အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်

အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်

ဗီတာမင်နှင့် သတ္ထုဓာတ်များအကြောင်းကို ခနခနရေးနေတာဆိုတော့ သိထားတာတွေ တော်တော်များနေပြီထင်ပါတယ်နော်။ ဒီနေ့တော့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေအကြောင်း ပြောကြရအောင်။

အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေက ရေ (သို့) ခန္ဓာကိုယ်ထဲမှာ မပျော်ဝင်နိုင်ပါဘူး။ ဗီတာမင် A, D, E, Kတို့က အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဖြစ်ကြပါတယ်။ မျက်စိ၊ အသားအရည်၊ အဆုတ်၊ အရိုးများ၊ သွား၊ အာရုံကြောစနစ်၊ ရောဂါခုခံစွမ်းအားစနစ်နှင့် သွေးစတဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်ပြီး ကျန်းမာနေစေဖို့၊ ပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်သက်သာနေစေဖို့နဲ့ ခန္ဓာကိုယ်ကြီးထွက်ဖို့အတွက် လိုအပ်ပါတယ်။


ရေမှာမပျော်ဝင်နိုင်ပေမယ့် အဆီမှာပျော်တဲ့ဗီတာမင်တွေပါတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတွေကို ချက်ပြုတ်လိုက်တဲ့အချိန်မျိုးမှာ ပျက်စီးသွားတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုပျက်စီးပြီးကျန်ခဲ့တဲ့ ဗီတာမင်ဓာတ်တွေကို နောင်တစ်ချိန်မှာ ခန္ဓာကိုယ်အတွက်ပြန်သုံးဖို့အတွက် တစ်သျူးတွေ၊ ခန္ဓာကိုယ်အင်္ဂါတွေထဲမှာ သိမ်းထားပါတယ်။ ကျန်တာတွေကတော့ ဆီးနဲ့အတူပါသွားတတ်ကြပါတယ်။
ဗီတာမင်တွေက ခန္ဓာကိုယ်အတွက်လိုအပ်တယ်ဆိုပေမယ့် များသွားတယ်ဆိုရင်လဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ပုံမှန်စားနေကျ အစားအသောက်တွေကနေ ရနိုင်ပြီးတော့ အန္တရာယ်မဖြစ်နိုင်ပါဘူး။ တကယ်လို့ အစားအသောက်ကအပြင် ဆေးတွေကိုသောက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

Comments