ပြောင်းဖူးထမင်းကြော်

 ပြောင်းဖူးထမင်းကြော်

သဘာဝရဲ့အလှတရား

သဘာဝကပေးတဲ့အား

သဘာဝရဲ့အရင်းအမြစ်များနဲ့ သဘာဝစားသောက်ကုန်များကိုအခြေခံတဲ့ သဘာဝရဲ့ "စုံစီနဖာကဏ္ဍ" ကနေ မင်္ဂလာပါ လို့နုတ်ခွန်းဆက်ပါတယ်ခင်ဗျ….
ဒီနေ့တော့ မနက်စာဘာလုပ်စားရမလဲစဉ်းစားနေတုန်း မနေ့ကပြောင်းဖူးပြုတ်ထားတာလေး တစ်ဖူးကျန်နေတာမြင်တော့ ထမင်းကလဲရှိနေတယ်ဆိုတော့ကာ ပြောင်းဖူးလေးကိုဒီတိုင်းမစားပဲထမင်းကြော်စားလိုက်မယ်စိတ်ကူးပြီး ကြော်စားလိုက်တယ်။ ပြောင်းဖူးရနံမွှေးစိမ့်လေးနဲ့စားကောင်းတာမို့ ဒါလေးပဲမျှဝေလိုက်တယ်နော်။ ရိုးရှငိးလွယ်ကူမြန်ဆန်လို့ အတူတူကြော်စားကြရအောင်လေ..



ပြောင်းဖူးထမင်းကြော်

🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘

ပါဝင်ပစ္စည်း တွေက

ပြောင်းဖူး တစ်ဖူး
ကြက်သွန်နီ အနေတော် တစ်လုံး(နုတ်နုတ်စဉ်းထား)
ကြက်ဥ တစ်လုံး
ဆား လက်ဖက်ရည်ဇွန်းဝက်
ဟင်းခတ်မှုန့် လဖက်ရည်ဇွန်းဝက်
အရသာဆော့ (seasoning sauce) ထမင်းစားဇွန်းတစ်ဇွန်း
ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း
ဆီ ထမင်းစားဇွန်းသုံးဇွန်း
ငရုတ်ကောင်းမှုန့် လဖက်ရည်ဇွန်းဝက်
ကြက်သွန်မြိတ် တစ်ပင် (ခပ်ကြမ်းကြမ်းလှီးဖြတ်ထားပါ)





ကြော်နည်း...
၁။ ဒယ်တည်၍ ဆီထည့်ကာ ဆီပူလာရင် ကြက်သွန်နီ ထည့်ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ကြက်ဥထည့်မွှေကြော်ပါ။ ပြီးရင်ပြောင်းဖူးခြွေထားတာ ထည့်ကြော်ပါ။ ထမင်းဆက်ထည့် အရသာများအားလုံးထည့်ပြီး နှစ်မိနစ်လောက် မီးပြင်းပြင်းနဲ့ မွှေကြော်ပါ။

၂။ ထမင်းလုံးလေးများခုန်လာရင် အရသာမြည်းပါ။ အဆင်ပြေရင် ငရုတ်ကောင်းဖြူး၊ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီနော်..

ကဲ မြန်ဆန်လွယ်ကူ စားကောင်းတဲ့ ပြောင်းဖူးထမင်းကြော်လေးရပါပြီနော်..စားမြိန်ကြပါစေဗျ

စိုးနိုင်ထွန်း

Comments