Korean Street sandwich

Korean Street sandwich 


နာမည်တွေ မကြီးခင်တည်းက သွပ်ပြားလုပ်ပြထားတယ်နော် 🤪🤪🤪🤪🤪🤪🤪............

.ကိုယ်တိုင်လုပ်စားကြည့်ချင်သူများအတွက် လုပ်နည်းလေးလက်လှမ်းမှီသလောက် လုပ်ပြထားပါတယ်.................😉😉😉😉😉😉

🥪🥪🥪🥪🥪🥪🥪🥪

ပါဝင်ပစ္စည်းများ

ကြက်ဥ - ၃ လုံး

ပေါင်မုန့် - ၄ ချပ်

ဂေါ်ဖီထုပ် - အနည်းငယ်

မုန်လာဥ - ၁ ဥ

ကြက်သွန်မြိတ် - အနည်းငယ်

ဝက်သားပြား၊ ကြက်သားပြား - ၂ ပြား

ချိစ်ပြား - ၂ ပြား

ဆား၊ ငရုတ်ကောင်း - အနည်းငယ်



ပြုလုပ်နည်း

၁ မီးဖိုပေါ်မှာ မကပ်တဲ့ဒယ်အိုးတင်ပြီး ထောပတ်ထည့်၍ အနှံ့သုတ်ပါ။ ပေါင်မုန့်များကို ဒယ်အိုးပေါ်တင်ပြီး ကင်ပေးပါ။ ကြက်ဥကို ဆား၊ ငရုတ်ကောင်းထည့်ပြီး ခေါက်ထားပါ။ မုန်လာဥကို အခွံနွှာထားပါ။ မုန်လာဥ၊ ကြက်သွန်မြိတ်နှင့် ဂေါ်ဖီထုပ်တို့ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားကာ ရေစိမ်ထားပါ။ ဝက်သားပြားများကို ကြော်ထားပါ။

၂။ ကြက်ဥခေါက်ထားတဲ့အထဲ ခြစ်ထားတဲ့ မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် ကြက်သွန်မြိတ်တို့ကို ရောထားပါ။ မကပ်တဲ့ဒယ်အိုးကို ဆီထည့်ပြီး ကြက်ဥအရောကို ထည့်ကြော်ပါ။ ကြက်ဥကြော်ရပြီဆိုလျှင် ဆန်းဒွစ်ပြင်လို့ ရပါပြီ။

၃။ ပေါင်မုန့်ပေါ်မှာ ကြက်ဥကြော်၊ ဝက်သားပြား၊ ချိစ်၊ ပေါင်မုန့်တို့ကို အစဉ်လိုက်တင်ပြီး သုံးဆောင်နိုင်ပါပြီ။


Hsu Myat Oo

Comments