နုပျိုတဲ့အသားအရည်ရရှိစေနိုင်တဲ့ စွမ်းအားမြင့်နဲ့ ပါဝင်ပစ္စည်းလေးများ
သင်က တခြားမိန်းကလေးတွေနဲ့ တူတူပဲဆိုရင် နေ့စဉ်စားသုံးဖို့ ထောက်ခံပေးထားတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်မပျက်ပဲ စားသုံးဖို့ဆိုတာ ခက်ခဲမယ်ဆိုတာကို သိပါတယ်။ ခေတ်စားနေတဲ့ Multivitaminများကလည်း ကျန်းမာလာဖို့အတွက် အာဟာရများကို ဖြည့်စည်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလဲ ဖြစ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ ပစ္စည်းလေးတွေကို သင့်မျက်နှာလှပစေတဲ့ ကျန်းမာရေးဖြည့်စွက်အစာတွေအဖြစ် စဉ်းစားကြည့်သင့်ပါတယ်။ ဒီပစ္စည်းလေးတွေက သင့်ကို ကျန်းမာတဲ့အသားအရည်ရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ အ့ံသြဖို့ကောင်းတဲ့ စွမ်းအင်တွေ အပြည့်ပါဝင်တဲ့ ပစ္စည်းလေးတွေ ဖြစ်ကြပါတယ်။ ခုခေတ်မှာ အသားအရည်အတွက် ဓာတုပစ္စည်းပါတဲ့ အလှကုန်တွေထက် သဘာဝအရ အသားအရည်ကို ကောင်းကျိုးပေးနိုင်တဲ့ ပစ္စည်းတွေကို သုံးစွဲလာကြပြီဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက အကောင်းဆုံး အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်တဲ့ ပစ္စည်းများဖြစ်ကြပါတယ်။
ဗီတာမင် A







ဗီတာမင် Aက အိုမင်းရင့်ရော်ခြင်းကို အကောင်းဆုံးတားဆီးပေးနိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် A ကပါးလွှာတဲ့အရေပြားတွေကို ထူလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အပေါ်ယံအရေပြားအလွှာရှိ တစ်သျှူးများ တည်မြဲခြင်းနှင့် ဆဲလ်အသစ်ဖြစ်ပေါ်စေရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နေရောင်ကြောင့်အသားအရည်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ အရေပြားဆဲလ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ ဗီတာမင် A အတွက် နွားနို့၊ ဆလတ်၊ ကြက်ဥ၊ ငါး၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ မက်မွန်သီး၊ တရုတ်ဆီးသီးနှင့် Broccoliတို့ကို စားပေးနိုင်ပါတယ်။
ဇင့် (Zinc)







ဇင့် (Zinc) ကဒက်ရာတွေ၊ ဝက်ခြံတွေ၊ အသားအရည်နာကျင်ခြင်းတွေ ကို သက်သာစေတဲ့ အကောင်းဆုံးအသားအရည် ထိန်းသိမ်းတဲ့ပစ္စည်းတစ်မျိုးဖြစ်ပြီး နေရောင်ကို ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ ပစ္စည်းလဲဖြစ်ပါတယ်။ ဇင့်က အရေပြားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ မီးလောင်နာတွေ၊ အပူလောင်တာတွေ၊ ခြေထောက်အတွင်းပိုင်း ဒဏ်ရာရခြင်းတွေ၊ နှင်းခူနာတွေ၊ အရေပြား ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဇင့်ကို ကြက်သား၊ ဂုံး၊ ချိစ်၊ အစေ့အဆန်များ၊ နွားနို့၊ အနီရောင်အသားများ၊ ဒိန်ချဉ်နှင့် ဆော်လမွန်ငါးတို့မှာ ရရှိနိုင်ပါတယ်။
ကော့ပါး (Copper)








ကော့ပါး (Copper)က ခန္ဓာကိုယ်တွင်း အမျိုးမျိုးသောအင်ဇိုင်းများကို ထုတ်လုပ်ပေးဖို့အတွက် အသုံးပြုပါတယ်။ ကော့ပါးက သံဓာတ်နဲ့ပေါင်းပြီး ခန္ဓာကိုယ်တွင်း သွေးနီဥတွေကို ထုတ်လုပ်ပေးကြပါတယ်။ တကယ်လို့ ကော့ပါးချို့တဲ့ခဲ့မယ်ဆိုရင် သံဓာတ်စုပ်ယူခြင်းကို ထိခိုက်စေပါတယ်။ ကော့ပါးက ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဆဲလ်အသစ်တွေကိုလည်း တည်ဆောက်ပေးပါတယ်။ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။ ငယ်ရွယ်တဲ့ အသားအရည်ကို ရရှိစေပါတယ်။ ကော့ပါးကို ကြက်ဥအနှစ်၊ အသား၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကောက်ပဲသီးနှံများ၊ ကလီစာများမှ ရရှိနိုင်ပါတယ်။
Niacinamide







Niacinamideကို ဗီတာမင် B3အနေနဲ့ လူသိများကြပြီး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေတော်တော်များများမှာ တွေ့ရပါတယ်။ ဗီတာမင် B3က ရေဓာတ်ကိုဖြည့်ပေးနိုင်ပြီး အသားအရည်ပေါ်မှာ ကာကွယ်ပေးနိုင်တဲ့အလွှာတစ်ခုအနေနဲ့ ရှိနေစေပါတယ်။ ရောင်ရမ်းခြင်း၊ အရေးအကြောင်းများ၊ ဝက်ခြံများ၊ မျက်နှာပြင်တွင် အစက်အပြောက်များဖြစ်ခြင်းနဲ့ နေရောင်ခြည်ကြောင့် အသားအရည် ပျက်စီးခြင်းတွေကို လျော့ကျစေပါတယ်။ အသားအရည်ကို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တဲ့ စွမ်းရည်မြင့်မားပါတယ်။ ဗီတာမင် B3အတွက် Broccoli၊ မြေပဲ၊ ကြက်သား၊ မှို၊ ပန်းငရုတ်ပွသီး၊ ပဲ၊ ပြောင်းဖူး၊ ကောက်နှံများ၊ ကြက်ဥ တို့ကို စားပေးနိုင်ပါတယ်။
ကယ်စီယမ်



....................................................................
ကယ်စီယမ်ကတော့ နွားနို့မှာ အများဆုံးပါတဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကယ်စီယမ်က အရိုးနဲ့သွားတွေ တည်ဆောက်ရန် အဓိကအခန်းကဏ္ဍကနေ ပါဝင်ပြီးတော့ အသားအရည်အတွက်လည်း ကောင်းကျိုးတွေအများကြီးပေးနိုင်ပါတယ်။ ကယ်စီယမ်က ခန္ဓာကိုယ်တွင်းအင်ဇိုင်းတွေကို တက်ကြွစေခြင်းဖြင့် ဆဲလ်တွေကို ကောင်းကောင်းလည်ပတ်စေပါတယ်။ အသားအရည်တွင် ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားများကို ကာကွယ်ပေးနိုင်ပြီး အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။ အသားအရည်ခြောက်သွေ့တဲ့ သူတွေအတွက် ကယ်စီယမ်ကြွယ်ဝတဲ့ အလှကုန်များကို သုံးစွဲပေးသင့်ပါတယ်။ ကယ်စီယမ်၊ ကော့ပါးဓာတ်ပါတဲ့ အလှကုန်များက အသားအရည်ကို နူးညံ့စေပါတယ်။ ကယ်စီယမ်ကို အဓိကအနေနဲ့ နွားနို့၊ ကြက်သွန်နီ၊ တိုဖူး၊ ဟင်းနုနယ်၊ နှမ်းစေ့၊ ကိုက်လန်၊ ပဲတောင့်ရှည်၊ မနက်စာ Cerealတို့ကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။
ဗီတာမင် D













ဗီတာမင် D ကိုနေရောင်မှ အများဆုံးရရှိနိုင်ပါတယ်။ ဗီတာမင် D ကို အရေပြားရောဂါတစ်မျိုးကို ကုသဖို့အတွက် နေရောင်အောက်မှာ တရားထိုင်ပြီး ကုသခဲ့ကြတာက နှစ်ပေါင်းများစွာတည်းက ကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ ဗီတာမင် D အသားအရည်မှ ဆဲလ်များကြီးထွားလာခြင်းကို ထိန်းချုပ်ပေးခြင်း၊ အသားအရည်မှ ဆဲလ်တွေအများအပါး တိုးလာခြင်းကို တားဆီးပေးနိုင်ခြင်းနှင့် ရောဂါခုခံနိုင်စွမ်းကို တိုးစေပါတယ်။ ဗီတာမင် D ကိုတော့ နေရောင်ကနေ အဓိကရပြီးတော့ နွားနို့၊ ငါးနီတူ၊ ငါးဥ၊ ချိစ်၊ မှို၊ ငါးသေတ္တာ၊ ပဲ၊ အသားများ၊ ထောပတ်သီး၊ ကန်စွန်းဥ၊ သရက်သီးတို့တွင် ရရှိနိုင်ပါတယ်။
ဗီတာမင် C


















ဗီတာမင် C ကိုချဉ်တဲ့အသီးတော်တော်များများမှာ တွေ့နိုင်ပါတယ်။ ဗီတာမင် C ကအအေးမိခြင်းကို တားဆီးနိုင်ရုံသာမကပါဘူး အရေးအကြောင်းတွေကို လျော့ချပေးနိုင်တဲ့ Collagenထွက်လာအောင် ပြုလုပ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး ဗီတာမင် C က အညိုရောင်အစက်မပြောက်များ၊ အမာရွတ်များ ကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။
Hsu Myat Oo
Comments
Post a Comment