ဂျင်းစားခြင်းကြောင့် ဘာကောင်းကျိုးတွေ ရရှိနိုင်လဲ…………

 ဂျင်းစားခြင်းကြောင့် ဘာကောင်းကျိုးတွေ ရရှိနိုင်လဲ…………


၁။ ဂျင်း(ချင်း)မှာပါတဲ့ ဓာတုကွန်ပေါင်းများက အစာအိမ်နာခြင်းကို သက်သာစေပြီး အစာချေဖျက်ခြင်းကို ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ မနက်ပိုင်းဖြစ်တတ်တဲ့ ပျို့ချင်အန်ချင်စိတ်များ၊ မအီမသာဖြစ်ခြင်းတွေကိုအတွက် အရမ်းကောင်းတဲ့ ဆေးတစ်လက်ပါ။ 

၂။ ဂျင်းက ရောင်ရမ်းခြင်းကိုသက်သာပျောက်ကင်းစေတာကြောင့် အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်းများအတွက် ဖြည့်စွက်ဆေးထုတ်လုပ်ရာမှာ ဂျင်းကိုအသုံးပြုကြပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှ ရလာသော ကြွက်သားနာကျင်ကိုက်ခဲခြင်းများကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ရောင်ရမ်းခြင်းများကိုလည်း သက်သာလာစေပါတယ်။ 

၃။ သွေးတွင်းသကြားဓာတ်အဆင့်ကို လျော့ချပေးပြီး သွေးချိုဆီးချိုဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ တရက်ကို ဂျင်း၂ဂရမ်ပါဝင်တဲ့ဖြည့်စွက်ဆေးများ သောက်သုံးပေးတာကြောင့် သွေးတွင်းသကြားဓာတ်ကို အမြန်ဆုံးကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

၄။ ဂျင်းကကင်ဆာရောဂါကို တိုက်ထုတ်ပေးနိုင်တဲ့ အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပြီး ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ လေ့လာချက်များအရ ဂျင်းမှာပါဝင်တဲ့ ကွန်ပေါင်းဓာတ်များက ကင်ဆာတိုက်ထုတ်ပေးနိုင်တဲ့စွမ်းရည်တွေအများကြီး ပါဝင်တာကို တွေ့ရပါတယ်။ ဂျင်းမှာပါတဲ့ အင်တီအောက်စီဒင့်များက အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးကွေးစေပါတယ်။


၅။ ရာသီလာချိိန် နာကျင်ကိုက်ခဲခြင်းများကို သက်သာစေပါတယ်။ အမျိုးသမီးတစ်ယောက်က ဂျင်း၂၅ဝမီလီဂရမ်ပါတဲ့ ဆေးတောင့်လေးတွေ သောက်ပေးတာကြောင့် နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။

၆။ အအေးမိ၊ နှာစေး၊  ချောင်းဆိုးတာတွေက ဆယ့်နှစ်ရာသီဖြစ်တတ်တဲ့ လက္ခဏာလေးတွေဖြစ်ပါတယ်။ ဂျင်းမှာနွေးစေတဲ့အာနိသင်ပါဝင်တာကြောင့် အအေးမိတာတွေကို သက်သာစေနိုင်ပါတယ်။ ဂျင်းပါတဲ့သောက်စရာလေးတွေ ဖန်တီးပြီးသောက်ပေးတာကြောင့် ခန္ဓာကိုယ်ကိုနွေးစေပြီး ချွေးထွက်လာစေရုံတင်မက ရောဂါပိုးတွေဝင်မလာနိုင်အောင်လဲ တားပေးပါတယ်။

၇။ ဂျင်းမှာပါတဲ့ဓာတုကွန်ပေါင်းတွေက ခန္ဓာကိုယ်မှာပိုးမွှား၊ ဘတ်တီးရီးယားတွေ ပေါက်ဖွားခြင်းမှ ကာကွယ်ပေးပါတယ်။ 



၈။ ဂျင်းမှာပါတဲ့ ဘတ်တီးရီးယားသတ်နိုင်စွမ်းကြောင့် ခံတွင်းလေးကို သန့်ရှင်းပေးနိုင်ရုံမက အပြုံးလေးကိုတောက်ပနေစေပါတယ်။ 

၉။ ဂျင်းမှာပါတဲ့ အင်တီအောက်စီဒင့်ဓာတ်များက စိတ်ဖိစီးမှုများနှင့် ခန္ဓာကိုယ်ရှိ DNAများပျက်စီးခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ သွေးဖိအားများခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်နှင့် တခြားအသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါများကို တိုက်ထုတ်ပေးပါတယ်။ 

Hsu Myat Oo

Comments