Vitamin C

 Vitamin C



ငရုတ်သီးမှာ Vitamin C အများကြီးပါတာကို ဘယ်သူသိမှာလဲနော်။ ငရုတ်သီးမှာ ပါဝင်တဲ့ Vitaminတွေထဲမှာ အများဆုံးပမာဏအနေနဲ့ ပါဝင်နေတာက Vitamin C ဖြစ်ပါတယ်။ 

Vitamin C က ဆဲလ်အတွင်းပစ္စည်းများ ဖြစ်ပေါ်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ပါတယ်။

ထိခိုက်ဒဏ်ရာ၊ အနာများနှင့် အရိုးကျိုးသွားပြီဆိုရင်တော့ အမြန်ကျက်စေခြင်းအတွက် Vitamin C လိုအပ်ပါတယ်။

ခန္ဓာကိုယ်တွင်း သွေးနီဥများ ရင့်ကျက်ခြင်းအတွက်လည်း လိုအပ်ပါတယ်။

Vitamin C ကသွေးကျဲစေနိုင်တာကြောင့် သွေးကျဲတတ်တဲ့သူတွေ၊ လူနာများ မသောက်သုံးသင့်ပါဘူး။ အများကြီးမစားမိပါစေနဲ့။



Vitamin C ချို့တဲ့ခြင်းရဲ့ အကျိုးဆက်များ

Vitamin C ချို့တဲ့ခြင်းက Scurvy လို့ခေါ်သော ရောဂါဖြစ်စေနိုင်ပါတယ်။ ရောဂါလက္ခဏာများကတော့

အားနည်းခြင်း

စိတ်တိုလွယ်ခြင်း

အရေပြားအောက်နှင့် အဆစ်များတွင် သွေးယိုခြင်း

သွားဖုံးပျော့ခြင်း

သွားဖုံးရောင်ခြင်းနှင့် သွေးထွက်ခြင်း 

အနာနှင့် ကျိုးထားသော အရိုးများမကျက်ခြင်း (သို့) အကျက်နှေးခြင်း

သွေးအားနည်းခြင်း

အရိုးအားနည်းခြင်း

အရိုးကျိုးလွယ်ခြင်း





Hsu Myat Oo

Comments