ခေတ်စားနေတဲ့ Cushion Foundation

 ခေတ်စားနေတဲ့ Cushion Foundation

ကိုးရီးယားဖက်ရှင်များနှင့် အသားအရည်ထိန်းသိမ်းပစ္စည်းများ၊ မိတ်ကပ်များနဲ့ ခုတစ်ခုကို ဦးဆောင်လာတဲ့ နှစ်အပိုင်းအခြားတစ်ခုကိုတောင် ရောက်နေပါပြီ။ “ကိုရီးယားအမျိုးသမီးတွေက သူတို့ကိုသူတို့ အသားအရည်ဘယ်လိုထိန်းသိမ်းရမလဲ၊ အသားအရည်နဲ့ကိုက်ညီတဲ့ ဘယ်လိုမိတ်ကပ်မျိုးကို အသုံးပြုရမလဲဆိုတာတွေကို သေချာသိတဲ့သူတွေဖြစ်ကြတယ်။” ဆိုပြီး မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ Natalia Spremက ဆိုထားပါတယ်။ BB cream ဆိုတာကလည်း ကိုရီးယားနိုင်ငံကနေ စတင်ထုတ်လုပ်လိုက်တဲ့ အချိန်ကစပြီးတော့ ရွှေရောင်အချိန်တစ်ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

 


Cushion Foundationက ခေတ်စားနေတဲ့ အလှအပရေစီးကြောင်းထဲက တစ်ခုဖြစ်လာပါတယ်။ ဒီCushion Foundationလေးတွေက သယ်ယူရတဲ့နေရာမှာလည်း အရမ်းလွယ်တယ်။ အသုံးပြုရတာလည်း ရိုးရှင်းလှတာကြောင့် အမျိုးသမီးတွေကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်။ Cushion Foundationက အရည်ပုံစံလေးကို ဘူးလေးနဲ့ သိပ်သိပ်သည်းသည်းလေး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဘူးထဲမှာရှိတဲ့ Cushion Foundationကို ဖိလိုက်နဲ့ လိုချင်တဲ့ပမာဏကို ရရှိမှာဖြစ်ပြီး Spongeလေးနဲ့ လွယ်လွယ်ကူကူလေး လိမ်းပေးလိုက်ရုံပါပဲ။ Cushion Foundationကို ပေါ့ပေါ့ပါးပါးလေးကနေ ကိုယ်လိုချင်တဲ့အောက်ခံမိတ်ကပ်သား အထိကို ရရှိနိုင်ပါတယ်။ 

Cushion Foundationကို သုံးပေးတာကြောင့် မျက်နှာပြင်ပေါ်ကမလိုချင်တာတွေကို သေချာလေး ဖုံးအုပ်ပေးနိုင်တယ်။ အရမ်းမိတ်ကပ်လူးထားတယ်ဆိုတာမျိုးထက် ပေါ့ပေါ့ပါးပါးလေးနဲ့ သဘာဝဆန်ပြီး Glowဖြစ်တဲ့ အလှကို ရရှိစေပါတယ်။ မိတ်ကပ်လိမ်းတဲ့အချိန်မှာ သူ့မူလSpongeလေးပါတာကြောင့် နူးနူးညံ့ညံ့လေး ထိတွေ့မှုကို ရရှိစေတယ်။ စထုတ်လုပ်ထားတည်းက မှန်လေးပါပါအောင်ထုတ်ထားတာကြောင့် တခြားအပိုသယ်သွားစရာမလိုဘူး။ အလုပ်နောက်ကျနေလို့၊ ကျောင်းနောက်ကျနေပြီမို့၊ မျက်နှာမှာ လိမ်းထားတာမကျန်တော့ဘူး။ ဒီလို ပြဿနာတွေကို Cushion Foundationတစ်ဘူးသယ်သွားရုံနဲ့ ဖြေရှင်းနိုင်မှာပါ။

ခုမှမိတ်ကပ်စသုံးမယ်ဆိုတဲ့ သူတွေအတွက်ကတော့ မိတ်ကပ်ကမ္ဘာကြီးရဲ့ ရွေးချယ်စရာအများကြီး ရှိနေမှာပါ။ ဒီလိုလူတွေအတွက်တော့ ကောင်းကောင်းဖုံးအုပ်နိုင်ပြီး အပိုပစ္စည်းတွေ ဝယ်စရာမလိုတာကြောင့် စသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခရီးထွက်မယ်ဆိုရင် မိတ်ကပ်ပစ္စည်းတွေ အများကြီးမသယ်ပဲ ပေါ့ပေါ့ပါးပါးလေးပဲ သွားချင်တယ်ဆိုရင်တော့ Cushion Foundationလေးတစ်ခုကတော့ မရှိမဖြစ်သယ်သွားရမယ့် ပစ္စည်းလေးပါနော်။ သတိထားပြီး ပြုလုပ်ပေးရမှာ တစ်ခုကတော့ Spongeလေးတွေက ညစ်ပတ်လွယ်တာကြောင့် အမြဲတမ်း သန့်ရှင်းရေးလုပ်ပေးရမှာဖြစ်ပါတယ်။

Author - Hsu Myat Oo

Comments