Saffron

Saffron 



ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးဟင်းခတ်အမွှေးအကြိုင် တစ်ခုဖြစ်ပါတယ်။ အရည်အသွေးမြင့်တဲ့ Saffron ၁ဂရမ်မှာကို ရဒေါ်လာလောက်ပေးရတယ်လို့ သိရပါတယ်။ (ခုဘယ်လောက်လဲတော့ သေချာမသိဘူးပေါ့နော်) 

အရည်အသွေးကောာင်းတဲ့ Saffronကို ရဖို့ဆိုတာကလည်း ခက်ခဲပါသေးတယ်တဲ့။ အရမ်းကောင်းတဲ့Saffronကိုတော့ Supermarketမှာ လွယ်လွယ်နဲ့ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့လဲ ဆိုထားပါတယ်။ 




Saffronကို ခရမ်းရောင်ရှိတဲ့ပန်းလေးကနေ ဝတ်ဆံလိုနေရာမျိုးက ရလာတာဖြစ်ပါတယ်။ အခြောက်လှမ်းထားတဲ့ Saffronကို အစားအသောက်တွေမှာ ဟင်းခတ်အဖြစ်လည်းကောင်း၊ အရောင်ဆိုးဖို့အတွက်လည်းကောင်း အသုံးပြုကြပါတယ်။ အစားအသောက်တွေကို ရွှေဝါရောင်ရအောင် လုပ်ပေးနိုင်ပါတယ်။ အိန္ဒိယ၊ ဥရောပနှင့် အာရပ်အစားအစာများအတွက် အသုံးပြုကြပါတယ်။ အရောင်ရဖို့အတွက် ရေပူထဲမှာစိမ်ပြီးအရောင်ရဖို့အတွက် သုံးကြပြီး ဒံပေါက်ထမင်းနှင့် ဝက်ပေါင်ခြောက်များပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။ 


ရိုးရာဆေးနည်းအဖြစ်အသုံးပြုတာလဲ ရှိပြီးတော့ တရုတ်နှင့် အိန္ဒိယနိုင်ငံတွေမှာ အထည်ဆေးဆိုးဖို့အတွက်လဲ သုံးပါသေးတယ်တဲ့။ အိန္ဒိယနိုင်ငံမှာတော့ ဘာသာရေးဆိုင်ရာနေရာတွေမှာလည်း သုံးပါသေးတယ်။ 

Saffronကို နှစ်ပေါင်း၁ဝဝကျော်လောက်တည်းက စိုက်ပျိုး၊ ရောင်းဝယ်ခဲ့ကြပါတယ်။ ၂၁ရာစုမှတော့ အိုင်လန်က တကမ္ဘာလုံးစိုက်ပျိုးရောင်းချသူများရဲ့ ၉၀%ခန့်ထိကို ယူထားနိုင်ခဲ့ပါတယ်။ မာရိုကိုနှင့် အိန္ဒိယနိုင်ငံများက အသေးစားထုတ်လုပ်သူတွေဖြစ်လာကြပါတယ်။ 

Author - Hsu Myat Oo

Comments