မင်္ဂလာဆောင်မှာ အစားအသောက်ကျွေးဖို့ကို ငြင်းဆိုခဲ့တာကြောင့် မင်္ဂလာမောင်နှံရဲ့ ဓာတ်ပုံတွေကို အကုန်ဖျက်ပစ်လိုက်တဲ့ဓာတ်ပုံဆရာ

 မင်္ဂလာဆောင်မှာ အစားအသောက်ကျွေးဖို့ကို ငြင်းဆိုခဲ့တာကြောင့် မင်္ဂလာမောင်နှံရဲ့ ဓာတ်ပုံတွေကို အကုန်ဖျက်ပစ်လိုက်တဲ့ဓာတ်ပုံဆရာ


 

(ဓာတ်ပုံဆရာကတော့ “ကျွန်တော်တို့ကအစတည်းက ဧည့်သည်အနေနဲ့ဖိတ်ခံရပြီးသူတွေပါ”လို့ ပြောပြထားပါတယ်။)

လက်ထပ်တော့မယ် မင်္ဂလာမောင်နှံဟာ သူတို့ရဲ့မင်္ဂလာပွဲအတွက်ကုန်ကျစရိတ်ကို လျော့ချချင်တာကြောင့့် သူတို့ရဲ့မင်္ဂလာပွဲအတွက် ဓာတ်ပုံရိုက်ကူးဖို့သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းခဲ့ပါတယ်။ သူကဓာတ်ပုံဆရာတစ်ယောက်မဟုတ်ပဲ ခွေးလေးတွေကို အလှပြင်၊ သပ်ရပ်အောင်လုပ်ပေးရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံ၂ယောက်ဟာ ကျွမ်းကျင်ဓာတ်ပုံဆရာအတွက် ကုန်ကျစရိတ်ကို လျော့ချင်တယ်၊ အရမ်းကောင်းတဲ့ပုံတွေ မလိုပါဘူး၊ အမှတ်တရလေးသိမ်းထားချင်ရုံပါ၊ အဆင်မပြေဖြစ်လဲ စိတ်မဆိုးပါဘူးလို့ ဆိုပါတယ်။ 

ခွေးလေးတွေကိုအလှပြင်သူက “သူတို့ဘက်ကလဲ ငွေကြေးအရအဆင်မပြေဖြစ်နေတာကြောင့် ကျွန်တော်က $250နဲ့လက်ခံလိုက်တာပါ။ ၁ဝနာရီကျော်ကြာတဲ့ ရိုက်ကူးရေးတစ်ခုအတွက် ဒီလောက်ပိုက်ဆံလေးက ဘာမှမဟုတ်ဘူးလေ။ မင်္ဂလာဆောင်နေ့မှာ မင်္ဂလာမောင်နှံနောက်လိုက်ပြီး နေရာစုံအဆင်ပြေအောင် ကျွန်တော်တို့ရိုက်ပေးခဲ့တယ်။”


မင်္ဂလာဆောင်အတွက် ဓာတ်ပုံရိုက်ကူးခြင်းအချိန်မပြည့်ခင် ၂နာရီအလို, အစားအသောက်များကို တည်ခင်းတဲ့အချိန်ရောက်တဲ့အချိန်မှာတော့ မင်္ဂလာမောင်နှံက ဓာတ်ပုံဆရာကို “ငါတို့မင်းကိုအစားအသောက်အတွက် အချိန်မပေးနိုင်သလို နေရာအတွက်စီစဉ်မပေးထားဘူး” လို့ဆိုပါတယ်။ ဓာတ်ပုံဆရာက “ကျွန်တော်ဓာတ်ပုံစရိုက်တော့ ၁၁နာရီတည်းက မင်္ဂလာဆောင်က ညရနာရီခွဲမှာ ပြီးမှာပါ။ ညနေ၅နာရီရောက်တဲ့ချိန်မှာ အစားအသောက်တွေကို စကျွေးနေပါပြီ။ ကျွန်တော်ဘာမှမစားရသေးဘူး။ နားချိန်လဲမပေးပါဘူး။ ကျွန်တော့်ကိုနားဖို့စားပွဲလေးတစ်လုံးတောင် မပေးထားဘူး။ ကျွန်တော် တော်တော်လေး ပင်ပန်းလာတာပါ။ 

“ကျွန်တော်တို့က သတို့သားကို မိနစ်၂ဝလောက်နားပြီး အစားအသောက်လေး တစ်ခုခုစားကြရအောင်ပေါ့။ ဒါမယ့် သတို့သားက ကျွန်တော်တို့ကိုဓာတ်ပုံဆက်ရိုက်နေဖို့လိုတယ်တဲ့၊ နားချိန်မပေးနိုင်ဘူး၊ မဟုတ်ရင်လဲ ပိုက်ဆံတော့မချေနိုင်ဘူး ထွက်သွားလို့ပြောတယ်။ လူကအရမ်းလဲဆာနေပြီ၊ ဖြစ်နေတဲ့အခြေနေကိုလည်း အရမ်းဒေါသထွက်လာတာကြောင့် ကျွန်တော်က သတို့သားကိုတကယ်လားလို့ မေးလိုက်တယ်။ သတို့သားကလဲ Yesပါတဲ့။ အဲတာနဲ့ ကျွန်တော်လဲ သူ့ရှေ့မှာရိုက်ထားသမျှဓာတ်ပုံတွေအကုန် ဖျက်ပစ်လိုက်တယ်” 


မင်္ဂလာဆောင်လာတဲ့ ဧည့်သည်များကတော့ သူတို့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေအကြောင်းကို သူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ မေးထားကြပါတယ်။ ဒီအကြောင်းကို ဓာတ်ပုံဆရာကRedditမှာ postတင်ထားပြီးတော့ ဒီPostက အကြိမ်ရေ၂၉ဝဝဝလောက် Upvotedလုပ်ခံထားရပြီး ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းကို နာမည်ကြီးသွားပါတယ်။ Redditအသုံးပြုသူများက ဒီမင်္ဂလာမောင်နှံအမှားတွေအကြောင်းကို ရေးထားကြပြီးတော့ သုံးစွဲသူတစ်ယောက်ကဆိုရင် “ကျွမ်းကျင်မင်္ဂလာဆောင်ရိုက်တဲ့ ဓာတ်ပုံဆရာတွေဆိုရင် $X,000လောက်ထိကို ပေးရတာဗျ၊ အဲ့တာအပြင် ညစာ၊ ကော့တေးလ်၊ နားချိန်တွေဆိုတာကလဲ ရှိသေးတယ်။ လူတစ်ယောက်ကို ၁ဝနာရီလောက်အလုပ်လုပ်ခိုင်းပြီး ဘာမှမကျွေး၊ မနားခိုင်းဘူးဆိုတာက တော်တော်တော့ အဆင်မပြေတဲ့ကိစ္စ” လို့မှတ်ချက်ရေးထားပါတယ်

ကဲ စာဖတ်သူရော ဘယ်လိုထင်လဲ………….


Comments