Cp Sausage Stew
.............................
ပါဝင်ပစ္စည်းများ
Cpကြက်အူချောင်း ၃ချောင်း
Cpမှိုင်းတိုက်ကော့တေးကြက်အူချောင်း ၅ချောင်း
Cpငါးတို့ဖူး ၄တုံး
Cpဗီယက်နမ်စတိုင်ကြက်အူချောင်း ၂ချောင်း
Cpလက်ကီးအသားလုံး ၄လုံး
Cpကြက်ဥတို့ဖူး ၁ထုပ်
Cpကြက်သားပြား ၃ပြား
ကြက်သွန်နီ အသေး၄လုုံး
ကြက်သွန်မြတ် ၂ပင်
ကင်ချိီ ၁၅ဝဂရမ်
ခေါက်ဆွဲ ၂ထုပ်
Mozzarellaချိိစ် ၂ချပ်
မုန်ညင်းစိမ်း ၁စည်း
အပ်မှို ၁ထုပ်
ကြက်ပြုတ်ရည် သောက်သုံးသလောက်
ဆော့စ်ပြုလုပ်ရန်
ကြက်သွန်ဖြူ ထမင်းစားဇွန်း၃ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၂ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း၂ဇွန်း
Korean Gochujang ထမင်းစားဇွန်း၁ဇွန်း
၁။ ပန်းကန်တစ်လုံးထဲမှာ အားလုံးကိုရောမွှေထားပါ။
Cp Sausage Stewပြုလုပ်နည်းအဆင့်ဆင့်
၁။ Stewချက်ဖို့အိုးတစ်လုံးပြင်ပေးထားပါ။ ဒယ်အိုးနီနဲ့ချက်ရင်လဲ ရပါတယ်။ ကြက်သွန်နီကိုခပ်ကြမ်းကြမ်းလှီးပြီး ဒယ်အိုးထဲကိုအရင်ထည့်ပါ။
၂။ ကြက်ဥတို့ဖူးကို အတုံးလေးတွေတုံးထားပါ။ ကော့တေးချောင်းနှင့် ဗီယက်နမ်စတိုင်ကြက်အူချောင်းကို ဓားရာလေးတွေပေးထားပါ။ ရိုးရိုးကြက်အူချောင်းကို အစောင်းလေးတွေလှီးထားပါ။ ငါးတို့ဖူးနဲ့ လက်ကီးအသားလုံးကို ထက်ခြမ်းခြမ်းထားပါ။
၃။ ကြက်သွန်မြိတ်ကို ရေစင်အောင်ဆေးပြီး လက်တဆစ်လောက်ကို အစောင်းလေးတွေလှီးထားပါ။ မုန်ညင်းရွက်ကို ရေစင်အောင်ဆေးထားပါ။ ကြီးတယ်ထင်ရင်တော့ ထက်ဝက်ဖြတ်ထားပါ။ အပ်မှိုကိုလဲ အောက်ကအမြစ်တွေဖြတ်ပြီး ရေစင်အောင်ဆေးပါ။ ကင်ချီကို သေးသေးလေးတွေဖြစ်အောင် ကတ်ကြေးနဲ့ညှပ်ထားပါ။
၄။အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကြက်သွန်နီထည့်ထားတဲ့ အိုးထဲကိုကြက်ဥတို့ဖူး၊ ခေါက်ဆွဲခြောက်၊ ချိစ်မှလွဲပြီး ပါဝင်ပစ္စည်းအားလုံးလှပအောင် အတန်းလိုက်လေးစီထည့်ပါ။ ဆော့စ်ထည့်ပြီး ဆူပွက်တဲ့ထိချက်ပေးပါ။ ဆူပွက်ပြီဆိုရင်တော့ ကြက်ဥတို့ဖူး၊ ခေါက်ဆွဲခြောက်၊ ချိစ်တွေထပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
Comments
Post a Comment