ငါးဥချဉ်စပ်

ငါးဥချဉ်စပ် (Sour & Spicy Fish Egg Curry)

.................

အိမ်မှာငါးဥလေးတွေရှိနေတာနဲ့ မိန်းကလေးဆိုတော့ ချဉ်ချဉ်စပ်စပ်လေးကလဲ စားချင်သေးတယ်။ အိမ်မှာညီအစ်မ၂ယောက်ကလဲ Keto Diet စားနေတာဆိုတော့ ကြက်သွန်ဖြူ၊ နီ၊ ငံပြာရည်နဲ့ တခြားဟင်းခတ်ပစ္စည်းတွေ မသုံးချင်တာကြောင့် ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ ရေညှိမှုန့်ပဲ သုံးပြီးချက်ထားပါတယ်။ လူငယ်တင်မကဘူး၊ လူကြီးတွေလဲစားရင် ထမင်းမြိန်မယ့်ဟင်းလေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ တခြားနည်းလေးတွေရှိရင်လဲ Commentမှာ ပြောပြပေးအုန်းနေ်ာ…..

ပါဝင်ပစ္စည်းများ

...................

ငါးဥ 

ခရမ်းချဉ်သီး ၄လုံး

ငရုတ်သီး ၆တောင့်

ဂျင်း လက်တစ်ဆစ်

ဆီ ၂ဝဂရမ်

Dashi ရေညှိမှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း

ဆား လက်ဖက်ရည်ဇွန်း၂ဇွန်း

ငရုတ်ကောင်းမှုန့် အနည်းငယ်

မန်ကျည်းနှစ် စားပွဲဇွန်း၁ဇွန်း

ရေ တစ်ဖန်ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

................................

၁။ ငါးဥကို ရေနွေးပွက်ပွက်ဆူထဲမှာ ဆနွင်းနည်းနည်းထည့်ပြီး နည်းနည်းတင်းလောက်တဲ့ထိပဲ ပြုတ်ပေးပါ။ နည်းနည်းအသားလေးတင်းသွားပြီဆိုရင် ရေသွန်ပြီး အတုံးလေးတွေတုံးထားပါ။

၂။ ခရမ်းချဉ်သီး၊ ဂျင်းနဲ့ ငရုတ်သီးအတောင့်တွေကို ရေသေချာဆေးပြီး ကြိတ်စက်ထဲမှာထည့်ကြိတ်ပါတယ်။ မရှိရင် ငရုတ်ဆုံထဲမှာထည့်ထောင်းပါ။ ချက်မယ့်အိုးထဲမှာ ဆီထည့်ပြီးဆီပူလာရင် ကြိတ်ထားတာတွေကို ဆီပြန်လာအောင်ချက်ပါတယ်။ ဆား၊ ငရုတ်ကောင်း၊ မန်ကျည်းနှစ်နှင့် ရေညှိမှုန့်ထည့်ပါ။ ပြုတ်ထားတဲ့ငါးဥတွေကိုထည့်ပါ။ ရေထည့်ပါ။

၃။ နောက်တစ်ခေါက်ဆီပြန်အောင် ထပ်ချက်ပါမယ်။ အရသာမြည်းပြီး မီးပိတ်ပါ။ နံနံပင်၊ ကြက်သွန်မြိတ်အုပ်ရင် ပိုမွှေးပါတယ်။ ဆုမြတ်ကတော့မရှိိလို့မထည့်တော့ဘူးနေ်ာ………………

##HsuMyatOo

##ဆုျမတ္ဦး

##ငါးဥချဉ်စပ်

Comments