Lemon and Thyme Chicken Breast

 Lemon and Thyme Chicken Breast

................................



 သံပရိုသီးရဲ့ အချဉ်ဓာတ်လေးနဲ့ ကြက်သားရဲ့ အချိုဓာတ်လေးပါပေါင်းပြီး အရသာကို မြည်းစမ်း

နိုင်မှာဖြစ်တာကြောင့် လုပ်စားကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

• သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း

• ကြက်ရင်ပုံ - ၂ ခု

• ကြက်သွန်ဖြူ - ၆ မြွှာ (နုပ်နုပ်စဉ်းထားပါ)

• သံပရိုအခွံခြစ် (US Lemon) - ၁ လုံးစာ

• သံပရိုအရည် (US Lemon) - စားပွဲဇွန်း ၃ ဇွန်း

• ကြက်သားပြုတ်ရည် - ၈၀ ဂရမ်

• အော်ရီဂါနိုအခြောက် - စားပွဲဇွန်း ၁/၂ ဇွန်း

• Thyme  (သိုင်းမ်) အရွက် - စားပွဲဇွန်း ၁/၂ ဇွန်း 

• (လတ်လတ်ဆတ်ဆတ်ရှိရလျှင် ထည့်ပါ)

• ဆား၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်

• သံပရိုသီး (US Lemon) - ၁ လုံး

ပြုလုပ်နည်း

 ကြက်သားကို ရေစင်အောင် ဆေးပြီး ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ နယ်ထားပါ။ မုန့်ဖုတ်မီးဖိုကို 200 ံC  လောက်တင်ပြီး

ကြိုဖွင့်ထားပါ။ မုန့်ဖုတ်မီးဖိုထဲ ထည့်မယ့် ဗန်းကို ထောပတ် (သို့) ဆီသုတ်ထားပါ။ အိုးတစ်အိုးကို မီးဖိုပေါ်မှာတင်ပြီး ဆီထည့်ပါ။ 

ကြက်သွန်ဖြူထည့်ပြီး မိနစ်အနည်းလောက် ကြော်ပါ။ မကျွမ်းသွားပါစေနဲ့။ ကြက်ပြုတ်ရည်၊ သံပရိုအရည်၊ သံပရိုအခွံခြစ်၊ အော်ရီဂါနိုအခြောက်နှင့်

Thyme  (သိုင်းမ်) အရွက်ထည့်ပါ။ ကြက်သားကိုလည်း ဗန်းထဲထည့်ပြီး ချက်ထားတဲ့ အရောကို အပေါ်ကနေ ဆမ်းပေးပါ။ သံပရိုအခြမ်လေးတွေ ထည့်ပါ။

မီးဖိုထဲမှာ ၁၅ မိနစ်ခန့် ထည့်ကင်ပါ။ ၁၅ မိနစ်ကြာသွားပြီဆိုလျှင် နောက်တစ်ဖက်လှန်ပေးပြီး နောက် ၁၅ မိနစ်ခန့် ကင်ပေးပါ။ 

၁၅ မိနစ်ပြည့်သွားပြီဆိုလျှင် မီးဖိုထဲက ထုတ်ပြီး နှစ်သက်ရာဆော့စ်နဲ့ တွဲစားနိုင်ပါပြီ။

...................

ဆုမြတ်ဦး

for Food Magazine

Comments