ဆံသားနဲပတ်သက်တဲ့ပြဿနာလေးတွေ ဟင်းချက်ပစ္စည်းလေးတွေနဲ့ ဖြေရှင်းကြမယ်

 ဆံသားနဲပတ်သက်တဲ့ပြဿနာလေးတွေ ဟင်းချက်ပစ္စည်းလေးတွေနဲ့ ဖြေရှင်းကြမယ်

မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းလေးတွေက မိမိအလှအပအတွက် ဘယ်လောက်တောင် အရေးပါလာလဲ ဆိုတာကို ခုခေတ်ပျိုမေတွေ တော်တေ်ာလေးကို သိလာကြပါပြီ။ အာလူးလေးတွေ သုံးပြီး ပေါင်းတင်ကြတယ်။ ကြက်ဥလေးတွေ သုံးပြီး မျက်နှာကို ကြည်ကြည်လေးတွေဖြစ်အောင် အသုံးချတတ်လာကြတယ်။ ဒီတစ်ခါက်မှာတော့ ဆံသားကျွတ်ခြင်း၊ ပျက်စီးခြင်း စတဲ့ ပြဿနာလေးတွေအတွက် မီးဖိုချောင်သုံးပစ္စည်းလေးတွေ ဖြစ်တဲ့ ကြက်သွန်နီ၊ သစ်ကြံပိုးခေါက်၊ အာလူးလေးတွေက ဆံသားကျန်းမာရေးအတွက် ဘယ်လောက်တောင် အကျိုးကျေးဇူးတွေ ပေးနိုင်လဲ ဆိုတာကို ကြည့်ကြည့်ကြရအောင်။

၁။ ကြက်သွန်နီ

ပါဝင်ပစ္စည်း

ကြက်သွန်နီ

ဝါဂွမ်း

အသုံးပြုနည်း

၁။ ကြက်သွန်နီကို နုပ်နုပ်စင်းပြီး အရည်ညှစ်ထားပါ။ 

၂။ ဂွမ်းကို ကြက်သွန်နီအရည်ထဲကို နှစ်ပြီး ဦးရေပြားကို တိုက်ရိုက်သုတ်လိမ်းပါ။

၃။ မိနစ်၃၀လောက်ထားပြီး ရေအေးနဲ့ဆေးချပါ။ 

၄။ ခေါင်းလျော်ရည်သုံးပြီး လျော်ပေးပါ။

အကျိုးကျေးဇူး


ကြက်သွန်နီက ဘတ်တီးရီးယားသတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့ကြောင့် ဦးရေပြားကို တွယ်ကပ်နေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ Sulfurပါဝင်နှုှုန်းမြင့်တာကြောင့် ဆံသားအမျှင်လေးတွေကြားမှာ သွေးလည်ပတ်မှု အားကောင်းစေပြီး ဆံသားကို သန်မာစေပါတယ်။

၂။ အာလူး


ပါဝင်ပစ္စည်း

အာလူး ၁လုံး

ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း

ရေ လက်ဖက်ရည်ဇွန်း၁ဇွန်း

အသုံးပြုနည်း

၁။ အာလူးကို ဆေးပြီးအခွံတွေ ပြောင်အောင် သင်ထားပေးပါ။ အတုံးသေးသေးလေးတွေ တုံးပြီး ရေနည်းနည်းထည့်ကာ Blenderနဲ့မွှေပေးပါ။ 

၂။ ရလာတဲ့အနှစ်တွေကို အဝတ်စလေးထဲထည့်ပြီးအရည်ညှစ်ပေးပါ။ 

၃။ အာလူးအရည်ထဲကို ပျားရည်နဲ့ရေ ရောထည့်ပြီးသမအောင်မွှေပါ။

၄။ ဦးရေပြားနဲ့ ဆံသားကို နှံ့အောင် လိမ်းပေးပြီး မိနစ်၃၀လောက်ထားပေးပါ။

၅။ ရေဆေးချပြီး ခေါင်းလျော်ရည်သုံးပြီး လျော်ပေးပါ။

အကျိုးကျေးဇူး


အာလူးမှာ ပိုတက်စီယမ်၊ ဗီတာမင် C နှင့် သံဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် ဆံသားကျန်းမာရေးကို အထောက်အကူပေးနိုင်ပါတယ်။ ပိုတက်စီယမ် လိုအပ်နေရင်လဲ ဆံသားတွေ ကျွတ်နိုင်ပါတယ်။ 

၃။ ပျားရည်၊ သံလွင်ဆီနှင့် သစ်ကြံပိုးခေါက်


ပါဝင်ပစ္စည်း

ပျားရည်

သံလွင်ဆီ

သစ်ကြံပိုးခေါက်

အသုံးပြုနည်း

၁။ ပျားရည်၊ သံလွင်ဆီနဲ့ သစ်ကြံပိုးခေါက်တို့ကို သမအောင်ရောပါ။

၂။ ဦးရေပြားနှင့် ဆံသားကို သုတ်လိမ်းပြီး ရေဆေးချပါ။ ခေါင်းလျော်ရည်အသုံးပြုပြီးလဲ လျော်ပေးနိုင်ပါတယ်။ 

တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးပါ။

အကျိုးကျေးဇူး

ဆံသားလေးတွေကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ဦးရေပြားမှ ဗောက်တွေကို သတ်ပေးနိုင်ပြီးတာ့ ဆံသားကိုလည်း ကျန်းမာလာစေပါတယ်။

Hsu Myat Oo


Comments