ဇီယာစေ့

ဇီယာစေ့

ဂေါ်ရန်မဆလာအတွက် သုံးတဲ့ဇီယာစေ့ကို သနပ်များ၊ မုန့်များ၊ အသားနှပ်ဟင်းများနှင့် မုန်လာဥစွပ်ပြုတ်လိုမျိုး စွပ်ပြုတ်တွေထဲမှာ သုံးတာအကောင်းဆုံးပါပဲ။ ပြင်သစ်နိုင်ငံမှာတော့ ချိစ်လုပ်တဲ့နေရာမှာနဲ့ ရိုးရာပေါင်မုန့်လုပ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ အစေ့လိုက်ကနေ အမှုန့်အထိဟင်းတွေထဲမှာ အမျိုးမျိုးအသုံးပြုကြပြီး အသုံးပြုခဲ့ကြတာ နှစ်ပေါင်း၁ဝဝကျော်ပြီးဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်မှာတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလို တာရှည်ခံဆေးအဖြစ်လဲ အသုံးပြုကြပါတယ်။ 


အမေရိကန်နိုင်ငံမှာတော့ စပိန်နှင့်ပေါ်တူဂီကုန်သည်များကြောင့် စသိလာခဲ့တာဖြစ်ပါတယ်။ ဇီယာအမျိုးအစားအများကြီးထဲကမှ အမဲရောင်နှင့်အစိမ်းရောင်ဇီယာက နာမည်အကြီးဆုံးဖြစ်ပြီး ပါရှားဟင်းလျာများမှာ ၂မျိိုးလုံးကို အသုံးပြုပါတယ်။ 



ဇီယာစေ့က အိန္ဒိယ၊ အာဖရိကမြောက်ပိုင်း၊ မက်ဆီကို၊ Chile, Subcontinentနှင့် တရုတ်နိုင်ငံများမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ဇီယာစေ့ကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကအများဆုံး စိုက်ပျိုးပြီး တကမ္ဘာလုံးစားသုံးသူ ၉၀%မှာ ၇၀%ကို စိုက်ပျိုးကြတာဖြစ်ပါတယ်။ မက်စီကိုနိုင်ငံကလည်း အများဆုံးစိုက်ပျိုးသူတွေထဲမှာ ပါဝင်ပြီး တစ်နှစ်မှာဇီယာတန်ချိန် ၃ဝဝဝဝဝလောက်ကို စိုက်ပျိုးခဲ့ကြပါတယ်။



အခြောက်ခံထားတဲ့ ဇီယာစေ့ကိုတော့ ဆေးဝါးတွေမှာလည်း အသုံးပြုကြပါတယ်။ အိန္ဒိယတောင်ပိုင်းမှာတော့ နာမည်ကြီးတဲ့သောက်စရာတစ်မျိုးဖြစ်တဲ့ Jira Waterထဲကို ပြုတ်ထားတဲ့ဇီယာစေ့ သုံးကြပါတယ်။

Hsu Myat Oo

Comments