အသားအရည်အတွက် ရေခဲရဲ့ကောင်းကျိုးလေးများ (မျက်နှာအတွက် ရေခဲရဲ့ကောင်းကျိုးလေးများ)

 အသားအရည်အတွက် ရေခဲရဲ့ကောင်းကျိုးလေးများ (မျက်နှာအတွက် ရေခဲရဲ့ကောင်းကျိုးလေးများ)

🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊

ရေခဲတုံးလေးတွေက ဝက်ခြံတွေ၊ နေလောင်ထားခြင်းတွေ၊ အသားအရည်ရောင်ရမ်းခြင်းတွေကို ချောမွေ့သက်သာစေပါတယ်။ အနီစက်တွေ၊ ရောင်ရမ်းခြင်းနဲ့ ထုံကျင်ခြင်းများကို လျော့ကျစေပါတယ်။ မျက်မှာကို ရေခဲနဲ့နှိပ်နယ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး၊ အသားအရည်ကို ဝင်းလက်စေပါတယ်။

 ရေခဲကို နွားနို့(သို့) သခွားသီးလေးပါ ထပ်ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အသားအရည်ကို ။ မို့အစ်နေတဲ့ မျက်ဝန်းလေးတွေအတွက် ရေခဲကို ဂရင်းတီးလေးပါ ပေါင်းသုံးပေးပါ။ ရေခဲကအသားအရည်ကို တင်းရင်းစေပြီး အရေးအကြောင်းဖြစ်ခြင်းတွေမှ ကာကွယ်ပေးပါတယ်။ မိတ်ကပ်သုံးထားတဲ့ မျက်နှာပြင်ပေါ်မှာတောင် ချောမွေ့အောင် ဖန်တီးပေးနိုင်ပါတယ်။ ဒီလိုကောင်းမွန်လှတဲ့ ပစ္စည်းလေးကို ရေခဲသေတ္တာထဲမှာ အေးခဲထားရုံလောက်နဲ့ အလွယ်တကူရရှိနေတာဖြစ်ပါတယ်။

ရေခဲတုံးလေးတွေကို သုံးပေးတာကြောင့် ရရှိမယ့် ကောင်းကျိုးလေးတွေကို ပြောပြပေးထားပါတယ်


🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊🧊

၁။ ဝက်ခြံတွေကို လျော့ပါးစေပြီး ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။

ရေခဲတုံးလေးတွေရဲ့ နာမည်အကြီးဆုုံးအချက်ကတော့ ဝက်ခြံလေးတွေကို ကျုံသွားစေခြင်း ဖြစ်ပါတယ်။ ရေခဲတုံးသုံးပြီးတဲ့ အချိန်မှာတော့ ဝက်ခြံလေးတွေက ဒဏ်ရာသေးသေးလေးတွေအဖြစ်ပဲ ကျန်နေခဲ့စေပါတယ်။ ရေခဲက နီမြန်းခြင်းတွေ၊ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  ဝက်ခြံဆိုတာက ထိခိုက်မခံပြီးတော့ ဘတ်တီးရီးယားတွေနဲ့ ပြည့်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံတွေပေါ်မှာ ရေခဲကပ်တဲ့အချိန်မှာ ဂရုစိုက်ပေးပါ။ ရေခဲက ဝက်ခြံအတွက်တင်မကသေးပါဘူး ဓာတ်မတည့်ခြင်းတွေပါ လျော့ကျစေပါတယ်။ 

ဘယ်လိုသုံးကြမလဲ : မျက်နှာကို သစ်ပြီး တဘက်နဲ့ ခြောက်အောင်သုုတ်ပေးပါ။ ရေခဲတုံးများကို သန့်ရှင်းတဲ့တဘက် (သို့) ပလတ်စတစ်အိတ်နဲ့ ထုပ်ထားပါ။ ဝက်ခြံပေါ်မှာ ၁မိနစ်လောက် တင်ပေးထားပါ။ ၅မိနစ်လောက် ပြန်ဖယ်ထားပြီး လိုအပ်ပါက နောက်တစ်ခေါက်ထပ်လုပ်ပေးပါ။ နောက်အခေါက်ရေများအတွက် ရှားစောင်းလက်ပတ်ရေခဲတုုံး၊ လိမ္မော်ရေခဲတုံး (သို့) သံပုုရာရေခဲတုံးများကို ပြောင်းလဲသုံးပေးနိုင်ပါတယ်။ မိမိအသားအရည်နဲ့ လိုက်ဖက်ပြီး သင့်တော်မယ့် ရေခဲတုံးကို အသုံးပြုပေးနိုင်ပါတယ်

👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍

၂။ ဖြူဖတ်ဖြူရော်ဖြစ်ခြင်းကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

မွဲခြောက်ခြောက်ဖြစ်နေတဲ့ အသားအရည်ပေါ်ကို ရေခဲတုံးကို ကပ်ပေးပါ။ အေးမြခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေခြင်း၊ အသားအရည်အတွက် သွေးရောင်နဲ့ မျက်နှာကိုလည်း ကြည်လင်ဝင်းပစေပါတယ်။ ရေခဲကပ်ပေးတာကြောင့် မိတ်ကပ်မလိမ်းခင်မှာတောင် အသားအရည်က သဘာဝအတိုင်း တောက်ပနေစေပါတယ်။ မနက်အိပ်ယာကနိုးတာနဲ့ မျက်နှာကို ရေခဲလေးကပ်ပေးလိုက်တာကြောင့် နှစ်ဆကောင်းမွန်တဲ့ Wake-up callလေးပါနော်။

ဘယ်လိုုသုံးကြမလဲ : မျက်နှာကို သစ်ပြီး တဘက်နဲ့ ခြောက်အောင်သုုတ်ပေးပါ။ ရေခဲတုံးများကို သန့်ရှင်းတဲ့တဘက် (သို့) ပလတ်စတစ်အိတ်နဲ့ ထုပ်ထားပါ။ ရေခဲထုပ်ကို မျက်နှာပေါ်နှှင့် လည်ပင််းပေါ်ကို သုတ်လိမ်းပြီး နှိပ်နယ်သလိုပုံစံမျိုး လိမ့်ပေးပါ။ အရမ်းဖိပြီး လိမ့်ပေးခြင်းက သင့်အသားအရည်ကို ကြမ်းကြမ်းတမ်းတမ်းဖြစ်စေပါတယ်။ မျက်လုံးနီးတဝို်က်ကိုတော့ ရှောင်ရှားပေးပါ။ တစ်ကြိမ်ပြုလုပ်ပြီးပြီဆိုရင်တော့ အသားအရည်ကို သဘာဝအတိုင်း ခြောက်သွေ့ပါစေ။

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

၃။ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။

 အသားအရည်ကိုု နေလောင်ထားတာ များနေပြီးလား။ ကောင်းကောင်းအနားမယူမခြင်း နေလောင်ဒဏ်ရာတွေကို သတိထားမိမှာ မဟုတ်ပါဘူးး။ နေလောင်ဒဏ်ရာတွေက သင့်အသားအရည် အရည်အသွေးကို ကျဆင်းစေပြီး နာကျင်မှုတွေ ဖြစ်စေပါတယ်။ ရှားစောင်းလက်ပတ် ရေခဲတုံးလေးတွေက နေလောင်ဒဏ်ရာကို ကောင်းကောင်းသက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ် မရှိဘူးဆိုရင်တော့ သခွားသီးအနှစ်နဲ့ ပြုလုပ်ထားတဲ့ ရေခဲတုုံးလေးက ဓာတ်တိုးဆန့်ကျင်စေတဲ့ ဗီတာမင်် C ပါဝင်တာကြောင့် အစွမ်းထက်လှပါတယ်။

ဘယ်လိုသုံးကြမလဲ : ရှားစောင်းလက်ပတ် (သို့) သခွားသီး ရေခဲတုံးလေးတွေ ပြုလုပ်ထားပါ။ မျက်နှာကို သစ်ပြီး တဘက်နဲ့ ခြောက်အောင်သုုတ်ပေးပါ။ ရေခဲတုံးများကို သန့်ရှင်းတဲ့တဘက် (သို့) ပလတ်စတစ်အိတ်နဲ့ ထုပ်ထားပါ။ ရေခဲတုံးလေးတွေကို နေလောင်ထားတဲ့ နေရာတစ်လျောက်မှာ ရေခဲအရည်ပျော်တဲ့အထိ ထားပေးပါ။ 

👁👁👁👁👁👁👁👁👁👁👁👁👁👁👁👁👁👁👁👁👁

၄။ မျက်လုံးရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ 

ရေခဲအိတ်လေးတွေက ရောင်ရမ်းနေတဲ့ မျက်လုံးတွေ (သို့) ပင်ပန်းနေတဲ့မျက်လုံးတွေကို ကောင်းကောင်းသက်သာစေတဲ့ ဆေးတပါးဖြစ်ပါတယ်။ ရိုးရိုးရေခဲတွေသာမက နွားနို့ (သို့) ဂရင်းတီးရေခဲတုံးလေးတွေကို သုုံးလို့ရပါတယ်။ မျက်လုံးတစ်ဝိုက်က အသားအရည်က နူးညံံ့တာကြောင့် ရေခဲတုံးကို အကြာကြီး မသုံးပေးပါနဲ့။

ဘယ်လိုသုံးကြမလဲ : ရိုးရိုးရေ (သို့) နွားနို့နဲ့ ရေခဲတုံးပြုလုပ်ထားပါ။ မျက်နှာကို သစ်ပြီး တဘက်နဲ့ ခြောက်အောင်သုုတ်ပေးပါ။ ရေခဲတုံးများကို သန့်ရှင်းတဲ့တဘက် (သို့) ပလတ်စတစ်အိတ်နဲ့ ထုပ်ထားပါ။ ရေခဲတုံးကို မျက်လုံးမှာ အချိန်ခဏလောက် ကပ်ပေးထားပါ။ တစ်ကြိမ်ပြုလုပ်ပြီးတိုင်း မျက်လုံးကို နူးညံ့တဲ့ တဘက်နဲ့သုတ်ပြီး ခြောက်သွေ့ပါစေ။ 

🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂

၅။ အရေးအကြောင်းများကို လျော့ကျစေပါတယ်။ 

အသက်အရွယ်ရလာတဲ့အမျှ အရေးအကြောင်းဆိုတာက ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် အသားအရည်ကို ရေဓာတ်ထိန်းပေးခြင်းဖြင့် အရေးအကြောင်းတွေကို လျော့ချပေးနိုင်ပါတယ်။ ရေခဲတုံးလေးတွေက အသားအရည်ကို ကြည်လင်စေပြီး အစိုဓာတ်ကို ကောင်းကောင်းထိန်းပေးထားပါတယ်။ 

ဘယ်လိုသုံးကြမလဲ : မျက်နှာကို ရေနွေးနွေး (သိို့) ရေပူနဲ့ မျက်နှာသစ်ပေးပြီး သုတ်ထားပါ။ ရေခဲတုံးများကို သန့်ရှင်းတဲ့တဘက် (သို့) ပလတ်စတစ်အိတ်နဲ့ ထုပ်ထားပါ။ ရေခဲတုံးကို မျက်နှာပေါ်မှာ ရေခဲအရည်ပျော်တဲ့ အထိထားပါ။ ချွေးပေါက်တွေကိုပါ ကျဉ်းသွားစေပါတယ်။ 

Author -- Admin (Hsu Myat Oo)



Comments