Keto Dietစမလုပ်ခင် သိထားသင့်တဲ့ အချက်များ

 Keto Dietစမလုပ်ခင် သိထားသင့်တဲ့ အချက်များ



Keto Dietဆိုတာက သိထားတဲ့အတိုင်းပါပဲ။ ကာဘိုဟိုက်ဒရိတ် နည်းနည်းပဲစားပြီး အဆီများများစားတဲ့ Planတစ်ခုဖြစ်ပါတယ်။
၁။ Keto Dietလုပ်မယ်ဆိုရင် စားရမှာ၊ ရှောင်ရမှာတွေကို သေချာသိပါ။ Keto Dietစားပြီဆိုရင် တစ်ရက်မှာ ကာဘိုဟိုဒရိတ်ကို ၂ဝဂရမ်ကနေ ၃ဝဂရမ်ထိပဲစားလို့ ရပါတယ်။ ဒါ့ကြောင့် စစားပြီဆိုတာနဲ့ ကိုယ်စားတဲ့အစားအသောက်မှာ ဘယ်ဟာကပရိုတင်း၊ အဆီ၊ ကာဘိုဟိုက်ဒရိတ်လဲဆိုတာ သေချာသိအောင်လုပ်ပါ။ ကွတ်ကီး၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ရေခဲမုန့်တွေက ကာဘိုဟိုက်ဒရိတ်တွေပါ။ Keto Dietစစားပြီဆိုတာနဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲ၊ အာလူးကို ဖြတ်ခိုင်းတာကြောင့် ကိုယ်တနေ့စားမယ့် အစားအစာကို သေချာတွက်ချက်ပါ။

၂။ အဆီကိုပဲစားရမှာပါ။ စတည်းက အဆီဆိုသိပ်မစားတဲ့သူ၊ အဆီရှောင်တဲ့သူတွေဆို တော်တော်လေးအခက်တွေ့မှာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုတဲ့ မပြည့်ဝအဆီတွေထက်ကို ကျန်းမာရေးအတွက် ဆိုးပါတယ်ဆိုတဲ့ ပြည့်ဝဆီတွေကိုပဲစားခိုင်းမှာပါ။ တကယ်လို့များ Keto Dietစစားပြီ ပြည့်ဝဆီတွေကို စားရပြီဆိုရင် စစချင်းမှာအခက်တွေ့မှာပါ။


၃။ Keto Dietအတွက် မြန်မြန်ကျတယ်ဆိုတဲ့ ကော်ဖီထဲမှာထောပတ်၊ အုန်းဆီတို့ကိုထည့်ပြီး သောက်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလိုကော်ဖီသောက်ပေးတာကြောင့် တစ်ရက်လုံးမှာ ပုံမှန်ထက်ကို အဆာပိုခံစေပါတယ်။
၄။ မိသားစုတွေကို မိမိရဲ့Keto Dietနဲ့ပတ်သက်ပြီး အခြေခံလောက်ပြောပြပေးထားပါ။ မိသားစုနဲ့ လက်စုံစားနေကြဆိုရင် မိမိရဲ့စားသောက်နည်းပုံစံအသစ်ကို ပြောပြထားပေးပါ။

၅။ Keto Dietကြောင့် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်လေ့လာထားပါ။ ဖြစ်လာရင် ဘယ်လိုလုပ်မယ်ဆိုတာကအစ သေချာပြင်ဆင်ထားပါ။ Keto Dietစားမယ်ဆိုရင် အနည်းဆုံးဝက်ခြံတွေပိုထွက်လာတာက အစ ၅၀%လောက်က Keto Flu ဖြစ်တတ်ပါတယ်။ Keto Dietစားပြီး ၁ဝရက်ကြာပြီဆိုရင်တော့ လှေကားတက်တာကအစ မတူတော့တာကို သိထာမှာပါ။ ဒါတွေကို ကြိုသိထားပါ။
၆။ Keto Dietစားပြီဆိုရင် ကျောက်ကပ်ထိနိုင်တာကြောင့် ရေများများပိုသောက်ပါ။ ဆိုဒီယမ်၊ ပိုတက်စီယမ်တို့ များများပါဝင်တဲ့ အရိုးစွပ်ပြုတ်၊ ကညွှတ်၊ ကိုက်လန်၊ ပန်းငရုတ်ပွလိုမျိုး ဟင်းသီးဟင်းရွက်တွေများများစားပါ။
၇။ Keto Dietဆိုတာ ရေရှည်စားလို့မသင့်တဲ့ Dietတစ်မျိုးဆိုတာ ကြိုသိပါ။

Comments