စင်ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ နိုဝင်ဘာ၁၅ရက်နေ့နောက်ပိုင်းမှစပြီး ကိုဗစ်-19ကာကွယ်ဆေးထားပြီးသူတိုင်း ကွာရန်တင်းဝင်စရာမလိုတော့ပါ

 စင်ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ နိုဝင်ဘာ၁၅ရက်နေ့နောက်ပိုင်းမှစပြီး ကိုဗစ်-19ကာကွယ်ဆေးထားပြီးသူတိုင်း ကွာရန်တင်းဝင်စရာမလိုတော့ပါ



စင်ကာပူ- နိုဝင်ဘာ၁၅ရက်မှစတင်ပြီး ကိုဗစ်-19ကာကွယ်ဆေးထားပြီးသူတိုင်း စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံသို့ ကွာရန်တင်းဝင်စရာမလိုတော့ပဲ အလည်အပတ်လာနိုင်ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးရဲ့ထုတ်ပြန်မှုများအရ စင်ကာပူနိုင်ငံတွင်းနေထိုင်သူများအနေနဲ့ ဂျာမနီအပြင် အပန်းဖြေခရီးသွားလာရန်အတွက် ကွာရန်တင်းဝင်စရာမလိုတဲ့ဒုတိယရွေးချယ်စရာတစ်ခုကို ထပ်ရရှိမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသားခရီးသွားများအတွက် တောင်ကိုရီးယားနိုင်ငံနှင့် ကာကွယ်ဆေးထိုးခရီးသွားလမ်းညွှန်တစ်ခုကို အောက်တိုဘာ၈ရက်နေ့က ခရီးသွားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။ 


ကိုဗစ်-19 မဖြစ်ခင်က တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့က အပြန်အလှန်ခရီးသွားနိုင်ငံတွေဖြစ်ခဲ့ကြပြီး နှစ်စဉ်၁.၆မီလီယမ်လောက် ခရီးသွားများရှိခဲ့ကြတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ခရီးသွားစာရင်းများအရ တောင်ကိုရီးယားနိုင်ငံက စင်ကာပူရဲ့၉နိုင်ငံမြောက် ခရီးသွားအများဆုံးဖြစ်ပြီး ထိပ်တန်းနို်င်ငံများကတော့ တရုတ်၊ အင်ဒိုနီရှားနှင့် အိန္ဒိယနိုင်ငံများ ဖြစ်ကြပါတယ်။ ကာကွယ်ဆေးထိုးခရီးသွားလမ်းညွှန်အရ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ ခရီးသွားများက Changi Airport နှင့်Incheon International Airpot အတွင်း PCPစစ်ဆေးချက်ပြုလုပ်ရမှာဖြစ်ပြီး ကွာရန်တင်းဝင်စရာမလိုအပ်တော့ပါဘူး။ 


သို့ပေမယ့် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လာမယ့် နိုင်ငံသားများကတော့ နေအိမ်ကွာရန်တင်း၁၄ရက်ဝင်ကြရမှာဖြစ်ပါတယ်။ 

Hsu Myat Oo


Comments