ဝိတ်ချမယ်ဆိုျပီး အရင်လိုမစားမသောက်ပဲနဲ့နေတုန်းလား

 ဝိတ်ချမယ်ဆိုျပီး အရင်လိုမစားမသောက်ပဲနဲ့နေတုန်းလား

🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺
ဒါဆိုရင်တော့ စားသောက်ပြီးတော့ ဝိတ်ပြောင်းချလိုက်ပါ
ခုချိန်ဝိတ်ကျနေတယ်တို့၊ ဘယ်လိုချလဲမေးလိုက်ရင် ဒီနည်းပဲပြောကြတာများတယ်။ ကာဗွန်ဟိုက်ဒရိတ်အနည်းဆုံး၊ အဆီများများစားပြီး ချရတဲ့ဝိတ်ချနည်းပေါ့။ ကင်ဆာရောဂါသည်၊ အယ်ဇိုင်းမားရောဂါနဲ့တခြားရောဂါတွေအတွက်တောင် အကျိုးရှိတယ်လို့လဲဖတ်ရတယ်။ Keto Dietက တရက်မှာ ကာဗွန်ဟိုက်ဒရိတ်ကို၂ဝကနေ၅ဝဂရမ်ထဲပဲစားခိုင်းတယ်။ ဒီဝိတ်ချတဲ့စိန်ခေါ်မှုက တခြားဝိတ်ချနည်းတွေထက် အစားအသောက်ပြောင်းလဲပြီးစားတဲ့အချိန်မှာ ပိုပြီးလွယ်လွယ်လေး ပြောင်းလာနိုင်ကြတယ်။ လူတိုင်းကရေလုံပြုတ်မစားနိုင်ပေမယ့် ဆီကြော်စာကတော့ စားနိုင်ကြတယ်လေ။ Keto Dietနဲ့ညီအောင် ဘယ်လိုအစားအစာတွေစားရမလဲ ကြည့်လိုက်ရအောင်..
ပင်လယ်စာ🦈🐟🐠🦐🦞🦀🦑🐙🦪

ငါးတွေမှာက ဗီတာမင် B၊ ပိုတက်စီယမ်နဲ့ စီလီနီယမ်ကြွယ်ဝပြီး ကာဗွန်ဟိုက်ဒရိတ်လုံးဝမပါပါဘူး။ ပုစွန်နဲ့ ကဏန်းတော်တော်များများကလဲ ကာဗွန်ဟိုက်ဒရိတ်မပါတဲ့ အခွံပါငါးတွေပေါ့။ တချို့ပင်လယ်စာတွေဖြစ်တဲ့ ဂုံး၊ ခရု၊ ရေဘဝဲ၊ ပြည်ကြီးငါးတွေမှာတော့ ကာဗွန်ဟိုက်ဒရိတ်နည်းနည်းစီပါဝင်ပါတယ်။ ပင်လယ်စာတွေကိုစားပေးတာကြောင့် ဗီတာမင်၊ သတ္ထုဓာတ်နဲ့ အိုမီဂါ-၃-ဖက်တီးအက်စစ်ကိုရစေတယ်။ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး တစ်ချို့ရောဂါတွေဖြစ်နိုင်ချေနည်းတာကြောင့် Keto Dietထဲထည့်စားဖို့မမေ့ပါနဲ့။

ကာဗွန်ဟိုက်ဒရိတ်နည်းတဲ့ ဟင်းသီးဟင်းရွက်များ🥦🥑🥒🥥🥬🍓

ကစီဓာတ်မပါတဲ့ ဟင်းသီးဟင်းရွက်တွေက ကယ်လိုရီရော၊ ကာဗွန်ဟိုက်ဒရိတ်ရော ပါဝင်မှုနည်းပါတယ်။ ဒါပေမယ့် ဗီတာမင် Cနဲ့ များစွာသော သတ္ထုဓာတ်တွေ အများကြီးပါတယ်လေ။ ဒီလိုဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်အများကြီးပါတာကြောင့် ခန္ဓာကိုယ်ကအစာချေဖျက်မှုကောင်းစေတယ်။ ကောင်းကောင်းလဲစုပ်ယူပေးစေတယ်။
ကစီဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ အာလူး၊ ကန်စွန်းဥနဲ့ မြေအောက်ကနေ ရတဲ့အရာတွေကိုတော့ စားမယ်ဆိုရင် တစ်နေ့စားရမယ့်အတိုင်းအတာထက် ပိုပြီးမစားသင့်ပါဘူး။ ဟင်းသီးဟင်းရွက်တွေမှာ Free Radicalပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းဆဲလ်များ ပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။ အရွက်များများပါတဲ့ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီတို့က ကင်ဆာနဲ့နှလုံးရောဂါဖြစ်နို်င်ချေကို လျော့ကျစေပါတယ်။
ဒီလိုကာဗွန်ဟိုက်ဒရိတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေနဲ့ အစားထိုးစားနိုင်ပါတယ်။ ပန်းဂေါ်ဖီကို ဆန်နဲ့အာလူးထောင်းလိုမျိုးအတွက် အစားထိုးနိုင်ပြီး သခွားသီးကိုတော့ အမျှင်လေးတွေလုပ်ပြီး ခေါက်ဆွဲနေရာမှာ အစားထိုးသုံးနိုင်ပါတယ်။

Comments