တကမ္ဘာလုံးမှာ စျေးအကြီးဆုံးစားသောက်ဆိုင် ၁ဝဆိုင် နဲ့ ဒီဆိုင်တွေ ဘယ်လောက်တောင် စျေးကြီးတာလဲ။ အပိုင်း(၂).

 တကမ္ဘာလုံးမှာ စျေးအကြီးဆုံးစားသောက်ဆိုင် ၁ဝဆိုင် နဲ့ ဒီဆိုင်တွေ ဘယ်လောက်တောင် စျေးကြီးတာလဲ။

 အပိုင်း(၂).

ကဲ တကမ္ဘာလုံးမှာ စျေးအကြီးဆုံးစားသောက်ဆိုင် ၁ဝဆိုင်အကြောင်း ဆက်ပြီးလေ့လာကြရအောင်။ အရင်က စားသောက်ဆိုင်နံပတ် ၁ဝကနေ ၆ထိလေ့လာပြီးပြီဆိုတော့ အခု နံပတ်၅ကနေ စလိုက်ရအောင်နော်…..

5. Maison Pic Valence – Paris , France (တစ်ဦးလျှင် $445)

Maison Pic Valenceဆိုင်လေးကတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးအမျိုးသမီးစားဖိုမှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ Sophie Picဦးဆောင်တဲ့ မိသားစုစားသောက်ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်လေးကလဲ မီရှယ်လင်းကြယ်၃ခုရထားပြီးတော့ လှပတဲ့မြေထဲပင်လယ်ဒေသက ခြံဝန်းလေးထဲမှာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ Maison Pic Valenceဆိုင်လေးက အခုဆိုရင် နှစ်ပေါင်း ၁၃ဝကျော်ပြီဖြစ်တဲ့ မိသားစုစီးပွားလေးလုပ်ငန်းတစ်ခုဖြစ်ပြီး စားဖိုမှူးကြီး Sophie Pic ဟာဆိုရင်လဲ ဟင်းလျှာများကို သူမရဲ့ကျွမ်းကျင်တဲ့ ဟင်းချက်နည်းစနစ်များနဲ့အတူ ရှှုချင်စရာ ပြင်ဆင်မှုများနဲ့ ဟင်းပွဲများကို တည်ခင်းခြင်းဖြင့် နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

4. Masa – New York, United States (တစ်ဦးလျှင် $595)

တစ်ဦးလျှင် $595ကျသင့်တဲ့ ဒီဆိုင်လေးမှာတော့ ဆူရှီကို အဓိကထားပြီး မတူညီတဲ့အရသာများနဲ့ပြင်ဆင်ပေးပါတယ်။ ကျသင့်ငွေဖြစ်တဲ့ $595ထဲမှာ သောက်စရာနဲ့ အခွန်ငွေတွေ ပါဝင်ပြီးသားဖြစ်ပါတယ်။ Masaစားသောက်ဆိုင်မှာ ပုံသေမီနူးမရှိပါဘူး တစ်နေ့ရရှိထားတဲ့ လတ်ဆတ်တဲ့ပါဝင်ပစ္စည်းများနှင့် စားဖိုမှူးကြီးရဲ့လက်ရာပေါင်းစပ်ပြီး တစ်နေ့တာအတွက်ရရှိတဲ့ ဟင်းလျှာများအဖြစ်နဲ့ပဲ တည်ခင်းပါတယ်။ တစ်ခါတလေ ပါဝင်ပစ္စည်းပေါ်မူတည်ပြီး $595ထက်ပိုသွားတဲ့ အချိန်မျိုးလဲရှိတတ်ပါတယ်။ 

3. Ultraviolet – Shanghai, China (တစ်ဦးလျှင် $570 - $900)

ကမ္ဘာပေါ်က အထက်တန်းအကျဆုံးနှင့် စျေးအကြီးဆုံးစားသောက်ဆိုင်များထဲက တစ်ဆိုင်ဖြစ်ပြီး ကျသင့်ငွေဖြစ်တဲ့ $570 - $900ထဲမှာ သောက်စရာနဲ့ အခွန်ငွေတွေ ပါဝင်ပြီးသားဖြစ်ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်လုံးမှာ စားသောက်စားပွဲတစ်လုံးသာရှိပြီး လူဦးရေ၁ဝယောက်ထိ ပါဝင်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ရဲ့နောက်ထပ်ထူးခြားချက်က အစားအသောက်တင်မကပဲ တခြားအာရုံများကိုပါ ခံစားနိုင်အောင် တီထွင်ပေးထားပါတယ်။ ဥပမာ - ဟင်းလျှာများနဲ့ကိုက်ညီနဲ့ အသံဖိုင်၊ သီချင်းများ၊ နောက်ခံ Backgroundများကိုလည်း နည်းပညာမျိုးစုံဖြင့် ပြောင်းလဲပြီးခံစားစေခြင်း ။ ပုံမှန်မဟုတ်တဲ့ခံစားချက်လေးကို ခံစားရင်း ဟင်းလျှာများကို မြည်းစမ်းချင်တဲ့သူများအတွက် မိုက်တဲ့ဆိုင်လေးပါ။ မီရှယ်လင်းကြယ်၃ခုရထားပြီး ၂၀၁ရတုန်းက တကမ္ဘာလုံးအတီထွင်နိုင်ဆုံးစားသောက်ဆိုင်ဆုကို ပိုင်ဆိုင်ထားခဲ့ဖူးပါတယ်။

2. Per Se – New York , United States (တစ်ဦးလျှင် $680)

2004ခုနှစ်မှာစတင်ဖွင့်လှစ်ထားတဲ့ဆိုင်ဖြစ်ပြီး မီရှယ်လင်းကြယ်၃ခုရထားတဲ့ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်လေးက ဟင်းလျှာများတင်ဆက်ပုံနှင့် ထူးခြားတဲ့အရသာများကြောင့် နာမည်ကျော်ကြားပါတယ်။ တစ်ဆို်င်လုံးမှာ စားပွဲ၁၉လုံးသာထားရှိပြီး ပြင်သစ်နည်းပညာနှင့် အကောင်းဆုံးသော ပါဝင်ပစ္စည်းများကို တည်ခင်းပါတယ်။ ဆိုင်မှာတည်ခင်းတဲ့ ၀ိုင်တွေကိုလည်း ဆုတံဆိပ်ရပြီးသား ၀ိုင်များကိုသာ ရွေးချယ်ထားတာကြောင့် ၀ိုင်ချစ်သူများအကြိုက်တွေ့တဲ့ဆိုင်လေးဖြစ်ပါတယ်။ 

1.Sublimotion – Ibiza , Spain (တစ်ဦးလျှင် $2,380)




တကမ္ဘာလုံးမှာ စျေးအကြီးဆုံး နံပတ်၁ကို ရောက်လာပါပြီ။ ဒီစားသောက်ဆိုင်လေးကို တစ်နှစ်ပတ်လုံးမဖွင့်ပါဘူး။ စပိန်နို်င်ငံရဲ့ နွေရာသီဖြစ်တဲ့ ဂျွန်လ၁ရက်နေ့မှ စက်တင်ဘာ၃ဝရက်နေ့ထိ လအနည်းငယ်သာ ဖွင့်တဲ့ဆိုင်ပါ။ မီရှယ်လင်းကြယ်၂ခုရထားတဲ့စားဖိုမှူးကြီး Paco Ronceroဦးစီးတဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်လေးရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအသောက် ဖျော်ဖြေမှုကို ရစေချင်တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကမ္ဘာ့အစားအသောက်နှင့် အဖျော်ယမကာအတီထွင်နိုင်ဆုံးဆုကို ရရှိထားတာဖြစ်ပါတယ်။ စားပွဲတစ်ခုအတွက် ဧည့်သည်၁၂ပါဝင်နိုင်ပြီး ဘေးမှာတည်ခင်းဧည့်ခံပေးဖို့ ဝန်ထမ်း၂၅ယောက်ကိုလည်း အဆင့်သင့်ထားပေးထားပါတယ်။

Hsu Myat Oo

Comments