အသက်၁၄နှစ်အရွယ် မိန်းကလေးတွေရဲ့ လေးပုံတစ်ပုံလောက်က စိတ်ဓာတ်ကျခြင်း ဝေဒနာကို ခံစားနေရခြင်း

 အသက်၁၄နှစ်အရွယ် မိန်းကလေးတွေရဲ့ လေးပုံတစ်ပုံလောက်က စိတ်ဓာတ်ကျခြင်း ဝေဒနာကို ခံစားနေရခြင်း

ဆယ်ကျော်သက်မိန်းကလေး (၄)ယောက်မှာ (၁)ယောက်က စိတ်ကျဝေဒနာခံစားနေရတယ်လို့ ကျွမ်းကျင်သူများက စိုးရိမ်ဖွယ်လေ့လာ တွေ့ချက်တွေအရ သိရပါတယ်။ လန်ဒန်တက္ကသိုလ်နဲ့ လစ်ပါဘူးတက္ကသိုလ်များရဲ့ သုတေသနပြုသူများရဲ့ လေ့လာမှုတွေအရ အသက်၁၄နှစ်အရွယ် မိန်းကလေး (၂၄%)လောက်နှင့် အသက်၁၄နှစ်အရွယ် ယောက်ျားလေး (၉%)လောက်က စိတ်ဓာတ်ကျခြင်း ဝေဒနာကို ခံစားနေရတယ်လို့ သိရပါတယ်။ 

လေ့လာသူတွေက ဆယ်ကျော်သက်တွေရဲ့ မိမိကိုယ်ကို စိတ်တိုင်းမကျ၊ အပြစ်တင်စိတ်ကြောင့် ဖြစ်လာတဲ့ စိတ်ဓာတ်ကျရောဂါနှင့် မိဘတွေနှင့်မိမိတို့သဘောထားခြင်း မတိုက်ဆိုင်ခြင်းကြောင့် ဖြစ်လာတဲ့ စိတ်ဓာတ်ကျရောဂါတို့ရဲ့ ခြားနားချက်တွေကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စိတ်ဓာတ်ကျခြင်း ဝေဒနာအဆင့်တွေရဲ့ ပမာဏတွေနဲ့ပတ်သက်ပြီး မိဘတွေသိရှိရဲ့လားဆိုတာကို မေးမြန်းခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ၊ ၂၀၀၀/၂၀၀၁ခုနှစ်တွင် မွေးဖွားတဲ့ကလေးငယ် ၁၀၀၀၀ကို လေ့လာစမ်းသပ်ချက်တွေကြောင့် မိဘတွေက အသက်၃နှစ်၊ ၅နှစ်၊ ၇နှစ်၊ ၁၁နှစ်နဲ့ ၁၄နှစ်အရွယ်ရှိတဲ့ မိမိတို့ရဲ့ငယ်ရွယ်တဲ့ကလေးတွေ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြပါတယ်။ 


အသက်၁၄နှစ်အရွယ် စစ်ဆေးမေးမြန်းခံရတဲ့ ကလေးငယ်တွေက စိတ်ကျန်းမာရေးအခက်အခဲများနှင့် ပတ်သက်ပြီး ကိုယ်တိုင်မေးခွန်းတွေ ထုတ်လာကြပါတယ်။ လေ့လာချက်တွေအရမှာတော့ ယောကျ်ားလေးရော၊ မိန်းကလေးမှာပါ ကလေးငယ်ဘဝတည်းက ကြီးကောင်ပေါက်အရွယ်ရောက်တဲ့ထိကို စိတ်ပိုင်းဆိုင်ရာ ပြဿနာကိုခံစားတဲ့အဆင့်တွေက တူညီလုနီးပါးရှိပေမယ့် မိန်းကလေးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေက မိမိတို့အပေါ်မိဘတွေရဲ့ သဘောထားမတူခြင်းတွေကြောင့်လို့ ဖြစ်လာတာပါလို့ ဆယ်ကျော်သက်တွေက ရင်ဖွင့်ထားပါတယ်။ 

ယောကျာ်းလေးတော်တော်များများနှင့် မိန်းကလေး အနည်းငယ်တို့ရဲ့ မိဘတွေကပဲ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး သိနားလည်ပေမယ့် တစ်ချို့မိဘတွေကတော့ သူတို့သမီးရဲ့ စိတ်ဓာတ်ကျခြင်း ဝေဒနာတွေနဲ့ ပတ်သက်ပြီး သိရှိထားခြင်းမရှိကြဘူးဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ အသက်အရွယ် ပေါင်းစုံမှာရှိတဲ့ ယောက်ျားလေးများက မိန်းကလေးများထက် အပြုအမူပိုင်းဆိုင်ရာ ပြဿနာက ပိုကြီးတာကိုလည်း တွေ့ရှိထားပါတယ်။ နောက်ထပ်လေ့လာချက်တွေအရ ၂၁ရာစုခေတ် မိန်းကလေးများက အရင်ခေတ်မိန်းကလေးများထက် စိတ်ဓာတ်ကျခြင်း ဝေဒနာများကို ပိုမိုခံစားနေရပြီး စိတ်ဓာတ်ကျခြင်း ဝေဒနာခံစားရသူ ဦးရေမှာ ဆိုးရိမ်ဖွယ်ရာ ဖြစ်လောက်အောင် မြင့်တက်နေကြောင်း သိရပါတယ်။ 


“အမေရိကန်မှာရှိ ထောင်ချီတဲ့ကလေးငယ်တွေကို လေ့လာချက်တွေအရ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှု အဆင့်တွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အထောက်အထားများကို ရရှိထားပါတယ်”လို့ လေ့လာနေသူတစ်ဦးက ဆိုပါတယ်။ အသက်၁၄နှစ်အရွယ်မိန်းကလေးရဲ့ လေးပုံတစ်ပုံက စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်တဲ့ လက္ခဏာများကို ပြသလာပြီး အခုချိန်က ဒီပြဿနာများက အရေးကြီးတဲ့အချိန်ကို ရောက်လာပါပြီ။ မိဘတွေက မိမိတို့သမီးမိန်းကလေးရဲ့ စိတ်ဓာတ်ကျခြင်း ဝေဒနာနဲ့ပတ်သက်ပြီး အထင်မြင်သေး ဂရုမစိုက်ခြင်းတွေကလည်း စိုးရိမ်စရာတွေဖြစ်လာပါပြီ။ ပြောင်းပြန်အနေနဲ့ ယောကျာ်းလေးတွေရဲ့ စိတ်ဓာတ်ကျခြင်း ဝေဒနာများကိုတော့ မိဘတွေကရိပ်မိကြပါတယ်။ စောစီးစွာဘာဖြစ်တယ်ဆိုတာကို သိရဖို့အတွက်နဲ့ ကျွမ်းကျင်သူတွေရဲ့ အကူအညီရဖို့အတွက် ကလေးတွေနှင့် မိဘတွေရဲ့ စကားသံတွေကို ကြားနိုင်သမျှ ကြားလာရအောင် လုပ်ပေးနိုင်ဖို့က အရမ်းကို အရေးကြီးပါတယ်။ 


ကျောင်းနဲ့ပတ်သက်တဲ့ ဖိအားတွေ၊ ခန္ဓာကိုယ်သွင်ပြင်နဲ့ ပတ်သက်ပြီး အပြစ်တင်ချက်တွေ၊ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်တဲ့ တိုက်ခိုက်တာတွေနှင့် ဖိအားများကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ မျက်နှာပေါ်မှာ အမျိုးမျိုးသောဖိအားတွေရဲ့ ဒဏ်ခံနေရတာကို မြင်တေ့ွနေရပါတယ်။ ဆွေမျိုးသားချင်းတွေ သေဆုံးခြင်းကြောင့် ပူဆွေးသောကရောက်ခြင်းများ၊ မိသားစုတွင်း အကြမ်းဖက်ခံရမှုတွေ (သို့) ပစ်ပယ်ထားခံရမှုတွေ၊ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရမှုတွေ စတဲ့ခက်ခဲမှုတွေကို နှစ်တော်တော်ကြာ ငယ်စဉ်ကတည်းက ခံစားလာရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ရုံးထွက်ဖို့ကြိုးစားတဲ့အချိန်မှာ ပြဿနာတွေက ပိုဆိုးရွားလာခဲ့မယ် ဆိုရင်တော့ ဆယ်ကျော်သက်ကလေးတွေက အခက်အခဲတွေကနေ လမ်းမှန်ကိုရောက်ဖို့ တော်တော်ကိုခက်ခဲ သွားပါလိမ့်မယ်။ 

လူ့အဖွဲ့အစည်းအနေနဲ့လဲ ပထမဦးဆုံးအနေနဲ့ စိတ်ကျန်းမာရေး ပြဿနာများကို ဖြေရှင်းဖို့ ပိုမိုလိုအပ်လာပါတယ်။ ပညာရေးမှာလဲ ပညာရေးစနစ်ကို ပြန်လည်မျှတလာရန်အတွက် ကျောင်းတွေမှာ စာမေးပွဲရလဒ်များကို ကြည့်တယ်ဆိုတာထက် ဘဝကိုကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နေဖို့ အတွက်ကိုလည်း ဦးစားပေး စဉ်စားပေးရမှာဖြစ်ပါတယ်။ 


ဆယ်ကျော်သက်လူငယ်တွေမှာ ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေက ဆိုးရိမ်စရာအခြေအနေ ကိုရောက်လို့နေပါပြီ။ အများစုသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေက တည်ငြိမ်နေတဲ့အချိန်မှာ ဆယ်ကျော်သက်တွေရဲ့ စိုးရိမ်မှုနဲ့ စိတ်ဓာတ်ကျမှုအဆင့်တွေက ၂၀၁၀ကတည်းက မြင့်တက်လာပါတယ်။ 


ဆယ်ကျော်သက်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာမျာကို လစ်လျူရှုထားတာကြောင့် ကလေးငယ်နဲ့ ဆယ်ကျော်တို့ရဲ့ စိတ်ပိုင်းဆိုရာ ပြဿနာများနဲ့သက်ဆိုင်တဲ့ စာများက လွန်ခဲ့တဲ့လေးနှစ်အတွင်း ၇%အထိ လျော့ကျသွားပါတယ်။ ဒီပြဿနာကို ချက်ချင်းဖြေရှင်းပေးဖို့ လိုအပ်နေပြီး တက်သစ်စ ဆရာဝန်များကိုလည်း စိတ်ပိုင်းဆိုင်ရာ ကုသမှုများကို ပိုလုပ်ဆောင်လာရန် အားပေးရမှာဖြစ်ပါတယ်။

Author -- Hsu Myat





Comments