အစားအသောက် & FDA ဌာန
FDA ဌာနဆိုင်ရာ ညွှန်ကြားချက်တွင် ကုန်ပစ္စည်းများကို တံဆိပ်ကပ်ရာတွင် အောက်ပါအချက်များ ပါဝင်ရမည်။
• အမှတ်တံဆိပ်အမည်
• အစားအသောက်အမည်
• ပါဝင်မှုပမာဏ
• ပါဝင်ပစ္စည်းဖော်ပြချက်
• ထုတ်သူ၊ ဖြုန့်ဖြူးသူအမည်နှင့် လိပ်စာ၊ သက်တမ်းကုန်ရက်စွဲ (သို့) အကောင်းဆုံးသုံးစွဲရန်ရက်စွဲ
• ထားသိုနည်း
• သုံးစွဲရန်အညွှန်း
အစားအသောက်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း
အစားအသောက်ဆိုသည်မှာ ဆေးဝါးမှအပ လူတို့အသင့်စားသုံးနိုင်သည့် (သို့) သောက်သုံးနိုင်သည့် စားသောက်ဖွယ်ရာ၊ စားသောက်ကုန်တစ်ခုတွင် ပါဝင်သောပစ္စည်း (သို့) အစားအသောက် ထပ်ဖြည့်ထားတဲ့ပစ္စည်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ အခါအားလျော်စွာ အမိန့်ကြေငြာစာ ထုတ်ပြန်ထားသော အစားအသောက်ဟု သတ်မှတ်ထားသောပစ္စည်းများလည်း ပါဝင်ပါတယ်။
အစားအသောက်ကို စိတ်ချတဲ့အခြေအနေဖြစ်အောင် ကိုင်တွယ်ခြင်းတွင် ပါဝင်သည့်အချက်များ
• အပူချိန်ထိန်းချုပ်ခြင်း
• အစားအသောက်ကို ဘေးအန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ခြင်း
• အစားအသောက်များနှင့် အချိန်ကာလများကို သေချာသတ်မှတ်ရေးသားခြင်း
• သန့်စင်ခြင်းနှင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး သန့်ရှင်းစင်ကြယ်ခြင်း
Comments
Post a Comment