ငရုတ်သီး

  ငရုတ်သီး

မင်မင်တို့အားလုံးကြိုက်တဲ့ Spiceတွေထဲက တစ်မျိုးပေါ့နော်။ နေ့စဉ်စားနေတဲ့ ဟင်းတစ်မျိုးမဟုတ်တစ်မျိုးမှာ ငရုတ်သီးလေးပါနေတတ်တယ်လေ။ တစ်နေလုံးမှာ ငရုတ်သီးက အမှုန့်ဖြစ်ဖြစ်၊ အရောင်တင်ဖြစ်ဖြစ်၊ အစိမ်းတောင့်ဖြစ်ဖြစ် တစ်မျိုးမဟုတ် တစ်မျိုးကပါနေတာမို့လား။

ငရုတ်သီးကြိုက်တာချင်းကတော့ အိန္ဒိယနိုင်ငံနဲ့ ကိုယ်တွေကတူတူပါပဲ။ မင်မင်ကတော့ ငရုတ်သီးအကျက်မှုန့်ကို ပိုကြိုက်ပါတယ်။ ဘာစားစား ထည့်စားတာလဲလွယ်တယ်လေ။ ငရုတ်သီးမှာလည်း အရည်အသွေးက ကွာသေးတယ်မို့လား။ ခုခေတ်ကလည်း ငရုတ်သီးမှုန့်တွေက ကျန်းမာရေးနဲ့ညီညွှတ်တာ၊ မညီတာတွေ အမျိုးမျိုးထွက်နေတာဆိုတော့ သေချာရွေးယူနိုင်မှ ကိုယ့်အတွက် အဆင်ပြေမှာပါ။


ငရုတ်သီးကတော့ တစ်နိုင်ငံတည်း ကွက်သုံးနေတဲ့ဟင်းခတ်မျိုးမဟုတ်ပဲ တကမ္ဘာလုံးနီးပါးအသုံးပြုကြပါတယ်။ ငရုတ်သီးအစိမ်းတောင့်မှာဆိုရင် အဖြူ၊ အစိမ်း၊ အဝါ၊ အနီ၊ ခရမ်းရောင်ကနေ အမဲရောင်ထိကို ရှိကြပါတယ်။ ငရုတ်သီးကို 7500BCလောက်တည်းက စိုက်ပျိုးခဲ့ကြပြီးတော့ အမေရိကန်မှာ ရှေးအကျဆုံးစိုက်ပျိုးခဲ့ကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးလည်း ဖြစ်ပါတယ်။ 

၂၀၁၆ခုနှစ်မှာ ငရုတ်သီးစိမ်းကို တန်ချိန်ပေါင်း၃၄.၅မီလီယမ်၊ ငရုတ်သီးအခြောက်၃.၉မီလီယမ်အထိ စိုက်ပျိုးခဲ့ကြပါတယ်။ ငရုတ်သီးစိမ်းကိုတော့ ကမ္ဘာ့စိုက်ပျိုးမှုတစ်ဝက်လောက်ကို တရုတ်နိုင်ငံကစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ငရုတ်သီးအခြောက်က တကမ္ဘာလုံးအစိမ်းစိုက်ပျိုးမှုရဲ့ ၉ပုံ၁ပုံမှာရှိပြီး တကမ္ဘာလုံးရဲ့၃၆%လောက်ကို အိန္ဒိယနိုင်ငံကတင်ပို့ခဲ့တာဖြစ်ပါတယ်။ 


အာရှနိုင်ငံများကိုတော့ ပေါ်တူဂီကုန်သည်များကနေ စတင်မိတ်ဆက်ပေးခဲ့တာလို့လဲ သိရပါတယ်။ အိန္ဒိယနိုင်ငံကိုတော့ ပေါ်တူဂီကုန်သည်များက ၁၅ရာစုနှစ်အကုန်နားမှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ 

ငရုတ်သီးက အပူကိုထုတ်လွှတ်ပေးနိုင်တာကြောင့် အနာသက်သာဆေး၊ နှာခေါင်းဖြန်းဆေးတွေမှာ အသုံးပြုကြပါတယ်။

Hsu Myat Oo



Comments