Calcium Hypochloriteဆိုတာ ဘာလဲ။ ဘာ့ကြောင် Calcium Hypochloriteအသုံးပြုဖို့ လိုတာလဲ။

 Calcium Hypochloriteဆိုတာ ဘာလဲ။ ဘာ့ကြောင် Calcium Hypochloriteအသုံးပြုဖို့  လိုတာလဲ။

တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကလည်း ရှိလာပါတယ်။ ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် ရေရ၀%နဲ့ဖုံးအုပ်ထားပြီး ရေညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ ရေထုညစ်ညမ်းမှုကြောင့် ဖျားနာခြင်း၊ ဝမ်းလျော၊ ဝမ်းကိုက်ခြင်း၊ အော့အန်ခြင်းမှ အစ အမျိုးမျိုးသော ရောဂါလက္ခဏာများဖြစ်နိုင်ပြီး ၂၀၁၅ခုနှစ်မှာတင် ရေထုညစ်ညမ်းမှုကြောင့် လူပေါင်း ၁.၈မီလီယံရှိကြောင်းသိရှိရပါတယ်။ အိန္ဒိယမှာဆိုရင် ရေထုညစ်ညမ်းမှုကြောင့် နေ့စဥ္လူ၅၈ဝလောက် သေဆုံးနေရပြီး တရုတ်နိုင်ငံရဲ့ ၉၀%သော ရေထုက ညစ်ညမ်းနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ စက်ရုံအလုပ်ရုံတွေက စီးဆင်းလာတဲ့၊ စွန့်ထုတ်လာတဲ့ရေတွေကို ပြန်လည်သန့်စင်ပြီးမှ စွန့်ထုတ်ရပါမယ်။ ချောင်း၊ မြောင်း၊ မြစ်တွေထဲကို တလွယ်တကူစွန့်ပစ်တာတွေ လုပ်ဖို့လိုအပ်လာပါတယ်။ စက်ရုံ၊အလုပ်ရုံများမှ စွန့်ပစ်ရေတွေကို သန့်စင်ဖို့အတွက်နှင့် ရေထဲမှာပါတဲ့ ဘတ်တီးရီးယားများ၊ ဗိုင်းရပ်များကို သတ်ပစ်တဲ့နေရာမှာ Calcium Hypochloriteက အထိရောက်ဆုံးနည်းဖြစ်ပါတယ်။ Calcium Hypochloriteက ပိုးမွှားများဝင်ရောက်ခြင်းကို ကာကွယ်ပေးပြီး ရောဂါများကူးစက်ခြင်းကို လျော့ချပေးပါတယ်။ 


Hsu Myat Oo


Comments