Vitamin C

 Vitamin C



• ငရုတ်သီးမှာ Vitamin C အများကြီးပါတာကို ဘယ်သူသိမှာလဲနော်။ ငရုတ်သီးမှာ ပါဝင်တဲ့ Vitaminတွေထဲမှာ အများဆုံးပမာဏအနေနဲ့ ပါဝင်နေတာက Vitamin C ဖြစ်ပါတယ်။ 

• Vitamin C က ဆဲလ်အတွင်းပစ္စည်းများ ဖြစ်ပေါ်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ပါတယ်။

• ထိခိုက်ဒဏ်ရာ၊ အနာများနှင့် အရိုးကျိုးသွားပြီဆိုရင်တော့ အမြန်ကျက်စေခြင်းအတွက် Vitamin C လိုအပ်ပါတယ်။

• ခန္ဓာကိုယ်တွင်း သွေးနီဥများ ရင့်ကျက်ခြင်းအတွက်လည်း လိုအပ်ပါတယ်။

• Vitamin C ကသွေးကျဲစေနိုင်တာကြောင့် သွေးကျဲတတ်တဲ့သူတွေ၊ လူနာများ မသောက်သုံးသင့်ပါဘူး။ အများကြီးမစားမိပါစေနဲ့။



Vitamin C ချို့တဲ့ခြင်းရဲ့ အကျိုးဆက်များ

• Vitamin C ချို့တဲ့ခြင်းက Scurvy လို့ခေါ်သော ရောဂါဖြစ်စေနိုင်ပါတယ်။ ရောဂါလက္ခဏာများကတော့

• အားနည်းခြင်း

• စိတ်တိုလွယ်ခြင်း

• အရေပြားအောက်နှင့် အဆစ်များတွင် သွေးယိုခြင်း

• သွားဖုံးပျော့ခြင်း

• သွားဖုံးရောင်ခြင်းနှင့် သွေးထွက်ခြင်း 

• အနာနှင့် ကျိုးထားသော အရိုးများမကျက်ခြင်း (သို့) အကျက်နှေးခြင်း

• သွေးအားနည်းခြင်း

• အရိုးအားနည်းခြင်း

• အရိုးကျိုးလွယ်ခြင်း





Hsu Myat Oo

Comments