ဆယ်ကျော်သက်များအတွက် ၂၀၂၂နှစ် Fashion Trend

 ဆယ်ကျော်သက်များအတွက် ၂၀၂၂နှစ် Fashion Trend

ဒီနေ့တော့ ဆယ်ကျော်သက်တွေအတွက် ဖက်ရှင်လို့ ခေါင်းစဉ်တပ်ထားပေမယ့် မမတွေအတွက်လည်း အဆင်ပြေစေမယ့် စာလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဖက်ရှင်ဆိုတာမျိုးက တစ်နှစ်နဲ့တစ်နှစ်ပြောင်းနေတာဖြစ်သလို ဖက်ရှင်အသစ်အသစ်တွေ ထွက်ရှိလာတာရှိသလို တပတ်ပြန်လည်လာတဲ့ ဖက်ရှင်တွေကလဲ ဖြစ်နေကြပါပဲ။

Sneaker


Sneaker၊ ခြေညှပ်ကြိုးသိုင်းဖိနပ်လေးတွေက ဂါဝန်လှလှလေးတွေနဲ့တွဲယှက်ပြီးဝတ်တဲ့ Trendတစ်ခုကို ပြောင်းလဲလာပါတယ်။ ပြောင်းလဲလာတဲ့ ၂၀၁၂၂ Fashion Trendထဲမှာ Sneakerဖြူဖြူလေးတွေကလည်း ရေပန်းအစားဆုံးဖက်ရှင်တစ်ခုပါပဲနော်။

Oversize Style


ခန္ဓာကိုယ်ကသေးသေးသွယ်သွယ်လေးမို့ ဝယ်လိုက်တိုင်းကကြီးတယ်ထင်နေသေးတာလား။ အဝတ်တွေက ကိုယ်နဲ့မလိုက်ဘူးထင်နေသေးတာလား။ ကဲဒီအမြင်တွေကို ပစ်လိုက်ပါတော့နော်။ ပြောင်းလဲလာတဲ့ဖက်ရှင်ရေစီးကြောင်းထဲမှာ oversize ဆွယ်တာတွေ၊ ဂျက်ကတ်တွေ၊ Hoodieတွေက သင့်ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်တွေကို ဖုံးကွယ်မထားနိုင်ပါဘူးနော်။

Design



အဝတ်အစားဒီဇိုင်းလေးများထဲမှာတော့ ပန်းပွင့်ပုံဖော်ထားတာလေးတွေနဲ့ Geometric (အကွက်ဒီဇိုင်း)လေးတွေက ခေတ်စားလာမှာဖြစ်ပါတယ်။ ဂျင်းဘောင်းဘီမှာဆိုရင် Boyfriend jeanအပြဲလေးတွေ အပြင် ဂျင်းဘောင်းဘီအပြဲလေးတွေကို Over size jeanတွေ၊ Loose Fit Jean, Straight leg jean, Slim fit boyfriend jean, High rise wide leg jean, Low stride jean, Ripped jean, Way high jean, Straight ankle jeanတွေ ပိုခေတ်စားလာပါတယ်။  တခေတ်တခါကခေတ်စားခဲ့တာ ခေါင်းလောင်းပုံစံဂျင်းလေးတွေလဲ ပြန်လည်ခေတ်စားလာတာကို တွေ့ရပါတယ်။ ဂျင်းအင်္ကျီလေးတွေကိုလည်း ကွက်တိလေးတွေထက် oversizeလေးတွေ ပိုခေတ်စားလာပါတယ်။Style Pantတွေကလဲ ဒီနှစ်တွေထဲမှာ ထိပ်ဆုံးပြေးနေတဲ့ စတိုင်ဖြစ်ပြီး ရုံးဖက်ရှင်အတွက်ပြင်မက ထသွားထလာအဖြစ်ပါ ဝတ်ဆင်လာကြပါတယ်။ ကွက်တိကျတဲ့ Style Pantတွေထက် over size pantလေးတွေက သင့်ကိုပိုပြီးအထာကျစေမှာပါ။

Skincare



အရင်အချိန်တွေထက်စာရင် တိုးတက်လာတဲ့ခေတ်ရေစီးကြောင်း ပြောင်းလာတာနဲ့အမျှ ဆယ်ကျော်သက်တွေ အသားအရည်ကို ပိုမိုထိန်းသိမ်းလာတာတွေ့ရပါတယ်။ ကိုးရီးယားအလှအပက ကမ္ဘာကိုလွှမ်းလာတာနဲ့အမျှ ကိုးရီးယားအလှကုန်တွေ ပိုမိုအသုံးပြုလာကြတယ်။ သူတို့ထိန်းသိမ်းနည်းလေးတွေကို ပိုပြီးလေ့လာစောင့်ကြည့်နေကြတယ်။ ဒီနှစ်မှာတော့ ကိုရီးယားနိုင်ငံက ဆယ်ကျော်သက်တွေသာမက အမျိုးသမီးတော်တော်များများက သဘာဝအဆီ Serumsလေးတွေ သုံးလာကြတယ်။ မီးတောင်ကနေရတဲ့ ပြာမှုန့်ကလဲ မျက်နှာပေါင်းတင်ဖို့အတွက် နာမည်ကြီးနေပါတယ်။


Traditional


အခုနှစ်ပိုင်းတွေမှာ ပြည်တွင်းဖြစ်တွေကို ပိုပြီးအားပေးချင်လာကြတယ်။ ရိုးရာချည်ထည်၊ ပိုးထည်တွေကို ခေတ်မှီအောင် ချုပ်ပြီး ထသွားထလာကနေ ပွဲတက်တဲ့ထိ ဝတ်ဆင်လို့ရအောင် ထုတ်လုပ်လာကြတာမို့ ပြည်တွင်းဖြစ် အဝတ်အထည်များကို ပိုပြီးအားပေး ဝတ်ဆင်သင့်ပါတယ်။ တစ်ဖက်ကနေ ကြည့်ရင်လဲ ပြည်တွင်းဖြစ်အဝတ်အထည်များက ပုံမှန်ထက်ဈေးပိုကြီးနေတာကြောင့် ထင်သလောက် အားမပေး၊ မဝတ်ဆင်နိုင်တာတွေလဲ ရှိလာပါတယ်။ ဒါ့ကြောင့် သင့်တင့်တဲ့ဈေးနှှုန်းထားနဲ့ဆို ပြည်တွင်းဖြစ်အထည်များကို ပိုပြီးအားပေးဝတ်ဆင်လာနိုင်မှာဖြစ်ပါတယ်။

Export And Vintage

အခုချိန်ခေတ်စားနေတဲ့ Trendတွေထဲကို ပြောရမယ်ဆိုရင်တော့ Exportအထည်တွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ တစ်ချို့တွေကတော့ Exportထည်နဲ့ Vintageအထည်တွကို ခြားနားပြီးမသိကြသေးတဲ့သူတွေလည်း ရှိနေပါသေးတယ်။ Vintageအထည်ဆိုတာက တခြားနိုင်ငံကအသုံးပြုဝတ်ဆင်ပြီး အထည်များကို  စုဆောင်းပြီး အာရှနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့ရောင်းချပါတယ်။ Vintage Clothing (ဘေထုပ်)များကိုတော့ တစ်နည်းအားဖြင့် Second Hand Clothings (တစ်ပတ်ရစ် အဝတ်အစား)တွေလို့လဲ ခေါ်ကြပါတယ်။

                             

Exportအထည်ဆိုတာကတော့ ကမ္ဘာ့ဈေးကွက်မှာ နာမည်ကြီးပြီးသားအမှတ်တံဆိပ်များကို ဝန်ထမ်း၊ ချုပ်ခဈေးသက်သာတဲ့ မြန်မာနိုင်ငံမှာလာရောက်အပ်နှံချုပ်လုပ်တာဖြစ်ပါတယ်။ ဒီလိုအထည်တွေထဲမှာမှ အထည်အရေအတွက်ပိုနေရင်ဖြစ်ဖြစ်၊ ချုုပ်ရိုးချုပ်သားလိုအပ်ချက်ရှိတဲ့အချိန်တွေဖြစ်ဖြစ်၊ အထည်ဆိုဒ်မှားတပ်မိတဲ့အချိန်မှာဖြစ်ဖြစ် ဒီလိုအထည်တွေကို မယူပဲချန်ထားခဲ့တာမျိုးပါ။ ဒီလိုအထည်တွေကိုတော့ ဈေးသက်သက်သာသာနဲ့ပြည်တွင်းမှာ ပြန်လည်ရောင်းချတာမျိုးဖြစ်တာကြောင့် လတ်တလောလူကြိုက်အများဆုံး Trendတစ်ခုပါပဲ။

Hsu Myat Oo

 

Comments