ခြေထောက်လေးတွေကို ကျန်းကျန်းမာမာနဲ့ လှလှပပဖြစ်အောင် ထားကြမယ်။

 ခြေထောက်လေးတွေကို ကျန်းကျန်းမာမာနဲ့ လှလှပပဖြစ်အောင် ထားကြမယ်။



ခြေထောက်လေးတွေ ကျန်းကျန်းမာမာနဲ့ လှလှပပဖြစ်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းလေးတွေကို မိမိအိမ်မှာပဲ ရှာဖွေတွေ့နိုင်ပါတယ်။ လူတိုင်းလိုလိုက မျက်နှာ၊ ခန္ဓာကိုယ်နှင့် လက်တွေကိုပဲ အဓိကထားပြီး ပြင်ဆင်နေကြပြီး ခြေထောက်လေးတွေကို မေ့ထားသလိုဖြစ်နေကြတယ်။ ခြေထောက်ကို သန့်သန့်ရှင်းရှင်းထားပြီး လှပတဲ့ ခြေထောက်လေးတွေက သင့်ကိုကောင်းတဲ့နေရာကို ခေါ်ဆောင်သွားနိုင်မှာပါနော်။ ခန္ဓာကိုယ်ရဲ့မေ့ထားလို့ မရတဲ့ အစိတ်အပိုင်းဖြစ်နေတာမို့ ဘယ်လိုုကျန်းကျန်းမာမာနဲ့ လှလှပပဖြစ်အောင် ထားမလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

၁။ သင့်ခြေထောက်နဲ့ ကွက်တိဖြစ်မယ့်ဆိုဒ်၊ အမြင့်နဲ့ သက်တောင့်သက်သာဖြစ်ပြီး လှလှပပဖြစ်စေမယ့် ဖိနပ်ကို ရွေးပေးပါ။



၂။ တစ်လကိုတစ်ခေါက်လောက်တော့ ခြေထောက်နဲ့ ပတ်သက်တဲ့ ကုထုံးလေးတွေ၊ ပေါင်းတင်တာလေးတွေ လုပ်ပေးပါ။



၃။ တစ်ပတ်မှာ အနည်းဆုံးနာရီဝက်လောက်တော့ ရေနွေး၊ ဆားရေ၊ ဗီနီကာရည်တို့နဲ့ စိမ်ပေးပါ။


၄။ ခြေထောက်မှိုစွဲခြင်းတွေ၊ ဆီးချိုခြေထောက်တွေ (သို့) သွေးလည်ပတ်မှုမကောင်းခြင်းစတဲ့ ရောဂါလက္ခဏာများအတွက် ဆရာဝန်နဲ့ ပြသင့်ရင််ပြပါ။

၅။ အလုပ်လုပ်တဲ့ နေရာကိုလိုက်ပြီး ဖိနပ်နောက်မှာ Foot liner လေးတွေခံပြီး စီးပေးပါ။ ဒါဆိုရင် ခြေထောက်ကို လျောက်ရတာသက်တာင့်သက်သာဖြစ်စေသလို ခြေဖနှောင့်မှာ ဒဏ်ရာရတာတွေကိုလည်း သက်သာစေပါတယ်။

၆။ ဖြစ်နိုင်မယ်ဆိုရင် ညတိုင်း ကောင်းတဲ့ခြေထောက်လိမ်းခရင်လေးတွေ သုံးပြီး နှှိပ်နယ်ပေးပါ။

၇။ ရေနဲ့ထိတွေ့ပြီး အလုပ်လုပ်နေရတယ်ဆိုရင် ရာဘာဖိနပ်ကို သုံးသင့်ပါတယ်။ 


၈။ ခြေထောက်ထက်ကို သေးလွန်းတဲ့ဖိနပ် (သို့) မိမိခြေထောက်ထက် ပိုကြီးနေတဲ့ဖိနပ်ကို မရွေးမိပါစေနဲ့။ 


၉။ လည်သာအတုနဲ့ လုပ်ထားတဲ့ ဖိနပ်တွေကို ဖြစ်နိုင်ရင်မသုံးပါနဲ့။

၁၀။ မိမိခြေထောက်နဲ့ သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကို ရွေးပေးပါ။


Hsu Myat Oo

Comments