အသုံးအဆောင်ပစ္စည်းလေးတွေကို နည်းလမ်းတကျသိမ်းဆည်းကြမယ်။


 အသုံးအဆောင်ပစ္စည်းလေးတွေကို နည်းလမ်းတကျသိမ်းဆည်းကြမယ်။

ခေတ်ကတိုးတက်လာပြီး တကမ္ဘာလုံးမှာ လူတိုင်းကဖက်ရှင်ကျနလာတာနဲ့အမျှ အသုံးအဆောင်ပစ္စည်းလေးတွေကလည်း များများလာပါတယ်။ အဝတ်အစားတွေပဲ သင့်တော်တဲ့အနေအထားမှာ သိမ်းဆည်းတာမျိုးမဟုတ်ပဲ ဒီလိုနေ့စဉ်သုံးစွဲနေတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ များလာတာနဲ့အမျှ တစ်ခုချင်းစီအလိုက် သေချာနည်းလမ်းတကျသိမ်းဆည်းဖို့ လိုအပ်လာပါတယ်။ ဒါဆိုရင် ကိုယ်တန်ဖိုးထားတဲ့ ဖက်ရှင်အသုံးအဆောင်လေးတွေကို စနစ်တကျသိမ်းဆည်းရအောင်နော်။

၁။ ခါးပတ်

လူတစ်ယောက်မှာ ခါးပတ်တွေ များများစားစားရှိနေမှာမဟုတ်ပါဘူး။ အလွယ်ကူဆုံး ခါးပတ်သိမ်းတဲ့နည်းကတော့ အဝတ်ဘီရိုထဲက ချိတ်သေးသေးလေးမှာ ခါးပတ်ကွင်းကို ချိတ်ပြီး သိမ်းထားတာ အကောင်းဆုံးပါပဲ။ ခါးပတ်တွေကို ခေါက်ထားတာဖြစ်ဖြစ်၊ ခွေထားတာဖြစ်ဖြစ်ထက် ချိတ်ထားတာက ခါးပတ်ကိုမပျက်စီးစေသလို၊ အလွယ်တကူရှာတွေ့နိုင်မယ့် နည်းလေးပါ။

၂။ ဖိနပ်များ


လူတစ်ယောက်မှာ ဖိနပ်၄၊ ၅ရံထက်ပိုပြီး ရှိနေမယ်ဆိုရင်တော့ ဖိနပ်တွေကို သိမ်းဆည်းတဲ့နေရာမှာ အခက်အခဲလေးရှိနိုင်ပါတယ်။ ဒါဆိုရင် ဖိနပ်စင်မှာ စီးနေကျဖိနပ်လေးတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ယူနိုင်တဲ့နေရာမှာ သိမ်းပါ။ စီးနေကျမဟုတ်တဲ့ ဖိနပ်တွေကိုတော့ ဖိနပ်ဘူးထဲဖြစ်ဖြစ်ထည့်ပြီး နောက်ဆုံးမှာထားတာပိုကောင်းပါတယ်။ ဖန်စီဒေါက်ဖိနပ်လေးတွေကို ဖိနပ်စင်ရဲ့ ထိပ်ဆုံးမှာတင်ပြီးသိမ်းပါ။ ဖိနပ်တွေကို သိမ်းတဲ့နေရာမှာလည်း ကြမ်းပြင်မှာသိမ်းမထားတာ အကောင်းဆုံးပါပဲ။ လည်သာ ဖိနပ်တွေကို တောက်ပပြီး အသစ်အတိုင်းထင်မြင်နေအောင် ဗီနီကာသုံးပြီးတိုက်ပေးပါ။

၃။ အိတ်များ



အိတ်တွေကို ကြမ်းပြင်မှာ ဘယ်တော့မှပစ်မထားပါနဲ့။ ကြမ်းပြင်မှ အစိုဓာတ်များ အိတ်ကိုစွဲပြီး အိတ်ပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သိမ်းမယ်ဆိုရင် ချိတ်ချိတ်ထားတာဖြစ်ဖြစ်၊ စင်မှာတင်ထားတာဖြစ်ဖြစ်၊ ဘီရိုထဲထည့်ထားတာဖြစ်ဖြစ် လုပ်ပြီးသိမ်းထားပါ။ နာမည်ကြီးပြီး ဈေးကြီးတဲ့အိတ်တွေဖြစ်တဲ့ လူလုပ်လည်သာအိတ်တွေကို အယ်ကိုဟောမပါတဲ့ ကလေးတာဝါနဲ့ပဲ သုတ်ပေးပါ။ ဈေးကြီးတဲ့သဘာဝလည်သာနဲ့လုပ်ထားတဲ့အိတ်တွေကိုတော့ ခြောက်သွေ့တဲ့စက္ကူတာဝါလေးနဲ့ ဖုန်သုတ်ပေးမယ်ဆိုရင်တော့ ရပါပြီ။ လည်သာတွေအတွက် သပ်သပ်ထုတ်ထားတဲ့ cleanerလေးတွေကိုတော့ အွန်လိုင်းမှာဝယ်လို့ရနေပါပြီ။ အိတ်တွေရဲ့ ကြိုးတွေကို လိမ်ပြီးလွယ်တာဖြစ်ဖြစ် မလုပ်သင့်ပါဘူး။ သူ့မူလရှိတဲ့ ပုံစံလေးအတိုင်း ပုံမပျက်အောင် သိမ်းဆည်းပါ။ အိတ်တွေကို ခြောက်သွေ့ပြီး အေးတယ်လို့ထင်ရတဲ့နေရာမှာ သိမ်းပါ။

Hsu Myat Oo

Comments