ အဖုံးအုပ်ကာ ဆက်ချက်ပါ။ အားလုံးနပ်လျှင်အရသာမြည်းပါ။ ခရမ်းချဉ်သီး ထည့်ကာမီးပိတ်၍ အဖုံးခဏအုပ်ထားပါ။ နှစ်မိနစ်ခန့်နေလျှင်ဖွင့်ကြည့်၍ ခရမ်းချဉ်နပ်လျှှင် သုံးဆောင်နိုင်ပါပြီ။
သဘာဝရဲ့ အစားတစ်ခွက်နဲ့ လျှာရင်းမြက်နိုင်ကြပါစေ
………………………………………………………………………………………………………………………………………….
စိုးနိုင်ထွန်း
##ChickenCoconutandVegetables
Comments
Post a Comment